ပလာတာတပ်မတော်၊ခိုးဆိုးတပ်မတော်

၁၅၊ အောက်တိုဘာလ၊ ၂၀၂၁။

ထုဟယ်ထောင်းဟယ် ငါးဖယ်ရယ်နဲ့ တော်ကီတို့မြန်မာနိုင်ငံသားတွေအတွက် လောကဓံမှမရှိရင် ထမင်းစားမမြိန်သလိုဘဝမျိုးမို့ တော်ရုံဆို ရယ်ကာမောကာနဲ့ ဟာသတွေဘာတွေတောင်ဖြစ်လို့။မှတ်မိ သေးတယ်ဟုတ်၊နွေဦးတော်လှန်ရေးတစ်လကျော်နှစ်လလောက်က ကျောက်မြောင်းမှာ စစ်သားတွေ တောင် ပစ်မြောက်ပစ်နဲ့ ပြည်သူတွေပြေးကြလွှားကြတော့ ပလာတာသည်ကြီးလည်းပြေးရတယ်မဟုတ်လား။ဒါနဲ့ အ ငတ်တပ်ကြီးက သေနတ်တွေဘာတွေခဏချ၊လူလစ်ပြီအထင်နဲ့ ပလာတာဝိုင်းကြိတ်လိုက်ကြတာ ခြေဆော့ လက်ဆော့တတ်သူလေးက မှတ်တမ်းတင်လိုက်တာတောင် မသိလိုက်ဘူး။

မှတ်တမ်းတင်ပြီးတော့လည်း ကိုယ့်မှတ်တမ်းလေးလည်း လူသိစေချင်၊ပလာတာလည်းလုမှာပဲဆိုတဲ့ ဒိုင်းညှောင်တပ်ကြီးအကြောင်းကိုလည်း အများပြည်သူ ဟားစေချင်တဲ့စေတနာနဲ့ ပွတ်သဘင်ကွန်ရက်တခွင် ဆီ ကလစ်လိုက်လေတော့ ဘယ်ကြာလိမ့်မတုန်း။နာမည်ပေးကင်ပွန်းတပ်ပွဲကြီးက စတင်လိုက်တာ ပလာ တာတပ်မတော်ဆိုလား၊သာဝခမျာ နှာနုဖြတ်ရိုက်ခံရသလို ဂိန်ခနဲအော်လိုက်တာအသံကိုပြာလို့ ။ကြိုင်ကြိုင် တို့မင်းမူခဲ့တဲ့ ကြိုင်ကြိုင့်တပ် မတော်ကနေ ကြူကြူတို့ LV စတိုင် နဲ့ မလိုင်ရက်နေတဲ့တပ်မတော်ကြီးဖြစ် တော့ ပလာတာကိုတောင်လု စားရတဲ့ ပလာတာတပ်မတော်ဖြစ်တော့ တယ်။

ပလာတာတပ်မတော်ကြီးက ပလာတာကနေ ရေသန့်ဗူး၊ပြီးတော့ လက်ကတဖြည်းဖြည်းရဲလာတော့ အချိုရည်ဆိုလည်းလာ ထား။အစားအသောက်ကနေ မိမဆုံးမဖမဆုံးမ မုန်ထလာတော့ လူကိုလည်းဖမ်း၊ပ စ္စည်း လည်းမ၊ငွေမြင်ရင်ငွေသမ၊ရွှေမြင်ရင်လည်း ရွှေသမလို့ ။သာဝဆိုတာက စီမံခန့်ခွဲမှုကောင်းလေတော့  ငါတို့ရဲဘော်တွေ ငါ့အမှုတော်ပင်ပန်းတကြီးထမ်းလေခြင်းအတွက် ဘောနက်စ်အဖြစ် ရတာအကုန်ယူကြ ဆို လား။တော်ကီတို့ဖြုံရတဲ့ ပလာတာတပ်မတော်ကနေ ခိုးဆိုးတပ်မတော်အဖြစ် ရွပ်ရွပ်ချွန် ရှေ့သို့ချီကြတယ်။
ပလာတာတွေခိုးဆိုးလုယက်တွေပဲလားဆိုတော့ ဘယ်ဟုတ်ပါ့မလဲ။ ဒီနွေဦးမှာ လေရူး တွေက သူ့ဂွင် နဲ့သူဆိုတော့ စရခ နဲ့နယ်မြေခံရဲတွေ ပေါင်းချက်တဲ့အကွက်ကလည်း လွှတ်ပေးရမလား သိန်း၃၀တဲ့။သိန်း၃၀ ဆိုတာတစ်ခွန်းဈေးတော့ဘယ်ဟုတ်ပါ့မလဲ၊အရင်ရွှေဘုံသာလမ်းက သူခိုးဈေးလိုဆိုတော့ ရဲရဲသာဆစ်ပစ်။

