ဒေသအလိုက် သတင်းကဏ္ဍ

မြောင်မြို့ကို အင်အားဖြည့်လာတဲ့ စစ်အုပ်စုယာဉ်တန်း မိုင်းထိ

၁၆၊ အောက်တိုဘာလ၊ ၂၀၂၁။ ကင်းလမ်းခွဲကနေ မြောင်မြို့ပေါ်ကို အင်အားဖြည့်ဖို့ လာရောက်ခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ယာဉ်တန်း မိုင်းခွဲခံရပြီး ယာဉ်နှစ်စီးထိခိုက်သွားခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၁၆ရက်နေ့ မနက် ၉နာရီ ၃၀မိနစ်ခန့်မှာ စစ်အုပ်စုရဲ့ ယာဉ်တန်းကို ပဒေသာမိုင်း [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ဘောလုံးအတွက် အာရုံပြန်စိုက်ဖို့ လိုပြီလို့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို နည်းပြဆိုးလ်ရှားပြော

၁၆၊ အောက်တိုဘာလ၊ ၂၀၂၁။ ကိုဗစ်ကာလမှာ ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေအတွက် အားတက်သရော ကူညီပေးခဲ့တဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို နည်းပြဆိုးလ်ရှားက ဘောလုံးအတွက် အာရုံပြန်စိုက်ဖို့ လိုပြီလို့ အသိပေးပြောကြားလိုက်ပါတယ်။ အင်္ဂလန်နဲ့ မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ မကြာသေးမီ ကာလတွေက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ချင်းနဲ့စစ်ကိုင်းကို စစ်အုပ်စု ထိုးစစ်ဆင်နေမှု ဗြိတိန်သံရုံး အနီးကပ်စောင့်ကြည့်နေ

၁၅၊ အောက်တိုဘာလ၊ ၂၀၂၁။ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့မှာ မြန်မာစစ်တပ်က စစ်အင်အားဆက်လက်တိုးမြှင့်နေခြင်းနဲ့ တိုက်ပွဲသတင်းတွေကို ယူကေအစိုးရက အနီးကပ်စောင့်ကြည့်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာဗြိတိန် သံရုံးက ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။ ကြီးမားတဲ့ ထိုးစစ်ဆင်မှုဟာ လူမှုအသိုက်အ၀န်းနဲ့သူတို့ရဲ့ သက်မွေး၀မ်းကျောင်းလုပ်ငန်းတွေ၊ပိုင်ဆိုင်မှုနဲ့ ဘာသာရေး၀တ်ပြုရာနေရာတွေကို ထိခိုက်စေနိုင်တဲ့အတွက် စိုးရိမ်မကင်းဖြစ်မိတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

အသင်းကနေ ထွက်ခွာချင်ပြီလို့ မန်စီးတီးတောင်ပံကစားသမား စတာလင်ထုတ်ပြော

၁၅၊ အောက်တိုဘာလ၊ ၂၀၂၁။ မန်စီးတီးအသင်းနဲ့ အင်္ဂလန် တောင်ပံကစားသမား စတာလင်ဟာ အသင်းကနေထွက်ခွာချင်နေပြီး စိန်ခေါ်မှုအသစ်တွေကို အလိုရှိနေပြီလို့ ထုတ်ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ အင်္ဂလန်အတွက် အဓိက နေရာကနေ ပါဝင် ကစားခဲ့တဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ချင်းလူ့အခွင့်အရေးအဖွဲ့ရုံးကို စစ်အုပ်စုက ဝင်ရောက်စီးနင်း         

၁၅၊ အောက်တိုဘာလ၊ ၂၀၂၁။ ဟားခါးမြို့မှာရှိတဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)ရုံးကို အကြမ်းဖက်စစ်အုပ်စုက သော့ဖျက်ဝင်ရောက်ကာ ရုံးတွင်းပစ္စည်းတွေကို လုယူသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အောက်တိုဘာလ ၁၅ရက်နေ့ နေ့လည် ၂နာရီ ၄၅မိနစ်ခန့်မှာ ချင်းလူ့အခွင့်အရေးအဖွဲ့ရုံးကို စစ်အုပ်စုက အင်အားအများပြားနဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အာဆီယံအထူးသံ လာရောက်ရေးမှာ အဆင်ပြေစေဖို့ ဗြိတိန်နဲ့ အီးယူအပါ နိုင်ငံပေါင်း ၈နိုင်ငံ ပူးတွဲကြေညာချက်ထုတ်

