နိုင်ငံရေး

ထားဝယ်မှာ တပတ်အတွင်း မြို့ခံ ဆယ့်သုံးဦး ဖမ်းဆီးခံရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ  NLDပါတီ တိုင်းပြန်ကြားရေးတာဝန်ခံအမျိုး သမီးတဦး အပါအဝင် တပတ်အတွင်း ဒေသခံ (၁၃)ဦးကို စစ်ကောင်စီကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အဲ့ဒီရပ်ကွက်မှာနေထိုင်သူတဦးက DNA ကိုပြောပါတယ်။  NLDပါတီရဲ့ တိုင်းပြန်ကြားရေးတာဝန်ခံမမြရတနာထက်နဲ့အမျိုးသားဖြစ်သူ တို့ကို ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်အနီးက ပင်လုံအိမ်ယာထဲမှာ စစ်ကောင်စီတပ်သားတွေကဝင်ရောက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဓားစားခံအဖြစ် ဖမ်းခံရသူတွေကို စစ်ကောင်စီ ကထောင်သုံးနှစ်ကနေဆယ်နှစ်အထိချ

စစ်ကောင်စီက အလိုရှိနေတဲ့ တွံတေးမြို့က နိုင်ငံရေးအကျဉ်းသူဟောင်း မချိုဇင်မြင့်ကိုဖမ်းမမိလို့ ဓားစားခံအဖြစ် ဖမ်းသွားတဲ့ မိသားစုဝင်တွေကို ဒီဇင်ဘာလကုန်ပိုင်းမှာ သုံးနှစ်ကနေ ဆယ်နှစ် အထိ ထောင်ဒဏ်တွေချလိုက်တယ်လို့ နီးစပ်သူတွေက DNA ကိုပြောပါတယ်။ တွံတေးမြို့နယ်၊ကုန်းဝက်ချောင်းကျေးရွာမှာနေထိုင်တဲ့ နိုင်ငံရေးအကျဥ်းသားဟောင်း မချိုဇင်မြင့်ကို ဖမ်းမမိတာကြောင့် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

CDM ကျောင်းဆရာဦးကောင်းခန့်ကျော်ကို သေဒဏ်ချမှတ်တဲ့အပေါ် ပညာရေးအဖွဲ့တွေကန့်ကွက်

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊အထက(ခွဲ)ထိန်ပုတ်ကုန်းကျောင်းကမူလတန်းပြ CDM ကျောင်းဆရာ ဦးကောင်းခန့်ကျော်ကို စစ်ကောင်စီတရားရုံးက သေဒဏ်ချမှတ်လိုက်တဲ့အပေါ် ပညာရေးသမဂ္ဂအဖွဲ့ တွေက ကန့်ကွက်ကြောင်းထုတ်ပြန်လိုက်ပါတယ်။ ဆရာဦးကောင်းခန့်ကျော်ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၁ အောက်တိုဘာလကတည်းက စစ်ကောင်စီက သပြေကုန်းရွာက စစ်ကောင်စီသတင်းပေးအသတ်ခံရမှုမှာ မသင်္ကာမှုနဲ့ဖမ်းဆီးသွားပြီး ၂၀၂၂ ဒီဇင်ဘာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကန့်ဘလူမှာ တလအတွင်း ဒေသခံငါးဦးသတ်ဖြတ်ခံရပြီး နေအိမ် နှစ်ရာကျော်မီးရှို့ခံရ

စစ်တိုင်းတိုင်း၊ ကန့်ဘလူမြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ တလတည်းမှာတင် အသက်မပြည့်သေးတဲ့  ကျောင်းသားလူငယ်တဦးအပါအဝင် ဒေသခံ ၅ဦးသတ်ဖြတ်ခံရပြီး ကျေးရွာ နေအိမ် ၂၃၃ လုံးမီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာလည်း စစ်ကောင်စီက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နှုတ်ထွက်ထားတဲ့ ရခိုင်က ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေကို AA က ပြန်လုပ်ခိုင်းနေတယ်လို့ဆို

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်တို့မှာ နုတ်ထွက်ထားကြတဲ့ စစ်ကောင်စီ လက်အောက်ခံကျေးရွာအုပ်ချုပ်ရေးမှူး တရာနီးပါးကို နုတ်ထွက်ခြင်းမပြုဘဲ မူလနေရာမှာ ပြန်လုပ်ကြဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)က ခေါ်ယူပြောဆိုလာတယ်လို့ ဆိုပါတယ်။ ULA/AAရဲ့နယ်မြေတာဝန်ခံကနုတ်ထွက်စာတင် ထားကြတဲ့ အုပ်ချုပ်ရေးမှူး တွေကို မနေ့က ဇန်နဝါ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အလုပ်ထုတ်ခံထားရတဲ့မြန်မာပေါင်ချိန်စက်ရုံလုပ်သားတွေ လုပ်ငန်းခွင်ပြန်ဝင်ဖို့အရေး မပြေလည်

