နိုင်ငံတကာရေးရာ

ယူအေအီးကို အဆင့်မြင့် လေကြောင်းကာကွယ်ရေးစနစ် ရောင်းချပေးဖို့ အစ္စရေး သဘောတူ 

အာရပ်နိုင်ငံ တစ်ခုဖြစ်တဲ့ ယူအေအီးဆီ နည်းပညာမြင့် လေကြောင်း ကာကွယ်ရေး စနစ်တစ်ခု ရောင်းချပေးဖို့ အစ္စရေးက သဘောတူညီလိုက်ပါတယ်။ ဒါဟာ ၂၀၂၀ ပြည့်နှစ်မှာ အစ္စရေးနဲ့ ယူအေအီးတို့ကြား တရားဝင် သံတမန် ဆက်ဆံရေး ပြန်လည် စတင်လာတဲ့နောက်ပိုင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မိုးဗြဲတိုက်ပွဲမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးထပ်မံကျဆုံး၊စစ်တပ်ကလည်း အကျအဆုံးရှိ

စစ်တပ်က မြို့ကိုစီးနင်းထားပြီးအင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်နေတဲ့ မိုးဗြဲမြို့မှာ ဒီကနေ့ မနက်အစောပိုင်း ကတည်းက တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ပြီး ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့တယ်လို့ မိုးဗြဲPDF ကထုတ်ပြန်ပါတယ်။ ဒီကနေ့တိုက်ပွဲဟာ မနက် သုံးနာရီကတည်းက စတင်ခဲ့ပြီး ညခြောက်နာရီအထိ တနေကုန်ပြင်းထန်ခဲ့တယ်လို့ သိ ရပါတယ်။တိုက်ပွဲအတွင်း စစ်တပ်ဘက်က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သေနတ်ဒဏ်ရာရလာတဲ့ ဖျာပုံရဲတဦးကို ရန်ကုန်ဆေးရုံကြီးဆီ အရေးပေါ်လွှဲပြောင်း

သေနတ်ဒဏ်ရာ အပြင်းအထန် ရရှိထားတဲ့ ဧရာဝတီတိုင်း ဖျာပုံမြို့က ရဲတပ်ဖွဲ့ဝင်တဦးကို ဖျာပုံခရိုင်ဆေးရုံကနေ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို စက်တင်ဘာ (၂၃) ရက် ဒီနေ့ နေ့လည်က အရေးပေါ်ပို့ဆောင်လိုက်ရတယ်လို့ မြို့ခံပရဟိတအဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။ ဒဏ်ရာတွေ ဘယ်လိုရရှိခဲ့တယ်ဆိုတာကိုတော့ ရဲတပ်ဖွဲ့နဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အလုပ်ပြန်ဝင်ချင်တဲ့ CDM ပညာရေးဝန်ထမ်းတွေ ငွေညှစ်ခံနေရ

ဧရာဝတီတိုင်း‌၊ ကျုံပျော်ခရိုင်အတွင်းရှိ မြို့နယ်ပညာရေးမှူးရုံးတွေက အကြောင်းအမျိုးမျိုးကြောင့် အလုပ်ပြန်ဝင်လာတဲ့ ပညာရေးဝန်ထမ်းနဲ့ CDM ဆရာ၊ ဆရာမ တွေဆီကနေ ငွေညှစ်တောင်းယူမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းခွင်ကို ပြန်လည်ဝင်ရောက်လိုတဲ့ သူတွေကို ပညာရေးမှူးရုံးရဲ့ ပွဲစားတွေဆီကတင့် ကျပ်( [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြဝတီမြို့မှာ လျှပ်စစ်မီး ရက်ရှည်ပြတ်တောက်နေလို့ ဆိုလာနဲ့ မီးစက်သုံးသူတွေ ပိုများလာပြီး ဈေးနှုန်းမြင့်လာ

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ လျှပ်စစ်ဓာတ်အား ရက်ရှည်ပြတ်တောက်မှုကြောင့် မြို့ခံတွေ ဆိုလာနဲ့ မီးစက် အသုံး ပြုမှုပိုများလာပြီး ဈေးနှုန်းတွေလည်း အနည်းငယ်မြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြဝတီမြို့မှာ ဩဂုတ်(၂၀)ရက်ညပိုင်းကစလို့ လျှပ်စစ်မီးပျက်နေတာဖြစ်ပြီး ဘယ်အချိန်ပြန်အသုံးပြုနိုင် မယ်ဆို တာကိုလည်း ရေရေရာရာမသိကြရလို့ဆိုလာနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုံရွာမြို့မှာမီးရှို့သတ်ဖြတ်ခံထားရတဲ့ အမျိုးသမီးရုပ်အ​လောင်း တလောင်းတွေ့

