ဒေါင်းမင်းတပ်ဖွဲ့စခန်းဗုံးကြဲဖျက်စီးခံရ

ကရင်ပြည်နယ် ၊ကော့ကရိတ်ခရိုင် KNLA  တပ်မ ဟာ(၆) နယ်မြေအခြေစိုက် ဒေါင်းမင်းတပ်ဖွဲ့ရဲ့အ ခြေစိုက်စခန်းတခုကို ဇန်နဝါရီ(၃)ရက်မှာစစ်ကောင် စီက လေကြောင်းကဗုံးကျဲတိုက်ခိုက်လို့ စခန်းပျက် စီးသွားတယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

“လူအထိအခိုက်မရှိပါဘူး၊ကြိုတင်ပြီးအကြိမ်ကြိမ်လေ့ကျင့်ထားတဲ့အတိုင်းညဘက်စခန်းစွန့်ခွာအစီစဉ်အတိုင်းအထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့ပါတယ်၊ စခန်းကမရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေတော့ထိခိုက်တာပေါ့”လို့ဒေါင်းမင်းစစ်ကြောင်းတာဝန်ခံကDNA ကိုပြောပါတယ်။

အဲ့ဒီစခန်းကို စစ်ကောင်စီကဇန်နဝါရီ၃ရက် ညသန်း​ခေါင်ကစလို့မနက်နှစ်နာရီအထိလက်နှက်ကြီးတွေနဲ့ပစ်ခတ်ပြီး ဂျက်တိုက်လေယာဉ်နဲ့ နှစ်ကြိမ်ဗုံးကြဲခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင်လေယာဉ်ပေါ်ကနေစက်သေနတ်နဲ့လည်းပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်စခန်းတစ်ခုလုံးပျက် စီးပြီးတပ်ဖွဲ့ပိုင် အဆောက်အဦးနဲ့ဆက်သွယ်ရေးစက်တွေဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။