“ချုပ်ချယ်ရင် ရုန်းကန် ဖိနှိပ်ရင်တွန်းလှန် တိုက်ပွဲအောင်လံလွှန့်ကြထူကြ”ဆိုတဲ့ ကလေးသပိတ်

စစ်ကိုင်းတိုင်း ၊ ကလေးမြို့သပိတ်ကော်မတီနှင့် ကလေးမြိုနယ်ပြည်သူတွေ ပူးပေါင်းပြီး ” ချုပ်ချယ်ရင် ရုင်းကန် ဖိနှိပ်ရင်တွန်းလှန် တိုက်ပွဲအောင်လံလွှင့်ကြထူကြ ” စာတန်းကိုင်ဆောင်ပြီး သြဂုတ်လ ၁၄ ရက်နေ့ နေ့လယ်ပိုင်းမှာ အာဏာရှင်ကိုဆန့်ကျင်သပိတ်မှောက်ခဲ့ကြပါတယ်။
သပိတ်မှောက်ရာမှာ ” လုံးဝအုပ်ချုပ်ခွင့်မရစေရ၊ ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်” အစရှိတဲ့ ကြွေးကြော်သံတွေ ကို ကြွေးကြော်ခဲ့ကြတယ်လို့ သိရပါတယ်။
” ချုပ်ချယ်လို့မရဘူးဖိနှိပ်လို့မရဘူးဆိုတာကိုစစ်အာဏာရှင်ကိုသိစေချင်တာ” လို့သပိတ်ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
အခက်အခဲတွေရှိပေမယ့် တရားဥပဒေစိုးမိုးမှု နဲ့ လွတ်လပ်မှု ရရှိတဲ့အထိ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။
ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းဟာ ပျက်ရက်မရှိ သပိတ်မှောက်ခဲ့ကာ ၊ စစ်အာဏာရှင်ကို ဆန့်ကျင်သပိတ်မှောက်ခဲ့တာ ရက်ပေါင်း ၅၅၃ ရက်ရှိခဲ့ပြီဖြစ်ပါတယ်။