ကလေးနဲ့ဂန့်ဂေါမြို့ကြားမှာ ကားတွေမှန်ချမောင်းဖို့ PDFကလေး သတိပေး

၁၈၊ ဩဂုတ်လ၊ ၂၀၂၁။

ကလေးမြို့နဲ့ ဂန့်ဂေါမြို့အကြားမှာ ဖြတ်သန်းသွားလာနေတဲ့ ပြည်သူပိုင် မော်တော်ယာဉ်တွေအနေနဲ့ ကားမှန်တွေချပြီး မောင်းနှင်ဖို့ PDF (Kalay)က ဩဂုတ်လ ၁၈ရက်နေ့မှာ သတိပေးထုတ်ပြန်ခဲ့ပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ အိမ်စီးကားမော်တော်ယာဉ်တွေကို အသုံးပြုပြီး စစ်ရေးလှုပ်ရှားမှုတွေ

ပြုလုပ်နေတာကြောင့် မှားယွင်းပစ်ခတ်မှုတွေ မရှိစေရေးအတွက် အခုလို သတိပေးထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်။

မှန်ချမောင်းနှင်ခြင်းမရှိတဲ့ မော်တော်ယာဉ်တွေကိုတော့ လုံခြုံရေးအရ တာဝန်ယူသွားမှာမဟုတ်ဘူးလို့ ဆိုပါတယ်။