၁၅၊ အောက်တိုဘာလ၊ ၂၀၂၁။ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံရဲ့ လုပ်ငန်းတွေနဲ့ ပတ်သတ်ပြီး ပံ့ပိုးကူညီဖို့ ဥရောပသမဂ္ဂ(အီးယူ)အပါအဝင် ဗြိတိန် ၊ ဩစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ တောင်ကိုရီးယား၊ အရှေ့တီမောနဲ့ အမေရိကန်တို့က ပူးတွဲကြေညာချက်တစောင်ကို ဒီကနေ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဘေရွတ်မြို့ဆန္ဒပြမှုအတွင်း ပစ်ခတ်မှုတွေဖြစ်လို့ လူ ၆ ဦးသေဆုံးပြီး ၃၀ ဒဏ်ရာရ

၁၅၊ အောက်တိုဘာလ၊ ၂၀၂၁။ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့မှာ ဆန္ဒပြပွဲမှာ ပစ်ခတ်လို့ လူ ၆ ဦး သေဆုံးပြီး ၃၀ ဦး ဒဏ်ရာရ ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ဩဂုတ်လမှာ ဘေရွတ်ဆိပ်ကမ်း ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ [ဆက်လက်ဖတ်ရှုရန်]

သရော်စာကဏ္ဍ

ပလာတာတပ်မတော်၊ခိုးဆိုးတပ်မတော်

၁၅၊ အောက်တိုဘာလ၊ ၂၀၂၁။ ထုဟယ်ထောင်းဟယ် ငါးဖယ်ရယ်နဲ့ တော်ကီတို့မြန်မာနိုင်ငံသားတွေအတွက် လောကဓံမှမရှိရင် ထမင်းစားမမြိန်သလိုဘဝမျိုးမို့ တော်ရုံဆို ရယ်ကာမောကာနဲ့ ဟာသတွေဘာတွေတောင်ဖြစ်လို့။မှတ်မိ သေးတယ်ဟုတ်၊နွေဦးတော်လှန်ရေးတစ်လကျော်နှစ်လလောက်က ကျောက်မြောင်းမှာ စစ်သားတွေ တောင် ပစ်မြောက်ပစ်နဲ့ ပြည်သူတွေပြေးကြလွှားကြတော့ ပလာတာသည်ကြီးလည်းပြေးရတယ်မဟုတ်လား။ဒါနဲ့ အ ငတ်တပ်ကြီးက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုလဲမြို့နယ်အတွင်း ရဲကိုလိုင်းကြေးပေးပြီး စီးပွားဖြစ်ဂျင်ဝိုင်းတွေဖွင့်နေ

၁၅၊ အောက်တိုဘာလ၊ ၂၀၂၁။ အာဏာသိမ်းပြီးချိန်ကစလို့ စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်အတွင်းက ရွာအချို့မှာ ရဲကိုလိုင်းကြေးပေးပြီး စီးပွား ဖြစ် ဂျင်ဝိုင်းတွေဖွင့်နေကြတယ်လို့သိရပါတယ်။ ပုလဲမြို့နယ်၊မွေ့တုံ၊သရက်ခြံဝိုင်းနဲ့ ပန်းရွာဝိုင်းတို့မှာ ဂျင်ဝိုင်းရှိပြီး သရက်ခြံဝိုင်းကဂျင်ဝိုင်းဟာ အကြီးဆုံး ဖြစ်တယ်လို့ ပုလဲဒေသခံတွေက ဆိုပါတယ်။ ‘ဒီလောက် တိုက်ပွဲတွေဖြစ်နေတာတောင် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုကပုသိမ်-ချောင်းသာကားလမ်းဘေးတောတွေကို နေ့စဥ်ရှာဖွေရေးလုပ်နေ

၁၅၊ အောက်တိုဘာလ၊ ၂၀၂၁။ ဧရာ၀တီတိုင်း ပုသိမ်မြို့နယ် ပုသိမ်ချောင်းသာကားလမ်းဘေးက သစ်တောတွေထဲကို အကြမ်းဖက်စစ်အုပ်စုက နေ့စဥ်အင်အားသုံးရှာဖွေမှုတွေ ပြုလုပ်နေတယ်လို့ဆိုပါတယ်။ အောက်တိုဘာလ၁၃ရက်နေ့ ညထဲက စတင်ရှာဖွေနေတာဖြစ်ပြီး တောထဲမှာ မသင်္ကာစရာကားတစ်စီးနဲ့ လူတချို့တွေ့တယ်လို့ ဒလန်တွေက သတင်းပေးလို့ ခုလိုရှာနေတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]