၅။ဖိအားတွေကြောင့်နိုင်ကျဉ်းပြန်လွှတ်တာက စစ်အုပ်စုသဘောထားပြောင်းတာမဟုတ်ဘူးလို့ ကုလ အထူးကိုယ်စားလှယ်ပြော

၁၉၊ အောက်တိုဘာလ၊ ၂၀၂၁။

နိုင်ငံရေးအကျဉ်းသားတွေကိုပြန်လွှတ်ပေးတာဟာ နိုင်ငံတကာနဲ့ပြည်တွင်းဖိအားတွေကြောင့်ဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုက သဘောထားပြောင်းလဲလာတာမဟုတ်ဘူးလို့ ကုလအထူးကိုယ်စားလှယ် တွန်အန်ဒရူးကပြောပါတယ်။

စစ်အုပ်စုအနေနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၅၀၀၀ကျော်ကို ပြန်လွှတ်ပေးတဲ့အပေါ်ကြိုဆိုပေမယ့် ဒါဟာ အာဏာသိမ်းမှုဖြစ်စဉ်အတွင်း မတရားဖမ်းဆီးခံထားရတဲ့သူတွေဖြစ်တယ်ဆိုတာကို မမေ့ကြဖို့ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စာလှယ် တွန်အန်ဒရူးစ်ကဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ငွေကြေး၊ လက်နက်နဲ့ တရားဝင်မှုကို နိုင်ငံတကာအသိုက်အဝန်းကနေ ရရှိဖို့ကြိုးပမ်းနေပြီးလာမယ့်အာဆီယံအစည်းအဝေးမှာ အကြမ်းဖက် စစ်ခေါင်းဆောင်ကိုမ ဖိတ် တာနဲ့ ကုလသမဂ္ဂမှာစစ်အုပ်စုကိုယ်စားလှယ်နေရာမရတာဟာစစ်အုပ်စုရဲ့တရားဝင်မှုကို ငြင်းပယ် လိုက်တာလို့ တွန်အန်ဒရူးကဆိုပါတယ်။

နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ငွေကြေး၊လက်နက်နဲ့ တရားဝင်မှုကို ဆက်လက်ဖိအားပေးနိုင်မယ်ဆိုရင် မြန်မာနိုင်ငံသားတွေရဲ့လူ့အခွင့်အရေးကို ကာကွယ်ပေးရာရောက်မယ်လို့လည်း သူကပါတယ်။