ဒေသအလိုက် သတင်းကဏ္ဍ

နေပြည်တော်ကို လူသန်းချီနေနိုင်တဲ့ မြို့တော်အဖြစ်တိုးချဲ့ဖို့ စစ်အုပ်စု ပြင်ဆင်နေ

၁၈၊ ဩဂုတ်လ၊ ၂၀၂၁။ နေပြည်တော်မှာ လူဦးရေ သန်း၂၀အထိ နေနိုင်ပြီး ခေတ်မှီမြို့တော်အဖြစ် တည်ဆောက်ဖို့ အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြင်ဆင်နေပါတယ်။ ဩဂုတ်လ ၁၇ရက်နေ့မှာ စစ်အုပ်စုခေါင်းဆောင်တွေ စုဝေးကျင်းပတဲ့ နေပြည်တော်မြို့တော် ဖွံဖြိုးတိုးတက်ရေးအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးနဲ့ဂန့်ဂေါမြို့ကြားမှာ ကားတွေမှန်ချမောင်းဖို့ PDFကလေး သတိပေး

၁၈၊ ဩဂုတ်လ၊ ၂၀၂၁။ ကလေးမြို့နဲ့ ဂန့်ဂေါမြို့အကြားမှာ ဖြတ်သန်းသွားလာနေတဲ့ ပြည်သူပိုင် မော်တော်ယာဉ်တွေအနေနဲ့ ကားမှန်တွေချပြီး မောင်းနှင်ဖို့ PDF (Kalay)က ဩဂုတ်လ ၁၈ရက်နေ့မှာ သတိပေးထုတ်ပြန်ခဲ့ပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ အိမ်စီးကားမော်တော်ယာဉ်တွေကို အသုံးပြုပြီး စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတာကြောင့် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုသီးသန့်သုံး လျှပ်စစ်တာဝါတိုင် နှစ်ခုကို မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ ဖယ်ခုံ PDFထုတ်ပြန်

၁၈၊ ဩဂုတ်လ၊ ၂၀၂၁။ ကယားပြည်နယ်မှာရှိတဲ့ လောပိတရေအားလျှပ်စစ်ဓာတ်အားပေးဓာတ်ရုံကနေ နေပြည်တော်ကို သွယ် တန်းထားတဲ့ စစ်အုပ်စုသီးသန့်သုံး မဟာဓာတ်အားလိုင်းက တာဝါတိုင် ၂ခုကို ဩဂုတ် ၁၂ရက်မှာ မိုင်း ခွဲဖျက်ဆီးဖြိုချခဲ့တယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ထုတ်ပြန်ကြေညာပါတယ်။ ရှမ်းပြည်နယ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နွေဦးထီရောင်းချမှုကို ယာယီရပ်နားမယ်

၁၈၊ ဩဂုတ်လ၊ ၂၀၂၁။ အမျိုးသားညီညွတ်ရေးအစိုးရ ၊ စီမံကိန်း ၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက စီစဉ်တဲ့ အောင်လံလွှင့်ချီ နွေဦးထီရောင်းချမှုကို ဩဂုတ်လ ၂၀ရက်နေ့ကစပြီး ခေတ္တရပ်နားထားမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ စမ်းသပ်ကာလ ပထမအဆင့်အနေနဲ့ ဩဂုတ်လ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

စစ်​ရှောင်​တွေရှိတဲ့ မြန်မာ-တရုတ်နယ်စပ်မှာ တရုတ်ဘက်က ခြံစည်းရိုး​တွေကာ​နေ

၁၈၊ ဩဂုတ်လ၊ ၂၀၂၁။ ဩဂုတ်လဆန်းပိုင်းက စစ်အုပ်စုနဲ့ ကိုးကန့်တပ်(MNDAA)တို့ တိုက်ပွဲကြောင့် မူဆယ်မြို့နယ် ပန်ဆိုင်းမြို့အနီးက ရွာ ၇ ရွာဟာ မြန်မာ-တရုတ်နယ်စပ်အနီးမှာ တိမ်းရှောင်နေရချိန် တရုတ်ဘက်က ဒီသီတင်းပတ်အတွင်းမှာ ခြံစည်းရိုး​တွေ ကာ​နေပါတယ်။ စစ်ရှောင်တွေဟာ နေရာ [ဆက်လက်ဖတ်ရှုရန်]

