၂၈၊ဇန်နဝါရီလ၊၂၀၂၂။ ကယားပြည်နယ်(ကရင်နီ) လွိုင်ကော်မြို့နယ် ကျောင်းကုန်းကျေးရွာနဲ့ ကုန်းဆွတ်ကျေးရွာအနီးမှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်အုပ်စုကို လွိုင်ကော်PDFနဲ့ KNDFတို့က ခုခံတိုက်ခိုက်ခဲ့ကြပြီး စစ်အုပ်စုက သေဆုံးသူတွေ များပြားခဲ့တယ်လို့ လွိုင်ကော်PDFက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီကနေ့ ဇန်နဝါရီလ ၂၈ရက်နေ့ ညနေ ၃နာရီခန့်မှာ လွိုင်ကော် PDF တပ်ခွဲ (၅)နဲ့ KNDFတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားချိန် ၄၅မိနစ်ခန့် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။ အလစ်အငိုက်တိုက်ခိုက်ခဲ့ရတဲ့ စစ်အုပ်စုဟာ ထိခိုက်သေဆုံးမှုတွေ များပြားပြီးနောက်…
Read More၂၈၊ဇန်နဝါရီလ၊၂၀၂၂။ မန္တလေးမြို့မှာ အကြမ်းဖက်စစ်အုပ်စုကို သတင်းပေးလုပ်ကိုင်နေတယ်လို့ နာမည်ကြီးနေသူ အမျိုးသားတစ်ဦး သေနတ်နဲ့ သုံးချက်အပစ်ခံရပြီး ဆေးရုံပို့ဆောင်လိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ ဇန်နဝါရီလ ၂၈ရက်နေ့ ညနေပိုင်းမှာ မဟာအောင်မြေမြိုကနယ် ၉၂လမ်းနဲ့ ၄၁လမ်းအနီးမှာ တပ်သတင်းပေးလို့ နာမည်ကြီးနေသူ ကိုဝင်ဇော်မိုးကို အမည်မသိသူတစ်ဦးက ပစ်ခတ်သွားခဲ့တာပဲဖြစ်ပါတယ်။ “သေနတ်နဲ့ သုံးချက်ပစ်တာ၊ မသေဘူး။ လက်မောင်း နဲ့ ပေါင် မှန်တယ်လို့ ကြားတယ်”လို့…
Read More၂၈၊ဇန်နဝါရီလ၊၂၀၂၂။ စစ်ကိုင်းတိုင်း မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းကနေထွက်လာပြီး စစ်ကြောင်းထိုးတဲ့ စစ်အုပ်စု မိုင်းထိပြီး ၄ဦး ပွဲချင်းပြီး သေဆုံးကာ ၂၀ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့က ဒီကနေ ဇန်နဝါရီလ ၂၈ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ ကျောက်ရစ်ရဲစခန်းကနေ ထွက်လာတဲ့ စစ်အုပ်စုဟာ အင်အား ၅၀ကျော်နဲ့ မြောင်မြို့နယ် တမဆေးကန်ကျေးရွာမှာ ညအိပ်တပ်စွဲခဲ့ပြီးနောက် ပြန်ထွက်လာချိန်မှာ တော်လှန်ရေးအင်အားစုတွေက နဘက်တာတစ်နေရာမှာ မိုင်း ၃လုံးစွဲပြီး တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။ အထိနာသွားတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ…
Read More၂၈၊ ဇန်နဝါရီလ၊၂၀၂၂။ ပြည်သူတွေအနေနဲ့ စစ်ဖြစ်နေပြီဆိုတဲ့ အသိသတိနဲ့ နေထိုင်သွားလာကြဖို့နဲ့ အကြမ်းဖက်စစ်အုပ်စု ဖြတ်သန်းသွားလာတဲ့ လမ်းမကြီးတွေဘေးမှာ နေထိုင်ခြင်းတွေ မလုပ်ဆောင်ဖို့ အရာတော်မြို့နယ် တော်လှန်ရေးအင်အားစုက ဒီကနေ့ ဇန်နဝါရီလ ၂၈ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် သတိပေးလိုက်ပါတယ်။ စစ်ဆင်ရေးတွေမှ ပြည်သူမထိခိုက်ရေး အဓိကဖြစ်တာကြောင့် စစ်အုပ်စုရဲ့ သွားလာလမ်းတွေကို သိရှိနေပေမဲ့ အကောင်အထည် မဖော်လိုက်ရတဲ့ စစ်ဆင်ရေးတွေ ရှိနေခဲ့တယ်လို့ သိရပါတယ်။ “ကျွန်တော်တို့ကတော့ စစ်ဆင်ရေးတိုင်းမှာ ပြည်သူမထိခိုက်ရေး အဓိကပါ။ ဒီခွေးတွေကလည်း…
