မြောင်မြို့ကို အင်အားဖြည့်လာတဲ့ စစ်အုပ်စုယာဉ်တန်း မိုင်းထိ

၁၆၊ အောက်တိုဘာလ၊ ၂၀၂၁။

ကင်းလမ်းခွဲကနေ မြောင်မြို့ပေါ်ကို အင်အားဖြည့်ဖို့ လာရောက်ခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ယာဉ်တန်း မိုင်းခွဲခံရပြီး ယာဉ်နှစ်စီးထိခိုက်သွားခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၆ရက်နေ့ မနက် ၉နာရီ ၃၀မိနစ်ခန့်မှာ စစ်အုပ်စုရဲ့ ယာဉ်တန်းကို ပဒေသာမိုင်း သုံးလုံးတွဲနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကားနှစ်စီး ထိခိုက်သွားတယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မိုင်းထိပြီးနောက်မှာ စစ်အုပ်စုက လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် စစ်အုပ်စုရဲ့ ထိခိုက် သေဆုံးမှုကိုတော့ အတည်မပြုနိုင်ခဲ့ဘူးလို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့၊ မြင်းခြံအခြေစိုက် (၂၇) Revolution Force နဲ့ မဟာမိတ်ညီနောင်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။