ဒေသအလိုက် သတင်းကဏ္ဍ

YDF ထီးလင်းထံ ပျူစောထီးအဖွဲ့ဝင်တွေ လက်နက်ချ အလင်းဝင်

၁၄၊ အောက်တ်ုဘာလ၊ ၂၀၂၁။ ထီးလင်းမြို့နယ် ဇီးတောကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုက လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးအဖွဲ့ဝင်တွေမှာ YDF ထီးလင်းထံမှာ လက်နက်တွေအပ်နှံပြီး အလင်းဝင်ရောက် ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ အောက်တိုဘာလ ၁၄ရက်နေ့ မနက် ၈နာရီ ၃၀မိနစ်ခန့်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခရမ်းဟာ မြန်မာ့ပထမ အုပ်ကြီးကင်းစင်မြို့အဖြစ် စံချိန်တင်

၁၄၊ အောက်တိုဘာလ၊ ၂၀၂၁။ ရန်ကုန်တိုင်း၊ခရမ်းမြို့နယ်ဟာ မြန်မာနိုင်ငံမှာ စစ်အုပ်စုရဲ့အခြေခံအုပ်ချုပ်ရေးယန္တယား ရာနှုန်းပြည့်ရပ်ဆိုင်း သွားတဲ့ ပထမဆုံးမြို့ဖြစ်တယ်လို့ သုတေသနရလဒ်တွေအရ သိရပါတယ်။ ယမန်နေ့ကစပြီး ခရမ်းမြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးအားလုံး နုတ်ထွက်သွားပြီလို့ ခရမ်းမြို့နယ်ကြား ကာလ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့(ယာ ယီ)ရဲ့တာဝန်ရှိသူတစ်ဦးက [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

အက်သလက်တီကို ကြယ်ပွင့် ဂျာအိုဖီးလစ်ကို ပေါင် ၆၈ သန်းပေးပြီး ခေါ်ယူဖို့ လီဗာပူးလ်အသင်း စိတ်ဝင်စား

၁၄၊ အောက်တိုဘာလ၊ ၂၀၂၁။ လီဗာပူးလ်အသင်းဟာ စပိန်ကလပ် အက်သလက်တီကိုအသင်းရဲ့ လူငယ်တိုက်စစ်မှူး ဂျာအိုဖီးလစ်ကို ပေါင် ၆၈ သန်းအသုံးပြုပြီး ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ The Sun သတင်းဌာနက ဖော်ပြခဲ့ပါတယ်။  အက်သလက်တီကို ကြယ်ပွင့်ဟာ ပေါ်တူဂီကလပ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ကိုဗစ်မူလဇစ်မြစ်ကို ရှာဖွေဖို့ နောက်ထပ် ပညာရှင် ၂၆ ဦးရဲ့ အမည်စာရင်း WHO တင်သွင်း

၁၄၊ အောက်တိုဘာလ၊ ၂၀၂၁။ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပေါ်ရာ မူလဇစ်မြစ်ကို ရှာဖွေဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က သိပ္ပံနည်းကျ အကြံပေးအဖွဲ့တစ်ဖွဲ့ကို အမည်စာရင်းတင်သွင်းလိုက်ပါပြီ။ ဒီအဖွဲ့မှာ ပညာရှင်ပေါင်း ၂၆ ဦးပါဝင်မှာဖြစ်ပြီး အမေရိကန်နဲ့ တရုတ်နိုင်ငံအပါအဝင် အခြားနိုင်ငံပေါင်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရန်ကုန်မြို့ပေါ် စစ်လေယာဉ် ပျံသန်းပြီးနောက် တိမ်ပုံစံအငွေ့တွေ ဖြစ်ပေါ်ခဲ့တဲ့ကိစ္စ ကုလအစည်းအဝေးမှာသံအမတ်ကြီးဖွင့်ချ

၁၄၊ အောက်တိုဘာလ၊ ၂၀၂၁။ ပြီးခဲ့တဲ့ဇူလိုင်လက ရန်ကုန်မြို့ပေါ် စစ်လေယာဉ်တွေ ပျံသန်းပြီးနောက် ပုံမှန်မဟုတ်တဲ့ တိမ်ပုံစံအငွေ့ တွေဖြစ်ပေါ်လာခြင်းကို စစ်အုပ်စုက အန္တရာယ်ရှိအဆိပ်အတောက်တွေထုတ်လွှတ်နေတယ်လို့ ဒေသခံ ပြည်သူတွေယူဆကြကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂအစည်းအဝေးတစ်ခုမှ ပြောကြားခဲ့ပါတယ်။ မနေ့က နယူးယောက်မှာကျင်းပတဲ့ (၇၆) [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အရေးပေါ်အကူအညီလိုနေတဲ့ မြန်မာ၃သန်းကို စစ်အုပ်စု လက်နက်သဖွယ်အသုံးချနေ

