အားကစားကဏ္ဍ

လိုက်ဇစ်နဲ့ ချန်ပီယံလိဂ် ပွဲစဉ်ဟာ အခက်ခဲဆုံးဖြစ်လာလိမ့်မယ်လို့ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုပြော

၁၉၊ အောက်တိုဘာလ၊ ၂၀၂၁။ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုက ဒီကနေ့မှာ ကစားမယ့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်ဟာ ခက်ခဲနိုင်မယ့် ပွဲစဉ်မျိုးဖြစ်ပြီး ဂျာမနီကလပ် လိုက်ဇစ်အသင်းဟာ မာကျောတဲ့အသင်းတစ်သင်းဖြစ်တယ်လို့ ဖွင့်ဟလိုက်ပါတယ်။ ဂျာမနီကလပ် လိုက်ဇစ်အသင်းဟာ ပြီးခဲ့တဲ့ ရာသီမှာ တာထွက်ကောင်းပြီး ရာသီပိတ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ရေငုပ်သင်္ဘောကနေ ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှု မြောက်ကိုရီးယား ပြုလုပ်ခဲ့တယ်လို့ တောင်ကိုရီးယားပြော

၁၉၊ အောက်တိုဘာလ၊ ၂၀၂၁။ မြောက်ကိုရီးယားနိုင်ငံဟာ ရေငုပ်သင်္ဘောကနေ ပဲ့ထိန်းဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုပြုလုပ်ခဲ့တယ်လို့ တောင်ကိုရီးယားနိုင်ငံက ဒီကနေ့မှာ အသိပေးပြောကြားလိုက်ပါတယ်။ စမ်းသပ်မှုကို ဒီကနေ့ အောက်တိုဘာ ၁၉ ရက်၊ အင်္ဂါနေ့မှာ မြောက်ကိုရီးယားနိုင်ငံက ပြုလုပ်ခဲ့တာဖြစ်ပြီး ဆင်ပိုဆိပ်ကမ်းအနီးဝန်းကျင်ကနေ ဂျပန်ကမ်းလွန်ပင်လယ်ပြင်ထဲ  ပစ်လွှတ်စမ်းသပ်လိုက်တာပါ။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

နိုင်ဂျီးရီးယားမှာ ဓါးပြအုပ်စုတစ်စုက စျေးအတွင်း ဝင်ရောက်ပစ်ခတ်လို့ လူ ၄၃ ဦးသေ

၁၉၊ အောက်တိုဘာလ၊ ၂၀၂၁။ နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ဆိုကိုတိုစျေးမှာ လက်နက်ကိုင်ဓါးပြတွေ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်လို့ လူပေါင်း ၄၃ ဦး သေဆုံးခဲ့ရပါတယ်။ ပစ်ခတ်သတ်ဖြတ်မှုဟာ အောက်တိုဘာ ၁၈ ရက်၊ မနေ့က ဖြစ်ခဲ့တာတာပါ။ ဒီပစ်ခတ်သတ်မဖြတ်မှုမဖြစ်ခင်ကတည်းက ဆိုကိုတိုပြည်နယ်ဟာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခရမ်းအုပ်ကြီးတွေကို လုံခြုံရေးအာမခံချက်ပေးမယ်လို့ ရဲအရာရှိကြီးတစ်ဦးပြောပြီး အလုပ်ပြန်ဝင်ခိုင်း

၁၉၊ အောက်တိုဘာလ၊ ၂၀၂၁။ နုတ်ထွက်ခဲ့တဲ့ရန်ကုန်တိုင်း၊ခရမ်းမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ရဲအရာရှိကြီးတစ်ဦးက လုံခြုံရေးအာမခံချက်ပေးပြီး အလုပ်ပြန်ဝင်ဖို့ တိုက်တွန်းခဲ့တယ်လို့သိရပါတယ်။ အောက်တိုဘာ၁၆ရက်နေ့မှာ ရန်ကုန်တိုင်း၊ခရမ်းမြို့ပေါ်ကို ရဲအရာရှိကြီးတစ်ဦးရောက်လာကာ နုတ်ထွက်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဒေသခံနွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်မှာ ဖော်ပြထားပါ တယ်။ ရဲအရာရှိကြီးနဲ့တွေ့ဆုံပွဲကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေး ကျောက်ဝိုင်းအနီး ဗုံးပေါက်

၁၉၊ အောက်တိုဘာလ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုက ဖိအားပေး ပြန်လည်ဖွင့်လှစ်ထားတဲ့ မဟာအောင်မြေမြို့နယ် ကျောက်မျက်ရောင်းဝယ်ရေးစခန်း (ကျောက်ဝိုင်း) အနောက်ဘက်မှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ အောက်တိုဘာလ ၁၉ရက်နေ့ မနက် ၁၀နာရီခန့်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်မှုရှိမရှိကိုတော့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

၅။ဖိအားတွေကြောင့်နိုင်ကျဉ်းပြန်လွှတ်တာက စစ်အုပ်စုသဘောထားပြောင်းတာမဟုတ်ဘူးလို့ ကုလ အထူးကိုယ်စားလှယ်ပြော