ဆောင်းပါး

အခြေခံဆေးဝါးတွေနဲ့စားသောက်ကုန်တွေ စျေးနှုန်းမြင့်တက်လာ

၁၈၊ ဩဂုတ်လ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းယူပြီးနောက်မှာ ရပ်တန့်သွားတဲ့ စီးပွါးရေးလုပ်ငန်းတွေနဲ့ တန်ဖိုးဆက်တိုက်ကျဆင်းလာတဲ့ မြန်မာငွေကျပ်တန်ဖိုးတွေကြောင့် အခြေခံဆေးဝါးနဲ့ စားသောက်ကုန်တွေ စျေးနှုန်းမြင့်တက်လာနေပြီး ဆက်လက်မြင့်တက်ဖို့ရှိနေတယ်လို့ မြေပြင်သတင်းအချက်အလက်တွေအရ သိရပါတယ်။ ဒေါ်လာစျေးနှုန်းဟာ ဩဂုတ်လ ၁၇ရက်နေ့ ညနေပိုင်း စျေးကွက်ပိတ်သိမ်းချိန်မှာ [ဆက်လက်ဖတ်ရှုရန်]

ကျန်းမာရေး

ဒီနေ့ ပုသိမ်ကိုဗစ်လူနာ၁၈ဦးသေဆုံး

၁၇၊ ဩဂုတ်လ၊ ၂၀၂၁။ ပုသိမ်မြို့မှာ သြဂုတ်လ ၁၇ရက်နေ့က ကိုဗစ်လူနာ (၁၈)ဦးသေဆုံးခဲ့တယ်လို့ မနောဖြူ လူမှုကူညီရေးအဖွဲ့ရဲ့ မီးသင်္ဂြိုဟ်မှု မှတ်တမ်းတွေအရ သိရပါတယ်။ ဒီနေ့မှာ ဆေးရုံကနေ သေဆုံးသူ(၄)ဦးစစ်တပ်မဆရ(၄)ဆေးရုံက သေဆုံးသူ(၂)ဦးနဲ့နေအိမ်တွေမှာ သေဆုံးခဲ့သူ (၁၂)ဦးရှိခဲ့တယ်လို့ သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တိုင်းရင်းသားအများစုပါဝင်တဲ့ အမျိုးသားကျန်းမာရေးကော်မတီ

၁၇၊ ဩဂုတ်လ၊ ၂၀၂၁။ တိုင်းသားအများစုပါဝင်တဲ့ အမျိုးသားကျန်းမာရေးကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ဩဂုတ်လ ၁၆ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ အမျိုးသားကျန်းမာရေးကော်မတီမှာ ဒေါက်တာစင်သီယာမောင်ပါဝင်တဲ့ အတိုင်ပင်ခံအဖွဲ့နဲ့အတူ ပဒိုမန်းမန်းက ဥက္ကဌအဖြစ်တာဝန်ယူပြီး တိုင်းရင်းသားလူမျိုးအများစုနဲ့ ဖွဲ့စည်းလိုက်တာပဲဖြစ်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စု ကျန်းမာရေးမူဝါဒ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဟေတီငလျင် သေဆုံးသူ ၁၄၀၀ကျော်အထိ မြင့်တက်လာ

၁၇၊ ဩဂုတ်လ၊ ၂၀၂၁။ ဟေတီနိုင်ငံမှာ ဩဂုတ်လ ၁၄ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အား ၇ ဒဿမ ၂ မဂ္ဂနီကျုုဒ့် ရှိတဲ့ ငလျင်ကြောင့် သေဆုံးသူ ၁၄၀၀ကျော်အထိ မြင့်တက်လာတယ်လို့ သိရပါတယ်။ ဟေတီအနောက်တောင်ဘက်ကဆေးရုံတစ်ရုံမှာတော့ ဆေးရုံလူသွားလမ်းတွေ [ဆက်လက်ဖတ်ရှုရန်]

ကျန်းမာရေး

ဖျာပုံမြို့မှာ ကိုဗစ်အတည်ပြုလူနာ (၂၂)ဦး တွေ့ရှိ

၁၆၊ ဩဂုတ်လ၊ ၂၀၂၁။ ဖျာပုံမြို့မှာ ဒီကနေ့ကိုဗစ်ရောဂါ စစ်ဆေးချက်အရ ကျုံကဒွန်းကျေးရွာမှ (၁၀)ဦးအပါအဝင် ကိုဗစ်အတည်ပြုလူနာ (၂၂)ဦးတွေ့ရှိ​ခဲ့တယ်လို့သိရပါတယ်။ ဖျာပုံခရိုင်ဆေးရုံကြီးမှာ စစ်ဆေးချက်အရ ချောင်းတွင်းကျေးရွာ၊ ဖျာပုံမြို့နယ်မှ (၁)ဦး၊ (၁၃)လမ်း၊ (၈)ရပ်ကွက်၊ ဖျာပုံမြို့မှ (၁)ဦး၊ ကျိုက္ကဘာကျေးရွာ၊ [ဆက်လက်ဖတ်ရှုရန်]