ခရမ်းအုပ်ကြီးတွေကို လုံခြုံရေးအာမခံချက်ပေးမယ်လို့ ရဲအရာရှိကြီးတစ်ဦးပြောပြီး အလုပ်ပြန်ဝင်ခိုင်း

၁၉၊ အောက်တိုဘာလ၊ ၂၀၂၁။

နုတ်ထွက်ခဲ့တဲ့ရန်ကုန်တိုင်း၊ခရမ်းမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ရဲအရာရှိကြီးတစ်ဦးက လုံခြုံရေးအာမခံချက်ပေးပြီး အလုပ်ပြန်ဝင်ဖို့ တိုက်တွန်းခဲ့တယ်လို့သိရပါတယ်။

အောက်တိုဘာ၁၆ရက်နေ့မှာ ရန်ကုန်တိုင်း၊ခရမ်းမြို့ပေါ်ကို ရဲအရာရှိကြီးတစ်ဦးရောက်လာကာ နုတ်ထွက်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဒေသခံနွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်မှာ ဖော်ပြထားပါ တယ်။

ရဲအရာရှိကြီးနဲ့တွေ့ဆုံပွဲကို ခရမ်းမြို့ပေါ်က အုပ်ချုပ်ရေးမှူးတစ်ဦးသာ မတက်ခြင်းဖြစ်ပြီး ကျေးရွာအုပ် ချုပ်ရေးမှူးတချို့လည်း တက်ရောက်ကြတယ်လို့ သိရပါတယ်။

‘ရွာအုပ်ကြီးတွေတချို့ပါပါတယ်။မြို့ပေါ်က ၄ရပ်ကွက်အုပ်ကြီးကလွဲလို့ ကျန်တာအကုန်ပါပါတယ်။၄ရပ်ကွက်အုပ် ကြီးကဘုန်းကြီးဝတ်နေလို့ပါ’လို့ ခရမ်းအုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်တဲ့ မြို့ခံတစ်ဦးက Delta News Agencyကိုပြောပါ တယ်။

ရဲအရာရှိကြီးက လုံခြုံရေးအာမခံချက်ပေးမယ်လို့ပြောခဲ့ရာ အစည်းအဝေးတက်ကြတဲ့အုပ်ချုပ်ရေးမှူးတွေက အုပ်ချုပ်ရေးမှူးတစ်ယောက်ကို စစ်သားဘယ်နှယောက်နဲ့ အကာအကွယ်ပေးမလဲလို့ မေးခွန်းထုတ်ခဲ့တဲ့အကြောင်းအုပ်ချုပ်ရေးမှူးတိုင်းကိုစစ်သားတွေလိုက်မစောင့်ပေးနိုင်ပေမဲ့ တပ်အင်အားတိုးချ ပေးမှာဖြစ်သလို မလုံခြုံဘူးထင်ပါက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးထဲ ဝင်ပြေးပါက လက်ခံစောင့်ရှောက်ပေးမယ့်အ ကြောင်းခရမ်းပြည်သူတွေကို အုပ်ချုပ်ရေးမှူးမပါရင် မြို့ထဲအဝင်မခံဘူးလို့လုပ်ရင် အုပ်ချုပ်ရေးမှူးတွေကို မဖြစ် မနေ လက်ခံရမှာပဲလို့ ရဲအရာရှိကြီးကပြောတဲ့အကြောင်း ခရမ်းချန်နယ်မှာ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် အောက်တိုဘာ၁၇ရက်နေ့ကစလို့ ထောက်ခံစာအသစ်မပါရင် ခရမ်းမြို့အဝင်အထွက် ခွင့်မပြုတာမျိုး ဖြစ်လာတာလို့လည်းသိရပါတယ်။

ခရမ်းမြို့နယ်အတွင်းရှိ ၃ရပ်ကွက်၊၉ရပ်ကွက်၊၁၁ရပ်ကွက်၊ညောင်ပင်ကွင်းကျေးရွာနဲ့ကံသာရွာတို့က နုတ်ထွက်ထား တဲ့အုပ်ချုပ်ရေးမှူးတွေဟာယမန်နေ့က သူတို့ရဲ့အိမ်တွေမှာ ရပ်ကွက်အတွင်းနေထိုင်ကြောင်းထောက်ခံစာပြန်လုပ်ပေးနေတယ် လို့ ခရမ်းချန်နယ်ကဖော်ပြပါတယ်။