ရွေးချယ်ထားတဲ့ တက်ကြွလှုပ်ရှားသူတွေကို ဆက်လက်ထောက်ပံ့မယ်

ရွေးချယ်ထားတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ တွေကို ဇူလိုင်နှင့် စက်တင်ဘာလအတွင်း ဆက်လက်ထောက်ပံ့ပေးသွားမယ်လို့ New Myanmar Foundation ကထုတ်ပြန်ပါတယ်။
New Myanmar Foundation ရဲ့ ရန်ပုံငွေ ထောက်ပံ့မှုအစီအစဉ်ကို ဧပြီလအတွင်း စတင်ခဲ့ပြီး မြန်မာနိုင်ငံအတွင်းတိုင်းနှင့်ပြည်နယ် အသီးသီးက ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ အယောက် ၂၀၀ ကို ရွေးချယ်ခဲ့ပြီး ဖြစ်ပါတယ်။
မေလနဲ့ဇွန်လအတွင်း ပထမ အသုတ်ထောက်ပံ့မှုအဖြစ် ရန်ကုန်တိုင်း၊မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့က ရွေးချယ်ခံထားရသူ ၇၀ ကို ထောက်ပံ့ငွေ၊ ဒစ်ဂျစ်တယ်လုံခြုံရေး သင်တန်းနဲ့ စိတ်ဓာတ်မြှင့်တင်ရေးသင်တန်းတွေ ကို ပြုလုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။