ချင်းလူ့အခွင့်အရေးအဖွဲ့ရုံးကို စစ်အုပ်စုက ဝင်ရောက်စီးနင်း         

၁၅၊ အောက်တိုဘာလ၊ ၂၀၂၁။

ဟားခါးမြို့မှာရှိတဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)ရုံးကို အကြမ်းဖက်စစ်အုပ်စုက သော့ဖျက်ဝင်ရောက်ကာ ရုံးတွင်းပစ္စည်းတွေကို လုယူသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာလ ၁၅ရက်နေ့ နေ့လည် ၂နာရီ ၄၅မိနစ်ခန့်မှာ ချင်းလူ့အခွင့်အရေးအဖွဲ့ရုံးကို စစ်အုပ်စုက အင်အားအများပြားနဲ့ ဖျက်ဆီးဝင်ရောက်ခဲ့တာပါ။

“ရုံးကပိတ်ထားတာ ဘယ်သူမှမရှိဘူး၊ သော့ကို သေနတ်နဲ့ပစ်ဖွင့်ပြီးတော့ အထဲကပစ္စည်းတွေကို ရှာဖွေပုံရတယ်၊ ပြီးတော့သိမ်းသွားတာတွေရှိတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ချင်းလူ့အခွင့်အရေးအဖွဲ့ဟာ ချင်းပြည်နယ်အတွင်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ရာဇဝတ်ကျူးလွန်မှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ အဖွဲ့တစ်ခုဖြစ်ပြီး စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေနဲ့ ပက်သက်ပြီး အစီရင်ခံစာတွေကိုလည်း ပုံမှန်ထုတ်ပြန်လေ့ရှိတဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။

ဓာတ်ပုံ- CJ