Read More၂၈၊ဇန်နဝါရီလ၊၂၀၂၂။ အသံတိတ်သပိတ်နေ့မှာဆိုင်တွေဖွင့်ဖို့ နတ်တလင်းမြို့နယ်အတွင်း လိုက်လံကြေညာနေသူတစ်ဦး သေနတ်နဲ့ပစ် ခတ်ခံရတယ်လို့ သိရပါတယ်။ ဒီကနေ့မနက်ပိုင်းက ပဲခူးတိုင်း နတ်တလင်းမြို့နယ်၊တံခွန်တိုင်ရွာမှာ ဖေဖေါ်ဝါရီ၁ရက်နေ့ ဆိုင်မဖွင့်ပါက အရေးယူခံရမှာဖြစ်ကြောင်း လိုက်လံကြေညာနေသူကို ဒေသတွင်း ပြောက်ကျားတပ်ဖွဲ့ နတ်စစ်သည်က ကျည်၃တောင့် နဲ့ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ နတ်တလင်းမြို့ခံတက်ကြွလှုပ်ရှားသူတစ်ဦးက ‘အပစ်ခံရတဲ့လူက စစ်ခွေးသတင်းပေးဆိုပြီး နာမည်ကြီးနေ သူပဲ။သေသွားပြီလို့ပြောနေကြပေမဲ့ မသေချာသေးဘူး’လို့ ဆိုပါတယ်။ ဖေဖေါ်ဝါရီ၁ရက်နေ့မှာ အသံတိတ်သပိတ်ဆင်နွှဲကြဖို့ လူထုလှုပ်ရှားမှုသပိတ်အင်အားစုတွေက လှုံ့ဆော်နေ ပြီး အကြမ်းဖက်စစ်အုပ်စုက ပြည်သူတွေကို ခြိမ်းခြောက်မှုမျိုးစုံ…
Read More၂၈၊ဇန်နဝါရီလ၊၂၀၂၂။ မြန်မာကလေးတွေအကြမ်းဖက် တိုက်ခိုက်ခံနေရတာနဲ့ပတ်သက်ပြီးကုလသမဂ္ဂလုံခြုံရေးကောင်စီက နည်းလမ်းရှာကာကွယ်ဖို့ Save the Children ကတိုက်တွန်းလိုက်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းပြီးတဲ့နောက် ကလေး ၁သိန်းခွဲလောက်ဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့အကြောင်းSave the Children အဖွဲ့ရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ အဲဒီလို ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း ကယားပြည်နယ်စစ်ရှောင်စခန်းမှာ ဗုံးကြဲခံရတာတွေအပါအဝင် စစ်ကိုင်းတိုင်းထဲ ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့အကြမ်းဖက်စစ်တပ်ရဲ့ ဝင်ရောက်စီးနင်းမှုတွေကြောင့် ကလေးတွေသေဆုံးမှုတွေရှိနေတယ်လို့Save the Children ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ UNOCHA ရဲ့ ဇန်နဝါရီ၂၆ရက်နေ့ထုတ်ပြန်ချက်မှာ တိုက်ပွဲတွေကြောင့် မြန်မာလူဦးရေ၄သိန်းလောက်ဟာ…
Read More၂၈၊ဇန်နဝါရီလ၊၂၀၂၂။ အကြမ်းဖက်စစ်အုပ်စုနဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA(ကိုးကန့်)တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်အုပ်စုက မန်ရန်တပ်စခန်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေခဲ့တယ်လို့ MNDAAက ဒီကနေ့ ဇန်နဝါရီလ ၂၈ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ မနေ့က ဇန်နဝါရီလ ၂၇ရက်နေ့ မနက် ၈နာရီခန့်မှာ အကြမ်းဖက်စစ်အုပ်စုဟာ အထူးဒေသ(၁) မုံးကိုးခရိုင် လော်ကြာကျိုက် အနောက်ဘက် တောင်ကုန်းမှာရှိတဲ့ MNDAAရဲ့ တပ်စခန်းကို တိုက်ခိုက်ခဲ့တာကြောင့် မိနစ် ၄၀ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ညနေ…