စစ်ကိုင်းတိုင်း​၊ မုံရွာမြို့မှာ ပီနံအိတ်ထဲထည့်ပြီး မီးရှို့သတ်ဖြတ်ခံထားရတဲ့ အသက်နှစ်ဆယ်ဝန်းကျင် အမျိုးသမီး ရုပ်အလောင်းတလောင်း ဒီနေ့မနက်ပိုင်းမှာ တွေ့ရှိရတယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်​ရေးအဖွဲ့(မုံရွာ)က ထုတ် ပြန်ပါတယ်။ မုံရွာမြို့ မြို့ပတ်လမ်း စက်မှုဇုန် အနီးမှာ အလောင်းတွေ့ရှိတာဖြစ်ပြီး ရုပ်အလောင်းဟာ လက်ပြန်ကြိုးတုပ်ခံ ထား [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တန့်ဆည်မြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူ တစ်သောင်းခုနစ်ထောင်အထိ ရှိနေပြီး အကူအညီလိုအပ်နေ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်း ကျေးရွာတွေက ပြည်သူတစ်သောင်းခွဲကျော် စစ်ဘေးတိမ်း ရှောင်နေကြ ရပြီး စားသောက်နေ ထိုင်ရေးအတွက် အကူအညီတွေလိုအပ်နေတယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။ “ရွာအတိအကျတော့ ကျွန်တော်တို့လည်းမပြောတတ်သေးဘူးဗျ၊ ဒီဘက်က camp တွေဘာတွေလည်းမရှိတော့ ဒီလိုပဲ အဆင်ပြေသလိုနေကြရတာ၊ ရဲဘော်တွေရော [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုန်းမြို့နယ်မှာ မိုင်းနင်းမိတဲ့ ဒေသခံပြည်သူတဦး စစ်တပ်ကြောင့် မသေသင့်ဘဲ သေခဲ့ရတယ်လို့ KNU ဆို

ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ အုပ်ချုပ်နယ်မြေ မုန်းမြို့နယ်ထဲမှာ မိုင်းနင်းမိပြီး ဒဏ်ရာရခဲ့တဲ့ ပြည်သူ တဦးဟာ စစ်တပ်ကြောင့် မသေသင့်ဘဲ သေဆုံးခဲ့ရတယ်လို့ KNU က ထုတ်ပြန်ပါတယ်။ မုန်းမြို့ဒေသခံ အသက် (၂၅) နှစ်အရွယ် စောအားထော်မူးဆိုသူအမျိုးသားဟာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုသိမ်မှာ ညမထွက်ရအမိန့် ထပ်ဆင့်ထုတ်

ဧရာဝတီတိုင်းရဲ့ မြို့တော် ပုသိမ်မြို့ မှာ ည( ၁၂) နာရီ ကနေ မနက်( ၄) နာရီအတွင်း ညမထွက်ရ ကန့်သတ်အမိန့်ကို စစ်ကောင်စီက စက်တင်ဘာ (၂၂) ရက်နေ့မှာ ထပ်ဆင့်ထုတ်ပြန် ကြေညာခဲ့ပါတယ် ။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့မှာ “ကလေးပါမကျန် သတ်တဲ့ဖက်ဆစ်တပ် ပြည်သူ့အားနဲ့အမြစ်ဖြတ်” စာတန်းနဲ့ဆန္ဒပြ

ကလေးမြို့က ကျောင်းသားလူငယ်တွေနဲ့ ပြည်သူတွေပါဝင်တဲ့ ကလေးမြို့ပင်ပသပိတ်စစ်ကြောင်းဟာ “ကလေးပါ မကျန် သတ်တဲ့ဖက်ဆစ်တပ် ပြည်သူ့အားနဲ့အမြစ်ဖြတ်” ဆိုတဲ့ စာတန်းကိုင်ဆောင်ပြီး ဒီကနေ့ စက်တင်ဘာ ၂၃ ရက် မနက်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။ “ဒီလောက်ကလေးတွေကို ရက်ရက်စက်စက်လုပ်နေတာကြီးကို မျက်ကွယ်မပြုသင့်ဘူး၊ နိုင်ငံတကာကလည်း [ဆက်လက်ဖတ်ရှုရန်]