၁၉၊ အောက်တိုဘာလ၊ ၂၀၂၁။ နိုင်ငံရေးအကျဉ်းသားတွေကိုပြန်လွှတ်ပေးတာဟာ နိုင်ငံတကာနဲ့ပြည်တွင်းဖိအားတွေကြောင့်ဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုက သဘောထားပြောင်းလဲလာတာမဟုတ်ဘူးလို့ ကုလအထူးကိုယ်စားလှယ် တွန်အန်ဒရူးကပြောပါတယ်။ စစ်အုပ်စုအနေနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၅၀၀၀ကျော်ကို ပြန်လွှတ်ပေးတဲ့အပေါ်ကြိုဆိုပေမယ့် ဒါဟာ အာဏာသိမ်းမှုဖြစ်စဉ်အတွင်း မတရားဖမ်းဆီးခံထားရတဲ့သူတွေဖြစ်တယ်ဆိုတာကို မမေ့ကြဖို့ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စာလှယ် တွန်အန်ဒရူးစ်ကဆိုပါတယ်။ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မိုးကုတ်က ဓားစားခံသားအမိ ပြန်လွတ်

၁၉၊ အောက်တိုဘာလ၊ ၂၀၂၁။ ဓားစားခံအဖြစ် ဖမ်းဆီးထောင်ချခြင်းခံခဲ့ရတဲ့ မိုးကုတ်သပိတ်ခေါင်းဆောင်ရဲ့ ဇနီးနဲ့သမီး တို့ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ မနောညက နိုင်ငံရေးအကျဉ်းသား၈၀နဲ့အတူ မိုးကုတ်သပိတ်ခေါင်းဆောင်ဦးစိုးဌေးရဲ့ဇနီးနဲ့သမီးတို့ဟာ မန္တလေးဗဟိုအကျဉ်းထောင်ကနေ ပြန် လည်လွတ်မြောက်လာခဲ့တာပါ။ မိုးကုတ်သပိတ်ခေါင်းဆောင် ဦးစိုးဌေးကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းရမ်းထုတ်ပြီးနောက် သူ့နေအိမ်မှာ လာဖမ်းဆီးခဲ့ရာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒလန်လို့ယူဆသူ၆ဦး မတရားမှုတွေရပ်ဖို့ တောင်ဒဂုံပြောက်ကျားအဖွဲ့ သတိပေး

၁၉၊ အောက်တိုဘာလ၊ ၂၀၂၁။ ရန်ကုန်မြို့၊တောင်ဒဂုံမြို့နယ်၊ဗန္ဓုလအိမ်ယာအတွင်းရှိ ဒလန်လို့ယူဆသူ၆ဦးကို မတရားတဲ့လုပ်ရပ်မှန်သမျှ ရပ်တန့်ကြရန် MJF White Commandos အဖွဲ့က ပြင်းပြင်းထန်ထန်သတိပေးလိုက်ပါတယ်။ MJF White Commandos က အောက်တိုဘာ၁၈ရက်နေ့ရက်စွဲနဲ့ သတိပေးချက်ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ဒလန်လို့ယူဆသူ၆ဦးကို သူတို့ရဲ့နာမည်၊သူတို့နေထိုင်ရာတိုက်နံပါတ်နဲ့တကွ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုသိမ်မြို့ပေါ်က မိုင်တဲတာဝါတိုင် မိုင်းခွဲခံရ 

၁၉၊ အောက်တိုဘာလ၊ ၂၀၂၁။ ဧရာဝတီတိုင်း၊ပုသိမ်မြို့ ၊အမှတ် ၄ ရပ်ကွက် ၊အထက ၆ အနောက်ဘက်နားက မိုင်တဲတာဝါတိုင်ကို ဒီနေ့မနက် ၆ နာရီ ကျော်လောက်မှာ မိုင်းခွဲခံခဲ့ရတယ်လို့သိရပါတယ်။ အခုဖောက်ခွဲမှုကို ပုသိမ်မြို့ပြပျောက်ကျားအဖွဲ့ Area-14အဖွဲ့က ဆောင်ရွက်ခဲ့တာဖြစ်ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

နုတ်ထွက်ထားတဲ့ ခရမ်းအုပ်ကြီးအနည်းငယ် ရုံးပြန်ထိုင်

၁၉၊ အောက်တိုဘာလ၊ ၂၀၂၁။ ရန်ကုန်တိုင်း၊ခရမ်းမြို့နယ်အတွင်းရှိ နုတ်ထွက်စာတင်ထားတဲ့အုပ်ချုပ်ရေးမှူးအနည်းငယ် ရုံးပြန်ထိုင်နေပြီလို့ သိရပါတယ်။ ခရမ်းမြို့နယ်အတွင်းရှိ ၃ရပ်ကွက်၊၉ရပ်ကွက်၊၁၁ရပ်ကွက်၊ညောင်ပင်ကွင်းကျေးရွာနဲ့ကံသာရွာတို့က နုတ်ထွက်ထား တဲ့အုပ်ချုပ်ရေးမှူးတွေဟာ သူတို့ရဲ့အိမ်တွေမှာ ရပ်ကွက်အတွင်းနေထိုင်ကြောင်းထောက်ခံစာပြန်လုပ်ပေးနေတယ် လို့ ဒေသခံနွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်ကဖော်ပြပါတယ်။ ၉ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဒီနေ့ကစလို့ ရုံးပြန်ထိုင်မယ်လို့ ထောက်ခံစာလာလုပ်သူတွေကို [ဆက်လက်ဖတ်ရှုရန်]