ဒေသအလိုက် သတင်းကဏ္ဍ

မိုးကောင်းမြို့နယ် နေရာအချို့မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်

၂၃၊ ဩဂုတ်လ၊ ၂၀၂၁။ မိုးကောင်းမြို့နယ်က နေရာအချို့မှာ ဩဂုတ်လ ၂၃ရက်နေ့ နံနက် ၁၀နာရီ ၃၀မိနစ်ခန့်က စတင်ပြီး အင်တာနက်လိုင်းတွေ ဖြတ်တောက်ခြင်းကြုံတွေ့နေရပါတယ်။ ရပ်ကွက်အချို့မှာ အချိန်အနည်းငယ်သာ ပြတ်တောက်ခဲ့ပေမဲ့ နေရာအများစုမှာ ယခုအချိန်ထိ ပြတ်တောက်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တပ်မ​ဟာ (၅) မှာ တိုက်ပွဲ​တွေဆက်တိုက်ဖြစ် စစ်အုပ်စုဘက်က အကျအဆုံးများ

၂၃၊ ဩဂုတ်လ၊ ၂၀၂၁။ ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၅)နယ်မြေမှာ တိုက်ပွဲတွေဆက်ဖြစ်လို့ ၂ရက်အတွင်းမှာ အကြမ်းဖက်စစ်အုပ်စုဘက်က ၁၂ဦးသေဆုံးပြီး ၁၉ဦးဒဏ်ရာရတယ်လို့ တပ်မဟာ(၅)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုတပ်တွေနဲ့ သူ့ရဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF)တို့က စစ်အင်အားတွေဖြည့်တင်းတာ စစ်ရေးလှုပ်ရှားလာတာတွေကြောင့် တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

စစ်အုပ်စုခန့်အပ်တဲ့ မြန်မာသံဝန်ထမ်းသစ်တွေကို ဂျပန်အစိုးရက ပြည်ဝင်ခွင့်ငြင်းပယ်

၂၃၊ ဩဂုတ်လ၊ ၂၀၂၁။ အာဏာသိမ်းစစ်အုပ်စုက အစားထိုးခန့်အပ်လိုက်တဲ့ သံတမန်ဝန်ထမ်းသစ်နှစ်ဦးကို ပြည်ဝင်ခွင့်ဗီဇာပေးဖို့ ဂျပန်အစိုးရက ငြင်းပယ်လိုက်တယ်လို့ ဂျပန်အစိုးရအရာရှိတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ တိုကျိုမြို့မှာရှိတဲ့ မြန်မာသံရုံးကနေ CDM လုပ်လို့ ရာထူးက ဖယ်ရှားခံထားရတဲ့ သံတမန်နှစ်ဦးနေရာမှာ အစားထိုး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သီလဝါစက်မှုဇုန် ဗုံးပေါက်

၂၂၊ ဩဂုတ်လ၊ ၂၀၂၁။ ကျောက်တန်းမြို့နယ် သီလဝါစက်မှုဇုန် ဖွံဖြိုးရေးလမ်းနဲ့ ခြောက်လမ်းသွားလမ်းဆုံ အနီးမှာ ဩဂုတ်လ ၂၂ရက်နေ့ မနက် ၁၁နာရီခန့်က ဗုံးတစ်လုံးပေါက်ကွဲခဲ့ပါတယ်။ “လက်လုပ်ဗုံးလို့ပြောတယ် ဖုန်းနဲ့လှမ်းခွဲတာမျိုးပေါ့ ရေမြောင်းဘေးမှာ ပေါက်တာမို့ ဘာမှတော့ သိပ်မထိသွားဘူး၊ စစ်တပ်က [ဆက်လက်ဖတ်ရှုရန်]

ကျန်းမာရေး

ဒီနေ့ ပုသိမ်ကိုဗစ်လူနာ၇ဦးသေဆုံး 

၂၂၊ ဩဂုတ်လ၊ ၂၀၂၁။ ပုသိမ်မြို့မှာ သြဂုတ်လ ၂၂ရက်နေ့က ကိုဗစ်လူနာ (၇)ဦးသေဆုံးခဲ့တယ်လို့ မနောဖြူ လူမှုကူညီရေးအဖွဲ့ရဲ့ မီးသင်္ဂြိုဟ်မှု မှတ်တမ်းတွေအရ သိရပါတယ်။ ဒီနေ့မှာပုသိမ်ဆေးရုံကနေ သေဆုံးသူ(၄)ဦးနဲ့နေအိမ်တွေမှာ သေဆုံးခဲ့သူ (၃)ဦးရှိခဲ့တယ်လို့ သိရပါတယ်။ ကိုဗစ်ကပ်ရောဂါတတိယလှိုင်းအတွင်း ဇူလိုင်လ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

