နိုင်ငံရေး

ထီးလင်းမှာ စစ်ကောင်စီက တနှစ်အတွင်း ကျေးရွာဆယ့်တရွာကိုမီးရှို့ပြီး လူနှစ်ဆယ်သတ်ဖြတ်

မကွေးတိုင်း၊ယောဒေသထီးလင်းမြို့နယ်မှာ စစ်ကောင်စီက တနှစ်အတွင်း ကျေးရွာ၁၁ ရွာက နေအိမ် (၁၃၈) လုံးကိုမီးရှို့ပြီး လူနှစ်ဆယ်ကိုသတ်ဖြတ်ခဲ့တယ်လို့ ထီးလင်းအခြေစိုက် ယောတော်လှန်ရေးတပ်(YRA) ရဲ့မှတ်တမ်းတွေအရသိရပါတယ်။ “ပြည်သူနှစ်ဆယ်သတ်ဖြတ်ခံရတာက ကျွန်တော်တို့နယ်စာရင်း၊ မြို့ပေါ်ကဟာ(အချက်အလက်) တွေ မပါသေးဘူး၊မြို့ပေါ်စစ်ကြောရေးမှာသေတာ ကျွန်တော်တို့သိသလောက် ခုနစ်ယောက်လော​က် ရှိတယ်” [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အကြမ်းဖက် စစ်တပ်က အိမ်ခြေတထောင်ဝန်းကျင်ရှိ ခင်ဦးအလယ်လျှိုရွာကို ရွာလုံးကျွတ်နီးပါးမီးရှို့

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က အလယ်လျှိုကျေးရွာကို အင်အာရာဂဏန်းဝန်းကျင်ပါ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းက စစ်ကြောင်းထိုးပြီး မီးရှို့ခဲ့လို့ အိမ်ခြေတထောင်ဝန်းကျင်ရှိတဲ့အဲ့ဒီရွာကဘုန်းကြီးကျောင်းနဲ့စာ ကြည့်တိုက်တွေအပါအဝင်  ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျသွားတယ်လို့ ဒေသခံတွေနဲ့တော်လှန်ရေး အင်အားစုတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ နောက်ဆုံးပတ်ကတည်းက အလယ်လျှိုရွာထဲ စီးနင်းဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နိုင်ငံကူးလက်မှတ်ထုတ်ပေးမှု ရက်အကန့်အသတ်မရှိ ယာယီပိတ်

ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်က မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ရုံးချုပ်အပါအဝင် နိုင်ငံတဝှမ်းက နိုင်ငံကူးလက်မှတ်ထုတ်ပေးရုံးတွေကို ဒီကနေ့ ဇန်နဝါ ရီ(၂)ရက်ကစလို့ပိတ်ထားလိုက်ပြီး နိုင်ငံကူး လက်မှတ် ထုတ်ပေးမှုကိုလည်း ရက်အကန့်အသတ်မရှိယာယီ ပိတ်ထားလိုက်တယ်လို့ နိုင်ငံကူးလက်မှတ်သွားရောက်လုပ်ကိုင်သူတွေ၊ ရုံးဝန်ထမ်းတွေနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ “ရုံးတွင်းမှာစာလည်းထုတ်ထားတယ်၊ယာယီပိတ်မယ်ဆိုတာကိုလည်း ကြေညာထားပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ယူဂန္ဓာမှာ နှစ်သစ်ကူး မီးရှုးမီးပန်း ပစ်ဖောက်မှုတွေ တိုးဝှေ့ကြည့်ရှုရာက လူနင်းမိပြီး ကိုးဦးသေ

နှစ်သစ်ကူးညမှာ ပစ်ဖောက်တဲ့ မီးရှူးမီးပန်းတွေကို တိုးဝှေ့ ကြည့်ရှုကြရာက အချင်းချင်း တက်နင်းမိတာကြောင့် ယူဂန္ဓာ နိုင်ငံမှာ လူ ၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။ နှစ်သစ်ကူးညက ယူဂန္ဓာရဲ့ မြို့တော် ကမ်ပါလာမှာ ၂၀၂၃ ခုနှစ်ကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မန္တလေးမှာ PDF အဖွဲ့ဝင် ဆယ့်ခြောက်ဦးကို ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီကြေညာ

မန္တလေးမြို့မှာ ဒေသကာကွယ်ရေး ပျောက်ကြားအဖွဲ့ ( PDF ) ၁၆ ဦးကို လက်နက်တွေနဲ့အတူ ဖမ်းဆီးရမီခဲ့တယ်လို့ စစ်ကောင်စီက မနေ့ဇန်နဝါရီ ၁ရက်နေ့ညပိုင်းမှာ စစ်တပ်ထိန်းချုပ်ထားတဲ့ မီဒီယာတွေကနေကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ စတင်ပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တပ်ကမီးရှို့ထားတဲ့ ညောင်ကားယားရွာကို ထပ်ပြီးစစ်ကြောင်းထိုးလို့ ဒေသခံတထောင်ကျော်ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲက ညောင်ကားယားကျေးရွာကို နှစ်သစ်ကူးညဒီဇင်ဘာ ၃၁ရက်မှာ စစ်ကောင်စီတပ်တွေ လက်နက်ကြီးနဲ့ ပစ်ခတ်ပြီးစီးနင်းဝင်ရောက်ခဲ့တာကြောင့် ဒေသခံထောင်ချီဘေးလွတ်ရာပြေးနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ညောင်ကားယားကျေးရွာဟာဆိုရင် ပြီးခဲ့တဲ့ ၂၀၂၂ အောက်တိုဘာလထဲမှာ စစ်တပ်က ၂ရက်ဆက်တိုက်မီးရှို့ခဲ့သလို ဒီဇင်ဘာလထဲမှာလည်း စစ်ကြောင်းထိုးပစ်ခတ်မှုတွေကြောင့်အကြိမ်ကြိမ်ထွက်ပြေးတိမ်းရှောင်ရတဲ့ရွာဖြစ်ပြီး မနေ့ကနှစ်သစ်ကူးညမှာလည်းစစ်တပ်အင်အား ၁၀၀လောက်နဲ့စစ်ကြောင်းထိုးလာတာလို့ဆိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အာဏာသိမ်းပြီးနောက် ကရင်နီမှာ အရပ်သားပြည်သူ သုံးရာနီးပါးသေဆုံး

