နိုင်ငံရေး

အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါ ပူးပေါင်းပြီး စစ်အုပ်စုနဲ့ ဆက်နွှယ်နေသူတွေကို ထပ်တိုး ဒဏ်ခတ်

အကြမ်းဖက် စစ်အာဏာရှင်တွေနဲ့ အပေါင်းအပါတွေကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန် ပြည်ထောင်စုက လူငါးဦးနဲ့ လုပ်ငန်း/အဖွဲ့အစည်း ငါးခုကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ယမန်နေ့က ထုတ်ပြန်ပါတယ်။ အောင်လှိုင်ဦး၊ နိုင်ထွဋ်အောင်၊ စစ်တိုင်းအောင်၊ ဇော်ဟိန်းနဲ့ ကိုကိုဦးတို့ကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး နိုင်ငံတကာအနေနဲ့ ထိရောက်စွာပံ့ပိုးပေးဖို့ သံအမတ်ကြီး မေတ္တာရပ်ခံ

စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် မြန်မာပြည်သူတွေရဲ့ ကြိုးပမ်းနေမှုကိုနိုင်ငံတကာအသိုက်အဝန်း အနေနဲ့ အချိန်နဲ့တစ်ပြေးညီ ထိရောက်စွာ ပံ့ပိုးကူညီပေးဖို့ ကုလသံအမတ်ကြီးဦးကျော်မိုးထွန်းက မေတ္တာရပ်ခံလိုက်ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ၂၀၂၂ ခုနှစ်၊ မတ်လ (၂၄) ရက်နေ့ကကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဆိုးရွားနေတဲ့ မြန်မာ့လူ့အခွင့်အရေး ဒိန်းမတ်ဝန်ကြီးနဲ့ ကုလအထူးသံတမန် ဆွေးနွေ

မြန်မာ့အရေး ဖြေရှင်းရေးနဲ့ ပတ်သက်ပြီး ဒိန်းမတ်ဝန်ကြီးနဲ့ ကုလသမဂ္ဂ အထူးသံတမန်တို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး အခြေအနေ ဆိုးရွားလာမှုနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေကို ဒိန်းမတ်နိုင်ငံနဲ့ ကုလသမဂ္ဂ အတူတကွ ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြန်မာ့အရေး ရှုပ်ထွေးပြီး ရေရှည်ဖြေရှင်းရမယ့် ပြဿနာလို့ အာဆီယံ အထူးသံပြော

မြန်မာနိုင်ငံအရေးကို လက်ရှိအာဆီယံဥက္ကဋ္ဌ သက်တမ်းအတွင်း ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ အာဆီယံအထူးသံတမန် ပရတ်ဆွန်ခွန်းက ပြောပါတယ်။၃ ရက်ကြာ မြန်မာခရီးစဉ်အပြီး မတ်လ ၂၃ ရက်နေ့၊ ဖနွမ်းပင်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက အဲဒီလိုပြောကြားခဲ့ပါတယ်။မြန်မာနိုင်ငံအရေးဟာ ရှုပ်ထွေးပြီး ရေရှည်ဖြေရှင်းရမယ့်ပြဿနာ ဖြစ်တာကြောင့် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နိုင်ငံခြားကုန်သွယ်မှုဘဏ်ဝန်ထမ်း ၂၀၀ကျော်ကို အမည်ပျက်စာရင်းသွင်း ပြီးထုတ်ပယ်

အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်ဝန်ထမ်း ၂၀၀ကျော်ကို အမည်ပျက် စာရင်းသွင်းကာ ဝန်ထမ်းအဖြစ်ကနေထုတ်ပယ်လိုက်တယ်လို့ NUGအစိုးရက ဒီကနေ့ထုတ်ပြန်ပါတယ်။ ဝန်ထမ်းအဖြစ်ထုတ်ပယ်ခံရတဲ့သူတွေအထဲမှာ ဒုတိယအထွေထွေမန်နေဂျာကစပြီး သန့်ရှင်းရေး၊လုံခြုံရေး၊ ယာဉ်မောင်းနဲ့ရုံးအကူထိ ပါဝင်ကြောင်း NUGအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ဒီ ကနေ့ထုတ်ပြန်ချက်မှာတွေ့ရပါတယ်။ သူတို့ဟာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဖမ်းဆီးခံ မြန်မာလွှတ်တော် ကိုယ်စားလှယ်တွေအရေး နိုင်ငံတကာ ပါလီမန်အမတ်တွေ ဆွေးနွေး