မြန်မာပေါင်ချိန်စက်ရုံက အလုပ်ထုတ်ခံလုပ်သားတွေထဲက လုပ်ငန်းခွင်ပြန်ဝင်ဖို့ဆုံးဖြတ်ထားသူတွေဟာ ဒီဇင်ဘာ (၂)ရက် မနေ့က စက်ရုံကိုသွားခဲ့ပေမယ့် ကန့်သတ်ချက်တွေကြောင့် လုပ်ငန်းခွင်မယ့်အစီစဥ်ကိုဖျက်လိုက်တယ်လို့သိရပါတယ်။ မြန်ပေါင်ချိန်စက်ရုံက အလုပ်ထုတ်ထားတဲ့အလုပ်သမားတွေကို  လုပ်ငန်းခွင်ပြန်ဝင်ဖို့ခေါ်ခဲ့ပြီး အလုပ်မဝင်ခင် စက်ရုံကရေးထားတဲ့စည်းကမ်းချက်တွေကိုလက်မှတ်အရင်ထိုးခိုင်းတယ်လို့ဆိုပါတယ်။ အဲဒီစည်းကမ်းချက်တွေထဲမှာ လုပ်ငန်းခွင်ပြန်ဝင်ပြီးရင်အရင်ကတောင်းဆိုထားတဲ့အချက်တွေကို ပြန်ပြီးတောင်းဆိုတာမလုပ်တော့ဘူးဆိုတဲ့အချက်ပါဝင်နေတာကို လက်မခံနိုင်တာကြောင့် လက်မှတ်မထိုးဘဲပြန်ထွက်လာခဲ့ကြတာလို့ အလုပ်သမားတွေကဆိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တွေမှာ စစ်ကားနဲ့တိုက်မိလို့ ဒေသခံ တဦးသေဆုံး

ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်မှာ စစ်ကောင်စီတပ်ရဲ့ ကားတစီးက ဝင်တိုက်သွားလို့ ဆိုင်ကယ်နဲ့ သွားနေတဲ့ ဒေသခံအရပ်သားတဦး သေဆုံးသွားတယ်လို့ မျက်မြင်ဒေသခံတွေက ပြောကြပါတယ်။ စစ်တွေမြို့၊ ဆတ်ရိုးကျတံတားအနီး လမ်းမကြီးပေါ် မှာ သွားလာနေတဲ့ ဆိုင်ကယ်တစီးကို ဇန်နဝါရီ( ၂) ရက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရေးမြို့နယ်ကစစ်တပ်ပိုင် ဖုန်းတာဝါတိုင် ဖျက်ဆီးခံရပြီးစစ်တပ်နဲ့ကာကွယ်ရေးတပ်အပြန်အလှန်ပစ်ခတ်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာ ဟောင်းအနီးမှာ ဒီကနေ့ ဇန်နဝါရီ (၂) ရက် မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ရေးဘီလူးအဖွဲ့တို့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေနဲ့တော်လှန်ရေး အင်အားစုတွေဆီကသိရပါတယ်။ “ပထမတစ်ချက်သေနတ်ပစ်သံအရင်ကြားတယ်၊ အဲဒါပြီးတော့ ခဏပြန်တိတ်သွားတယ်၊ ခဏအကြာမှာအပြန်အလှန်ပစ်ခတ်သံကြားရတာ၊ ဘယ်သူနဲ့ ဘယ်သူပစ်တာလဲတော့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သထုံမြို့နယ်အတွင်း ကုန်တင်ရထား မိုင်းဆွဲခံရမှုထပ်ဖြစ်

မွန်ပြည်နယ်၊ သထုံမြို့နယ် ဂေါကျေးရွာမှာ ဇန်နဝါရီ (၂ )ရက် မနက်ပိုင်းက လမ်းခင်းကျောက်တွေ သယ် ဆောင်လာတဲ့ ကုန်တင်ရထား မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲဒီရထားဟာ ဒီကနေ့ မနက် ၈ နာရီခွဲဝန်းကျင်မှာ ပေါင်မြို့နယ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပဲခူးမြို့မှာ ပေါက်ကွဲမှုတွေဖြစ်ပြီးနောက် စစ်တပ်က လုံခြုံရေးတင်းကျပ်

ပဲခူးတိုင်း၊ ပဲခူးမြို့မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေတပ်စွဲထားတဲ့ နေရာတွေမှာဗုံးပေါက်ကွဲတာတွေ ဖြစ်ပြီးနောက် စစ်ကောင်စီက အချိန်မတော်ဧည့်စာရင်းစစ်တာတွေလုပ်နေသလို လုံခြုံရေးတိုးမြှင့်ပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးတာတွေလည်းလုပ်နေတယ်လို့ ဒေသခံ တွေက DNA ကိုပြောပါတယ်။ ပဲခူးမြို့အမှတ် (၂) ရဲစခန်းဝန်း၊တပ်မ(၇၇ )ရဲ့ ပင်မ ထောက်ပံ့ပို့ဆောင်ရေးတပ်ကင်းဂိတ်နဲ့ မြို့အဝင်အထွက် [ဆက်လက်ဖတ်ရှုရန်]