DGWCF အဖွဲ့က ထုတ်ပြန်လိုက်တဲ့ ရေကြည်မြို့နယ်ဒလန်စာရင်း

၂၂၊ ဩဂုတ်လ၊ ၂၀၂၁။ ဧရာဝတီတိုင်းဒေသကြီးအတွင်း ​ရေကြည် ၊ အသုတ် ၊ ငါးသိုင်း​ချောင်းမြို့က စစ်အကြမ်းဖက်စစ်အုပ်စုရဲ့ လက်ပါးစေတွေ နာမည်စာရင်းကို မြစ်ဝကျွန်းပေါ်ပြောက်ကျားစစ်ဆင်ရေးတပ်ပေါင်းစု (DGWCF)က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ အခုထုတ်ပြန်လိုက်တဲ့ စာရင်းမှာပါသူတွေအတွက် နာမည်ရေးမှတ်ထားပြီးဖြစ်တဲ့ ကျည်​တောင့်တွေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြဝတီမြို့မှာ မဘသနဲ့ကြံဖွံတွေ ဇာတိမာန်နဲ့ အမျိုးဘာသာသသနာသီချင်းတွေဖွင့်ကာ မြို့ပတ်

၂၂၊ ဩဂုတ်လ၊ ၂၀၂၁။ ဒီကနေ့ ဩဂုတ်လ ၂၂ရက်နေ့ နံနက်ပိုင်းက ဝါခေါင်လပြည့်နေ့ နေ့ထူးနေ့မြတ်ကို အကြောင်းပြပြီး မြဝတီမြို့မှာ မဘသနဲ့ ကြံဖွံအဖွဲ့ဝင်တွေဟာ မော်တော်ယာဉ်တန်းနဲ့ ဇာတိမာန်၊ အမျိုးဘာသာသာသနာသီချင်းတွေကို ဖွင့်လှစ်ကာ အင်အားတစ်ရာကျော်နဲ့ မြို့ပတ်လှည့်လည်နေတယ်လို့ ဒေသခံတွေက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

NUG က မွန်တော်လှန်ရေးနေ့အတွက် သဝဏ်လွှာပေးပို့

၂၂၊ ဩဂုတ်လ၊ ၂၀၂၁။ စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းရေးနဲ့ ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်ရေးအတွက် ၀ိုင်းဝန်းကြိုးစားရမှာဖြစ်တယ်လို့ ဩဂုတ် ၂၂ရက်မှာ ကျရောက်တဲ့ မွန်တော်လှန်ရေးနေ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရက သဝဏ်လွှာပေးပို့ တိုက်တွန်းလိုက်ပါတယ်။ ဒီလို စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းနိုင်တဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဘုရင့်နောင်တံတား အမှတ်(၂)အဆင်းက စစ်အုပ်စုရဲကင်းတစ်ခု အပစ်ခံရ သေဆုံးသူရှိ

၂၂၊ ဩဂုတ်လ၊ ၂၀၂၁။ ဘုရင့်နောင်တံတား အမှတ်(၂) လှိုင်သာယာမြို့နယ်ဘက် အခြမ်းမှာ ရှိတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ရဲကင်းတစ်ခုကို ဩဂုတ်လ ၂၂ရက်နေ့ နံနက် ၈နာရီခန့်က အမည်မသိသေနတ်သမားတစ်ဖွဲ့က ကားနဲ့လာရောက် ပစ်ခတ်သွားတာကြောင့် သေဆုံးဒဏ်ရာရသူတွေ ရှိတယ်လို့ သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အောင်ဘာလေထီကို မရောင်းဖို့ ထီလုပ်ငန်းရှင်ကြီးတွေကို NUG သတိပေး 

၂၁၊ ဩဂုတ်လ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုက ရောင်းချနေတဲ့ အောင်ဘာလေထီဟာ ဥပဒေတွေအရ ဖျက်သိမ်းပြီးဖြစ်တာကြောင့် တရားမဝင်လောင်းကစားလုပ်ငန်းတစ်ခုသာဖြစ်ပြီး ဝယ်ယူရောင်းချဖြန့်ဖြူးခြင်း လုပ်ဆောင်ပါက တည်ဆဲဥပဒေတွေအရ အရေးယူဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက ဩဂုတ်လ ၂၁ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]