ဖမ်းဆီးခံ မြန်မာလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပတ်သက်တဲ့ဆွေးနွေးပွဲကို လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (APHR) က Jailed For Being Elected ခေါင်းစဉ်နဲ့ ကျင်းပခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမှာ ကျင်းပနေတဲ့ နိုင်ငံတကာပါလီမန်များ ညီလာခံ (IPU) ရဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒေါ်စုစုလွင်ရဲ့ ကျန်းမာရေးအရ အာဆီယံ အထူးသံနဲ့ တွေ့ဆုံမယ့် အစီအစဉ်ပျက်

သမ္မတဟောင်း ဦးထင်ကျော်ရဲ့ဇနီး ဒေါ်စုစုလွင်ရဲ့ ကျန်းမာရေး အခြေအနေကြောင့် အာဆီယံအထူးသံတမန်နဲ့ တွေ့ဆုံမယ့်အစီအစဉ် ပျက်သွားတယ်လို့ သိရပါတယ်။ အာဆီယံ အထူးသံတမန်၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရတ်ဆွန်ခွန်းနဲ့ ဒေါ်စုစုလွင်တို့ မတ်လ ၂၁ ရက်နေ့မှာ တွေ့ဖို့စီစဉ်ထားပေမဲ့ ဒေါ်စုစုလွင်ရဲ့ကျန်းမာရေးအရ မတွေ့ဖြစ်တော့တာလို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်အုပ်စုကို တိုက်တွန်းဖို့ ၄ ချက် အာဆီယံအထူးသံကို ပြည်သူ့ပါတီ တင်ပြ

အာဆီယံ အထူးသံတမန်အနေနဲ့ စစ်အုပ်စုကို အကြံပြုတိုက်တွန်းဖို့ အချက် ၄ ချက်ကို တင်ပြခဲ့ကြောင်း ပြည်သူ့ပါတီက ထုတ်ပြန်ပါတယ်။ ဒီနေ့မနက် ၁၁ နာရီက ရန်ကုန်မြို့ရှိ LOTTE Hotel မှာ အာဆီယံ အထူးသံတမန်၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြန်မာ့အရေး ယူကရိန်း ပြဿနာလို ပြင်းထန်တဲ့ ဒဏ်ခတ်မှုတွေ လုပ်ဆောင်သင့်

ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ပြင်းထန်တဲ့ဒဏ်ခတ်မှုတွေ ချက်ချင်းလုပ်သလို မြန်မာ့အရေးကိုလည်း လုပ်ဆောင်သင့်တယ်လို့ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောပါတယ်။ မတ်လ ၂၁ ရက်နေ့၊ ဂျီနီဗာမှာ ကုလလူ့အခွင့်အရေးကောင်စီထံ တင်သွင်းတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ အစီရင်ခံစာမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြန်မာနိုင်ငံဟာ ဆိုးရွားလှတဲ့ ဖရိုဖရဲ အခြေအနေကို ဆိုက်ရောက်နေပြီလို့ လူ့အခွင့်အရေး မဟာမင်းကြီးပြေ

မြန်မာနိုင်ငံဟာ ဆိုးရွားလှတဲ့ ဖရိုဖရဲ အခြေအနေကို ဆိုက်ရောက်နေပြီလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က သတိပေးလိုက်ပါတယ်။ မတ်လ ၂၁ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီထံ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက [ဆက်လက်ဖတ်ရှုရန်]