တိုင်းရင်းသားအများစုပါဝင်တဲ့ အမျိုးသားကျန်းမာရေးကော်မတီ

၁၇၊ ဩဂုတ်လ၊ ၂၀၂၁။

တိုင်းသားအများစုပါဝင်တဲ့ အမျိုးသားကျန်းမာရေးကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ဩဂုတ်လ ၁၆ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

အမျိုးသားကျန်းမာရေးကော်မတီမှာ ဒေါက်တာစင်သီယာမောင်ပါဝင်တဲ့ အတိုင်ပင်ခံအဖွဲ့နဲ့အတူ ပဒိုမန်းမန်းက ဥက္ကဌအဖြစ်တာဝန်ယူပြီး တိုင်းရင်းသားလူမျိုးအများစုနဲ့ ဖွဲ့စည်းလိုက်တာပဲဖြစ်ပါတယ်။

ဖက်ဒရယ်ပြည်ထောင်စု ကျန်းမာရေးမူဝါဒ ရေးဆွဲချမှတ်သွားဖို့၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့၊ ဆေးပညာသင်တန်းများပို့ချနိုင်ဖို့ သင်ရိုးညွှန်းတန်းတွေရေးဆွဲနိုင်ရေး စတဲ့ လုပ်ငန်းစဉ်တွေကို ကော်မတီအနေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။