ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်နှစ်ဦးကို ဆီမီးထွန်းဂုဏ်ပြုခဲ့တဲ့ ကလေးမြို့ပင်မသပိတ်

ကလေးမြို့ပင်မသပိတ်အင်အားစုနဲ့ မြို့ခံပြည်သူတွေဟာ စစ်ကောင်စီကဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ ဒေသကာကွယ်ရေးအဖွဲဲ့ဝင် ရဲဘော်နှစ်ဦးအတွက် ဒီဇင်ဘာ( ၆) ရက် ဒီကနေ့ညမှာ အလေးပြုဆု တောင်းမှုတွေပြုလုပ်ခဲ့ကြတယ်လို့ သပိတ်အင်အား စုတွေဆီက သိရပါတယ်။

ကလေးမြို့အနောက်ပိုင်းမှာဒီဇင်ဘာ (၄) ရက်ကစစ်ကောင်စီစစ်ဆေးရေးအဖွဲ့နဲ့တွေ့ပြီးဖမ်းဆီးသတ် ဖြတ်ခံခဲ့ရတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင် ရဲဘော် ကိုခုပ်ပီးနဲကိုအောင်မင်းခန့်တို့ကို အလေးပြုကာ ဂုဏ်ပြုဖယောင်းထိုင်တွေထွန်းညှိခဲ့ကြတယ်လို့ သပိတ်ခေါင်းဆောင်တစ်ဦးကပြောပါတယ်။

သပိတ်မှာပါဝင်သူတွေက”ယုံကြည်ချက်ကို သေဒဏ်ချလို့မရ”၊”ငါတို့သည်တော်လှန်ရေးတွင် မြင့်မြတ်စွာရင်းနှီးပေးဆပ်ခဲ့ကြသူအပေါင်းတို့၏ ကျေးဇူးဂုဏ်ကို ဦးညွှတ်အလေးပြုပါသည်”ဆိုတဲ့စာတန်းတွေကိုင်ဆောင်ပြီး ကျဆုံးသွားတဲ့ ကလေးဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး၊လတ်တလော သေဒဏ်ချမှတ်ခံထားရတဲ့ ဒဂုံတက္ကသိုလ်ကျောင်း သား (၇) ဦးတို့နဲ့အတူရပ်တည်ကြောင်းပြသခဲ့ကြပါတယ်။

ကလေးမြို့ပင်မသပိတ်ဟာ စစ်အာဏာရှင် စနစ် ကိုပျက်ရက်မရှိသပိတ်မှောက်လာတာရက်ပေါင်း(၆၆၈)ရက်ရှိခဲ့ပါပြီ။