၁၄၊ အောက်တိုဘာလ၊ ၂၀၂၁။ အရေးပေါ်အကူအညီလိုအပ်နေတဲ့ မြန်မာလူဦးရေ၃သန်းကို အကြမ်းဖက်စစ်အုပ်စုက လက်နက်သဖွယ်အသုံးချနေတယ်လို့ လူ့အခွင့်အရေးဆိုင်ရာအာဆီယံပါလီမန်အမတ်များအဖွဲ့(APHR) ရဲ့ အိတ်ဖွင့်ပေးစာမှာဖော်ပြထားပါတယ်။ အဲဒီအိတ်ဖွင့်ပေးစာကို မြန်မာအရပ်ဖက်အဖွဲ့တွေနဲ့ ဒေသတွင်းအစိုးရမဟုတ်တဲ့အဖွဲ့အစည်း၅၂ဖွဲ့က လက်မှတ်ရေးထိုးထားပြီး အောက်တိုဘာလကုန်ပိုင်းမှာအာဆီယံထိပ်သီးအစည်းအဝေးကျင်းပတဲ့အခါ မြန်မာအာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကိုမဖိတ်ဘဲချန်ထားဖို့ အဓိကတိုက်တွန်းထားတာပါ။ အကြမ်းဖက်စစ်အုပ်စုဟာလူသားချင်း စာနာမှု [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

နော်ဝေနိုင်ငံမှာ အမျိုးသားတစ်ဦး လေးမြားနဲ့ တိုက်ခိုက်လို့ လူ ၅ ဦးသေ

၁၄၊ အောက်တိုဘာလ၊ ၂၀၂၁။ နော်ဝေနိုင်ငံ၊ ကောင်းစဘက်ဂ်မြို့မှာ အမျိုးသားတစ်ဦးက လေးနဲ့မြားကို အသုံးပြုပြီး တိုက်ခိုက်ခဲ့လို့ လူ ၅ ဦး သေဆုံးပြီး ၂ ဦးနဲ့အထက် ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ နိုင်ငံတကာမီဒီယာတွေက ဖော်ပြပါတယ်။ နော်ဝေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး(ငြိမ်း) ကွယ်လွန်

၁၃၊ အောက်တိုဘာလ၊ ၂၀၂၁။ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး(ငြိမ်း) ဦးတင်စောဟာ အောက်တိုဘာလ ၁၂ရက်နေ့ ည ၁၀နာရီအချိန်မှာ ကွယ်လွန်သွားခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေထံက သိရပါတယ်။ ဝန်ကြီး(ငြိမ်း)ဦးတင်စောဟာ အကြမ်းဖက်စစ်အုပ်စုက စတင်အာဏာသိမ်းယူချိန်မှာ ထိန်းသိမ်းခံထားရပြီးနောက်မှာ ကျန်းမာရေးကြောင့် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထိုးစစ်သတင်းကြောင့် ယင်းမာပင်ပြည်သူတွေ သတိရှိကြဖို့ PDF ပြော

၁၃၊ အောက်တိုဘာလ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုဟာ အောက်တိုဘာ၁၅ရက်နေ့မှာ ထိုးစစ်ဆင်မယ်လို့ သတင်းရရှိထားတဲ့အတွက် ပြည်သူတွေအနေနဲ့ လုံခြုံရေးသတိရှိကြဖို့ စစ်ကိုင်းတိုင်း၊ယင်းမာပင်ပြည်သူ့ကာကွယ်ရေးတပ်က ဒီနေ့ထုတ်ပြန်လိုက် ပါတယ်။ ဒါ့ကြောင့် စစ်အုပ်စုစခန်းချရာနေရာအနီးနဲ့ လမ်းဘေးဝဲယာနေထိုင်ကြတဲ့ပြည်သူတွေအနေနဲ့ ဘေး လွတ်ရာကိုပြောင်းရွှေ့နေထိုင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။ ‘၁၅ရက်နေ့ဆိုတာ ကျွန်တော်တို့လည်းသတင်းကြားပါတယ်။သတိရှိဖို့လည်းလိုပါတယ်။အခုလောလော [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အာဆီယံအထူးသံတမန် ဘယ်သူ့ကိုမဆို တွေ့နိုင်အောင် စစ်အုပ်စုစီစဉ်ပေးဖို့ အီးယူတောင်းဆို

၁၃၊ အောက်တိုဘာလ၊ ၂၀၂၁။ အာဆီယံအထူးသံတမန် တွေ့ဆုံလိုတဲ့ မည်သူ့ကိုမဆို လွတ်လပ်စွာတွေ့ဆုံနိုင်အောင် အကြမ်းဖက် စစ်အုပ်စုအနေနဲ့ ဆောင်ရွက်ပေးရမယ်လို့ ဥရောပသမဂ္ဂကတောင်းဆိုလိုက်ပါတယ်။ အာဆီယံအထူးသံတမန်ရဲ့ ဆောင်ရွက်ချက်တွေကို ပံ့ပိုးကူညီရေးနဲ့စပ်လျဉ်းပြီး ဥရောပသမဂ္ဂကိုယ်စားအထူးကိုယ်စားလှယ်ရဲ့ထုတ်ပြန်ချက်ကို မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂရုံးက ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။ အာဆီယံအထူးသံတမန်က မြန်မာနိုင်ငံသို့ ပုံမှန်လာရောက်ရာမှာ [ဆက်လက်ဖတ်ရှုရန်]