ပုသိမ်မြို့ပေါ်က မိုင်တဲတာဝါတိုင် မိုင်းခွဲခံရ 

၁၉၊ အောက်တိုဘာလ၊ ၂၀၂၁။

ဧရာဝတီတိုင်း၊ပုသိမ်မြို့ ၊အမှတ် ၄ ရပ်ကွက် ၊အထက ၆ အနောက်ဘက်နားက မိုင်တဲတာဝါတိုင်ကို ဒီနေ့မနက် ၆ နာရီ ကျော်လောက်မှာ မိုင်းခွဲခံခဲ့ရတယ်လို့သိရပါတယ်။

အခုဖောက်ခွဲမှုကို ပုသိမ်မြို့ပြပျောက်ကျားအဖွဲ့ Area-14အဖွဲ့က ဆောင်ရွက်ခဲ့တာဖြစ်ပြီး ပြည်သူတွေထိခိုက်တာမရှိဘူးလို့သတင်းထုတ်ပြန်ထားပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့နေရာမှာ လုံခြုံရေးတင်းကြပ်ထားတဲ့ ပုသိမ်မြို့ပေါ်ရပ်ကွက်ထဲက မိုင်တဲတာဝါတိုင် ဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် တာဝါတိုင်အောက်ခြေမှာရှိတဲ့ စက်တွေနဲ့ ဝါယာကြိုးတွေအားလုံး ပျက်စီးသွားခဲ့တယ်လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲမှုအပြီးမှာတော့ မိုင်တဲတာဝါတိုင်အနီးကို စစ်အုပ်စုနဲ့ရဲတွေက စစ်ဆေးမှုတွေပြုလုပ်သွားခဲ့တယ်လို့သိရပါတယ်။