ကလေးမြို့မှာ “ကလေးပါမကျန် သတ်တဲ့ဖက်ဆစ်တပ် ပြည်သူ့အားနဲ့အမြစ်ဖြတ်” စာတန်းနဲ့ဆန္ဒပြ

Photo – CJ

ကလေးမြို့က ကျောင်းသားလူငယ်တွေနဲ့ ပြည်သူတွေပါဝင်တဲ့ ကလေးမြို့ပင်ပသပိတ်စစ်ကြောင်းဟာ “ကလေးပါ မကျန် သတ်တဲ့ဖက်ဆစ်တပ် ပြည်သူ့အားနဲ့အမြစ်ဖြတ်” ဆိုတဲ့ စာတန်းကိုင်ဆောင်ပြီး ဒီကနေ့ စက်တင်ဘာ ၂၃ ရက် မနက်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။

“ဒီလောက်ကလေးတွေကို ရက်ရက်စက်စက်လုပ်နေတာကြီးကို မျက်ကွယ်မပြုသင့်ဘူး၊ နိုင်ငံတကာကလည်း သိနေပြီ၊အရေးယူမယ်လို့ လည်းမျော်လင့်တယ်” လို့ သပိတ်ခေါင်းဆောင်အမျိုးသမီးတဦးကပြောပါတယ်။

သပိတ်စစ်ကြောင်းမှာ ပါဝင်သူတွေက ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာမှာ စစ်တပ်က ကလေး ငယ်တွေကို သတ် ဖြတ်ခဲ့တဲ့အပေါ် ရှုတ်ချကန့်ကွက်ကြောင်း ပိုစတာတွေ၊ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။

ကလေးမြို့ပင်မသပိတ်ဟာ စစ်အာဏာရှင်စနစ်ကို ပျက်ရက်မရှိ သပိတ်မှောက်လာတာ ရက်ပေါင်း (၅၉၃) ရက်ရှိပြီဖြစ်ပါတယ်။