Read More၂၈၊ဇန်နဝါရီလ၊၂၀၂၂။ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသွားတဲ့ ဂန့်ဂေါပြည်သူ ၇၆ဦးထက်မနည်းရှိပြီလို့ ဂန့်ဂေါမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။ မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်အတွင်း ကျဆုံး၇၆ဦးအနက် ၄၄ဦးမှာ ကျဆုံးသွားတဲ့တပ်ဖွဲ့ဝင်တွေဖြစ်ပါတယ်။ ကျ ဆုံးသွားတဲ့တပ်ဖွဲ့ဝင်တွေထဲမှာ မိုင်းစမ်းသပ်စဉ် မိုင်းမတော်တဆ ပေါက်ကွဲမှုကြောင့်ကျဆုံးသွားသူ ၁၁ ဦးထက်မနည်းရှိတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ ‘ကျန်တာတွေကတော့ စစ်တပ်က ပစ်သတ်တာအများစုပါ’လို့ ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးကပြောပါတယ်။ ကျဆုံးပြည်သူ၇၆ဦးအနက် ၁၈နှစ်အောက် ကျဆုံးသူ ၁၄ဦးထက်မနည်းရှိတယ်လို့လည်း သိရပါတယ်။ ‘၁၈နှစ်အောက်ကျဆုံးသွားတဲ့ကလေးတွေအကုန်လုံးဟာ အရပ်သားပြည်သူတွေပါ’လို့ သူကဆိုပါတယ်။ မြင်သားရွာအဝင်အကြမ်းဖက်သတ်ဖြတ်ခံရမှုကြောင့် ကျဆုံးပြည်သူ၁၈ ဦးထဲမှာ…
Read More၂၈၊ဇန်နဝါရီလ၊၂၀၂၂။ တနင်္သာရီတိုင်း ရေဖြူမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တိုပ ဇန်နဝါရီလ ၁၉ရက်နေ့မှာ ၂၃ရက်နေ့အထိ ၅ရက်တာတိုက်ပွဲတွေအတွင်းမှာ စစ်အုပ်စုက ၄ဦးသေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီကနေ့ ဇန်နဝါရီလ ၂၈ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ ထုတ်ပြန်ချက်မှာ တိုက်ပွဲတွေအတွင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့က တပ်ဖွဲ့ဝင် ၂ဦးလည်း ပျောက်ဆုံးနေပြီး အဆက်အသွယ်ပြတ်တောက်နေတယ်လို့ သိရပါတယ်။ ဇန်နဝါရီလ ၁၉ရက်နေ့ မနက် ၇ခန့်မှာ ရေဖြူမြို့နယ် ရဲအိုင်ကျေးရွာအနီးမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက…
Read More၂၈၊ဇန်နဝါရီလ၊၂၀၂၂။ အင်းစိန်ထောင်ရဲ့ ရွာမအရှေ့ရပ်ကွက်ဘက်က တည်းခိုဆောင် ဂိတ်ပေါက် ခြံစည်းရိုးနားမှာ ဒီကနေ့ နေ့လည်ပိုင်းက ဗုံးပေါက်ကွဲမှု တစ်ခု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီ ၂၈ရက် ဒီကနေ့ နေ့လည် ၁၂နာရီကျော်လောက်က ရန်ကုန်၊ အင်းစိန်ထောင်ရဲ့ ဂိတ်ပေါက်တွေထဲက ရွာမတည်းခိုဆောင်ရှိရာ ဂိတ်ပေါက်ဘက် ခြံစည်းရိုးအနီးမှာ ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့ပါတယ်။ “ရွာမဘက်မှာပေါက်တာ။ ပေါက်တောဝ ဘက် မဟုတ်ဘူး။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒီဖြစ်စဉ်မှာ လူထိခိုက်မှု မရှိခဲ့ဘူးလို့…
Read More