မိုးကုတ်က ဓားစားခံသားအမိ ပြန်လွတ်

၁၉၊ အောက်တိုဘာလ၊ ၂၀၂၁။

ဓားစားခံအဖြစ် ဖမ်းဆီးထောင်ချခြင်းခံခဲ့ရတဲ့ မိုးကုတ်သပိတ်ခေါင်းဆောင်ရဲ့ ဇနီးနဲ့သမီး တို့ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

မနောညက နိုင်ငံရေးအကျဉ်းသား၈၀နဲ့အတူ မိုးကုတ်သပိတ်ခေါင်းဆောင်ဦးစိုးဌေးရဲ့ဇနီးနဲ့သမီးတို့ဟာ မန္တလေးဗဟိုအကျဉ်းထောင်ကနေ ပြန် လည်လွတ်မြောက်လာခဲ့တာပါ။

မိုးကုတ်သပိတ်ခေါင်းဆောင် ဦးစိုးဌေးကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းရမ်းထုတ်ပြီးနောက် သူ့နေအိမ်မှာ လာဖမ်းဆီးခဲ့ရာ သူ့ကိုမတွေ့လို့ သမီး၂ယောက်နဲ့ ဇနီးတို့ကို ဓားစားခံအဖြစ်ဖမ်းဆီးခဲ့ပါတယ်။

သမီး၂ဦးအနက်တစ်ဦးဟာ အသက်၅နှစ်အရွယ်သာရှိသေးပြီးလဝက်ခန့်ကြာတဲ့အထိ ဖမ်းဆီးထားတဲ့အတွက် စစ်အုပ်စုရဲ့လုပ်ရပ်ဟာ နိုင်ငံတကာအထိ သတင်းဆိုးနဲ့ကျော်ကြားခဲ့ပါတယ်။

ဦးစိုးဌေးရဲ့ဇနီးနဲ့သမီးကြီးကိုတော့ မိုးကုတ်မြို့နယ်တရားရုံးက ပုဒ်မ၅၀၅(ခ)နဲ့ ဇူလိုင်၁၃ရက်နေ့မှာထောင်ဒဏ် ၃နှစ်စီချခဲ့ပါတယ်။

ယမန်နေ့ညက မန္တလေးဗဟိုအကျဉ်းထောင်ကနေ မတရားဖမ်းဆီးခံထားရတဲ့ အမျိုးသား၇၇ဦးနဲ့အမျိုးသမီး၃ဦး ပြန်လွတ်ခဲ့ပါတယ်။