မိဘတွေခမျာ ကိုယ့်သားသမီး ထောင်ထဲ လုံးတီးဆွဲရမယ့်အဖြစ်မျိုး မကြုံစေချင်တော့လည်း ရှိစုမဲ့စု လည်းထုတ်ပေးရ၊တချို့လည်း ပိုက်ဆံပေးပြီး  ပြန်မလွတ်လေတော့ အဂတိကော်မရှင်သွားတိုင်ရင်လည်း ကိုယ်ပါအဖမ်းခံရမယ့်ကိန်းမို့ ကြိတ်ခံရတော့တယ်။စစ်တို့ရဲတို့ ထောင်ဝါဒါတို့ဆိုတာက ငွေနဲ့ပတ်သက်လာရင် မျက်နှာပြောင်ချက်က ရေညှိတောင်အဘခေါ်ရတဲ့အစားမို့ ပြန်တောင်းလည်း လိုင်းကားခတောင် ဘယ်ပြန်ရ တော့မလဲ။

အခုလည်း နောက်ထပ်ရေခတ်ချက်က ပြည်သူတွေဆီက ဆွဲစရာနှိုက်စရာသိပ်မကျန်တော့ ကိုယ့်အ ချင်းချင်းလည်းမချန် ဇာတ်တူသားစားရတော့တယ်။မစားလို့လည်းမရဘူးလေ။သာဝရဲ့ညွှန်ကြားချက်က တိုင်းပြည်ဘတ်ဂျက်ကိုချွေတာ၊ ကိုယ့်အသုံးစရိတ်ကိုယ့်ဘာသာရှာ ၊ကိုယ့်နယ်ကမီး ကိုယ့်ဘာသာငုံပြီး ငြိှမ်းရမယ်ဆိုတော့ ပိုက်ဆံမရှိလို့ ကိုယ့် မိန်းမကို ဟိုအတန်းပို့ရသလို ရှာရတော့တယ်။

စစ်ကားကြီးနဲ့ပြေးရလွှားရ ဆီဖိုးလည်းကိုယ့်ဘာသာစိုက်။စစ်ခွေးတွေ ပြေးပြေးလွှားလွှား ဖမ်းဖမ်း ဆီးဆီး ပစ်ပစ်ခတ်ခတ် စိတ်ပါလက်ပါလုပ်ချင်လာအောင် ကျွေးရမွေးရ မဝရေစာလည်း ကိုယ့်ဘာသာစိုက် ဆိုတော့ ရိုက်စရာဂွင်က အထည်ကြီးကြီး အသီးလှလှဆိုလို့ တစ်ပေါက်တည်း။

