စစ်ဦးစီးချုပ်ပါ သုံးဦး လုပ်ကြံခံရမှုULA/AA လက်ချက်လို့ ALP စွပ်စွဲ

စစ်တွေမြို့မှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ခိုင်စိုးမြနဲ့ တပ်မှူး နှစ်ဦးလုပ်ကြံခံရပြီးသေဆုံးတာဟာရခိုင်အမျိုးသားအဖွဲ့ချုပ်/ရခိုင့်တပ်တော်(ULA/AA)ရဲ့လက်ချက်ဖြစ်တယ်လို့ ALP က ဒီကနေ့ ဒီဇင်ဘာ ၅ ရက်မှာ ထုတ် ပြန်စွပ်စွဲလိုက်ပါတယ်။

ALP စစ်ဦးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြ၊ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးခိုင်ကျော်စိုးနဲ့ ဗိုလ်ကြီးခိုင်သူရိန္ဒတို့ သုံးဦးဟာ မနေ့က ဒီဇင်ဘာ၄ ရက်မှာ စစ်ကောင် စီက ကျင်းပတဲ့ လွတ်လပ်ရေးနေ့အခမ်းအနားက အပြန် စစ်တွေမြို့ စက်ရုံစု ရပ်ကွက်မှာ ပစ်ခတ် သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။

အဲဒီလိုသတ်ဖြတ်တာဟာ ULA/AA အနေနဲ့ ရခိုင်အ မျိုးသားအချင်းချင်းကြား လူသားမဆန်အ ကြမ်း ဖက်လုပ်ကြံခြင်းဖြစ်ပြီးရခိုင်တစ်မျိုးသားလုံးစည်းလုံးညီညွှတ်ရေးကို ထိခိုက်ပျက်စီးစေ သည်သာ မက ရခိုင်ပြည်သူတွေကိုပါ တုန်လှုပ်ချောက်ခြား စေတဲ့အတွက်ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချတယ်လို့ ALP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

ULA/AA ဟာ ALP/ALA ကခေါင်းဆောင်တွေ၊ ပါတီဝင်တွေနဲ့ တပ်ဖွဲ့ဝင်တွေကိုဖမ်းဆီးနှိပ်စက်တာ၊ လုပ်ကြံသတ် ဖြတ်တာတွေကို လုပ်နေရုံသာမက ရ ခိုင်နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေ၊ ပါတီ ဝင်တွေ၊ အပြစ်မဲ့ရဟန်းသံဃာတွေနဲ့ ပြည်သူတွေကိုပါမချန် ဥပဒေမဲ့ဖမ်းဆီးနှိပ်စက်တာတွေ၊ လုပ် ကြံသတ်ဖြတ်တာတွေကို ဆက်တိုက် ပြုလုပ်နေခြင်းအတွက် တရားမျှတမှုရရှိအောင် ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

အဲဒီလို ALP ပါတီရဲ့ ထုတ်ပြန်ချက်မှာ ပြော ထား ဆိုတဲ့အချက်တွေနဲ့ ပက်သက်လို့ မေးမြန်းဖို့ ULA/AA ပြောခွင့်ရ ဦးခိုင်သုခကို ဖုန်းနဲ့ ဆက်သွယ် ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိသေးပါဘူး။

အရင်တုန်းကတော့ ALP ရဲ့ စွပ်စွဲ ချက်တွေနဲ့ ပက်သက်ပြီး အခြေအမြစ်မရှိတဲ့ စွပ်စွဲချက် တွေ သာဖြစ် ကြောင်း ULA/AA ဘက်က ပြောဆို ထားဖူးပါတယ်။

အခု စစ်တွေမြို့မှာ သတ်ဖြတ်ခံခဲ့ရတဲ့ ALP/ALA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြဟာ ရခိုင်ပြည်လွတ် မြောက်ရေး အတွက် ၁၉၈၄-ခုနှစ်ကစပြီး နှစ်ပေါင်း (၄၀)လောက် ပါတီနဲ့တပ်မတော်မှာ တာဝန်ထမ်း ဆောင်လာခဲ့ပြီး မဟာမိတ် ကရင်ပြည်နယ်နဲ့ အနောက်ဖက်စစ်ဒေသ(ရခိုင်ပြည်)တို့မှာ ပေးအပ်တဲ့ တာဝန်အဆင့်ဆင့်ကို ကျေပြွန်စွာ ထမ်း ဆောင်ခဲ့တဲ့ စစ်ဘက်ခေါင်းဆောင်တဦးဖြစ်တယ်လို့ ALP က ဆိုပါတယ်။

ALP ဟာ သက်တမ်းရင့် ရခိုင်လက်နက်ကိုင်တော် လှန်ရေးတပ်ဖွဲ့တခုဖြစ်ပေမယ့် လက်ရှိရခိုင်လူ ထု ကြားမှာတော့ AA လောက် လူထုထောက်ခံမှု မရှိ သလိုတပ်အင်အားလည်းနည်းပါးတဲ့အဖွဲ့တခုဖြစ်တယ်လို့ ရခိုင်ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် ALP အဖွဲ့ဟာ လက်ရှိအာဏာ သိမ်းကာ လအတွင်းစစ်ကောင်စီရဲ့ငြိမ်းချမ်းရေးဖိတ်ခေါ်မှုတွေကိုလက်ခံဆွေးနွေးနေတဲ့အဖွဲ့တခုလည်းဖြစ်ပါတယ်။

မနေ့ကလုပ်ကြံသတ်ဖြတ်ခံရသူ သုံးဦးထဲပါခဲ့တဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြဟာ ၂၀၂၂ နှစ် လယ်ပိုင်းကအာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ သွားရောက်တွေ့ဆုံဆွေး နွေးခဲ့ပါသေးတယ်။

ရခိုင်ဒေသခံတချို့ကတော့ ပြည်နယ် မြို့တော် စစ်တွေမှာအခုလိုလုပ်ကြံသတ်ဖြတ်မှုပေါ်ပေါက်လာတဲ့အပေါ် လုံခြုံရေးအရ စိုးရိမ်စရာဖြစ်တယ် လို့ဆိုပါတယ်။

“ဘယ်အဖွဲ့အစည်းကပဲ လုပ်လုပ် ဒီလိုသတ်တာ၊ ဖြတ်တာတွေကိုတော့ အားမပေးဘူး၊ ဒါဟာ မြို့ ပေါ်မှာတောင် မလုံခြုံဘူးဆိုတဲ့ဟာကို ပြတာ ပေါ့နော်၊ နောက်ကွယ်က ကိစ္စတွေကိုတော့ မပြောလိုပါဘူး” လို့ စစ်တွေဒေသခံ တဦးကပြောပါတယ်။