ပြည်တွင်းမှာအာဏာသိမ်းပြီးနောက်ပိုင်း ကယား(ကရင်နီ)ပြည်နယ်ထဲမှာ အရပ်သားပြည်သူ ၃၀၀ နီးပါးသေဆုံးခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF က ဒီကနေ့ ဇန်နဝါရီ ၁ရက်နေ့မှာထုတ်ပြန်လာပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း၂၀၂၁ မေလကတည်းက စစ်ကောင်စီနဲ့ကရင်နီကာကွယ်ရေးတပ်တွေကြားတိုက်ပွဲတွေပြင်းထန်နေတဲ့ကယားပြည်နယ်ထဲမှာတော့ တိုက်ပွဲမရှိပဲ စစ်ကောင်စီတပ်တွေဘက်ကကျေးရွာတွေဘက်ကိုလက်နက်ကြီးနဲ့ပစ်ခတ်တာတွေ၊ စစ်ကြောင်းထိုးနေချိန်ဖမ်းဆီးသတ်ဖြတ်ခံရတာတွေရှိသလို မြေမြုပ်မိုင်းကြောင့် အရပ်သားတွေလည်းသေဆုံးရတယ်လို့ဆိုပါတယ်။ “အဓိက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဘူးသီးတောင်မြို့နယ်မှာ တောဆင်ရိုင်းနင်းခံရလို့ ဆယ်တန်းကျောင်းသားတဦး သေဆုံး

ဘူးသီးတောင်မြို့နယ် အထက်ပိုင်း စံညင်းဝေကျေးရွာမှာ ရိတ်သိမ်းထားတဲ့စပါးပုံကို စောင့်အိပ်နေတဲ့ ဆယ်တန်းကျောင်း သားတစ်ဦး တောဆင်ရိုင်းနင်းခံရလို့ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စပါးတွေကို ဆင်တွေ လာစားမှာစိုးလို့ ဒီဇင်ဘာလ ၃၁ ရက်ညမှာ ညအိမ်စောင့်နေချိန် ဆင်နင်းခံရတာ ဖြစ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တော်လှန်ရေးအင်အားစုတွေ စုစည်းညီညွတ်မှုရှိဖို့ အရေးတကြီးလိုအပ်ကြောင်း NUG၊NUCC နဲ့ Eros ခေါင်း ဆောင်တွေတိုက်တွန်း

အကြမ်းဖက်စစ်အုပ်စုကို တော်လှန်တိုက်ခိုက်ရာမှာ စုစည်းညီညွတ်မှုရှိရှိနဲ့ လက်တွဲပူးပေါင်း ဆောင်ရွက်သွားကြဖို့ အမျိုးသားညီညွတ်ရေး အစိုးရ(NUG)၊အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နဲ့ တိုင်းရင်းသား လက် နက်ကိုင် ခေါင်းဆောင်တွေက တိုက်တွန်းလိုက်ပါတယ်။ ၂၀၂၃ခုနှစ်အတွက် နှစ်သစ်မိန့်ခွန်းတွေ၊ ထုတ်ပြန်ချက်တွေကို အဲ့ဒီအဖွဲ့အစည်းတွေက မနေ့က ထုတ်ပြန်ခဲ့ပြီး  စစ် အုပ်စုကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ခင်ဦးအလယ်လျိုရွာမှာ စစ်တပ်စစ်ကြောင်းထိုးချိန် ဒေသခံဆယ်ဦးထက်မနည်းသတ်ဖြတ်ခံထားရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက အလယ်လျိုကျေးရွာကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ရက်နေ့ကစပြီးဒီကနေ့ ဒီဇင်ဘာ ၁ရက်နေ့အထိစစ်ကြောင်းထိုးနေပြီး  ရွာသား၁၀ဦးထက်မနည်းကိုစစ်ကောင်စီတပ်တွေက ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ အလယ်လျိူရွာကိုစစ်တပ်စစ်ကြောင်းစဝင်ချိန်မှာ ဒေသခံအယောက် ၂၀လောက်ကိုပစ်ခတ်ဖမ်းဆီးခဲ့ပြီး ဒီကနေ့စစ်ကြောင်းထွက်ချိန်မှာ မီးရှို့ခံထားရတဲ့အလောင်းတချို့တွေ့ရတာဖြစ်တယ်လို့ဆိုပါတယ်။ “အခုဆိုရင် ခန့်မှန်းကတော့ ၁၀ ဦးတော့ [ဆက်လက်ဖတ်ရှုရန်]