ကိုယ့်ဝမ်းစိုအောင် ကျွေးထားမွေးထားပြီး တရားမဝင်တာကို တရားဝင်သလို ဗြောင်ဖွင့်နေတဲ့ ဘား တွေကလပ်တွေဘက်လှည့်ရတော့တယ်။မရမ်းကုန်းက Brave Bar ကာဖျူးထုတ်ထားတဲ့ ည၁၂နာရီမထိုးခင် ဝင်ဖမ်းတော့ သာဝရဲ့ကာဖျူးကို လှန်ပြနေတဲ့ မောင်မောင်မယ်မယ်လေးများ လူ၂၀၀ကျော်ကြီးတုန်း ပွတ်သ ဘင် ဆင်ယင်လို့။လာဖမ်းပါတယ်ဆိုပေမဲ့ ဟိုအတန်းထဲရဲဝင်သလို ဘယ်ဟုတ်မလဲ။ရှိတ်မပျက်၊ကိတ်မပျက် ။ သည်းနေကဲနေတဲ့ မဒီလေးတစ်ယောက်က လာဖမ်းတဲ့စစ်ဒေသမှူးကြီးရှေ့ ပေါ်လုလုဖင်ကိုလှုပ် ပြနေတော့ သက်ပြင်းကိုမြန်မြန်ချပြီး မျက်လုံးတော်မြန်မြန်လွှဲလိုက်ရသတဲ့။

ဘာပဲဖြစ်ဖြစ် လူမြင်ကောင်းအောင်တော့ ရဲစခန်းကို ခေါ်သွားရတယ်။ဟိုရောက်တော့ အဘကြီး တို့နဲ့ ပတ်သက်ရာပတ်သက်ကြောင်းတွေ ဒီဘက်လာ၊အလေးပြု၊ကျိုးနွံကာ အိမ်တိုင်ရာရောက်ပို့။ကျန်မကင်း ရာမကင်းကြောင်းအဆင့်တွေကတော့ လာထား။တစ်ယောက်ကို ၅သိန်းလည်းဟုတ်၊၁၀သိန်းလည်းဟုတ်။

ဘာပဲဖြစ်ဖြစ် ညဝက်လောက်အိပ်ရေးပျက်ခံလိုက်ရုံနဲ့ သိန်း၁၀၀၀လောက် ရတဲ့အလုပ် ဒီခေတ်ထဲ ဘယ်မှာ သွားရှာ လိမ့်မတုန်း။ရန်ပုံငွေ ဆိုပြီး နည်းနည်းထည့်၊ကိုယ့်အိတ်ထဲများများထည့်။ပြီးတော့  ရဲရင့် တယ်လို့အမည်ရတဲ့ Brave Bar ကို ရဲရင့်စစ်သူကြီးက မျက်နှာကြီးမျက်နှာသေး မရွေး ဥပဒေနဲ့အ ညီဖမ်း ဆီးနေပုံပေါ့။ တောင်ထိုးမြောက်ထိုး လက်ညှိုးထိုးအမိန့်ပေးနေတဲ့ဓာတ်ပုံနှစ်ပုံ လောက် သေချာ သိမ်းထား ရဦးမှာပေါ့။

သိပ်မကြာခင် သာဝတို့ တစ်သိုက် သူတို့ကြိုက်တဲ့မြေအောက်လမ်းကနေ ငရဲထိရောက်အောင် ထွက်ပြေးရဖို့ များနေတော့ ဒီလိုဓာတ်ပုံမျိုးနဲ့ အလျှောက်ကောင်းခဲ့ရင် ဖရဲသီးကြီးပါဆိုပြီး နောင်တစ် ခေတ်မှာ စင်ပေါ်ဆက်ရောက်နိုင်တယ်မဟုတ်လား။

တစ်ချိန်မှာ တော်ကီတို့ပြည်သူတွေ အလေးမပြုရဘူးလို့ ဘယ်သူပြောနိုင်မလဲ။တော်ကီတို့အကြိုက် ၊အစ်ကိုကာလသားတို့အကြိုက် လုံးကြီးပေါက်လှ ဖရဲ သီးလှလှ ရဲရဲကိုတောက်လို့။ မျက်နှာ ပြောင်ရဲလို့ ကျပ်မပြည့်တာတောင်  တပ်ချုပ်ဖြစ်နိုင်တဲ့ခေတ်မဟုတ်လား။

                                                                                    တော်ကီ