မုံရွာမြို့မှာမီးရှို့သတ်ဖြတ်ခံထားရတဲ့ အမျိုးသမီးရုပ်အ​လောင်း တလောင်းတွေ့

Photo – မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာ)

စစ်ကိုင်းတိုင်း​၊ မုံရွာမြို့မှာ ပီနံအိတ်ထဲထည့်ပြီး မီးရှို့သတ်ဖြတ်ခံထားရတဲ့ အသက်နှစ်ဆယ်ဝန်းကျင် အမျိုးသမီး ရုပ်အလောင်းတလောင်း ဒီနေ့မနက်ပိုင်းမှာ တွေ့ရှိရတယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်​ရေးအဖွဲ့(မုံရွာ)က ထုတ် ပြန်ပါတယ်။

မုံရွာမြို့ မြို့ပတ်လမ်း စက်မှုဇုန် အနီးမှာ အလောင်းတွေ့ရှိတာဖြစ်ပြီး ရုပ်အလောင်းဟာ လက်ပြန်ကြိုးတုပ်ခံ ထား ရပြီး ဓာတ်ဆီလောင်းမီးရှို့သတ်ဖြတ်ခံထားရတဲ့ အနေအထားနဲ့ တွေ့ရတယ်လို့ အဲ့ဒီအဖွဲ့ကဆိုပါတယ်။

လူမှုကယ်ဆယ်ရေး အဖွဲ့အနေနဲ့ အဲ့ဒီရုပ်အလောင်းတွေ့တဲ့အကြောင်းပြည်သူတဦးက ဖုန်းဆက်အကြောင်းလို့ သွားရောက်သယ်ဆောင်ကာ ဆေးရုံကြီးကိုပို့ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

သေဆုံးနေသူဟာ မုံရွာ မြို့ခံဟုတ်မဟုတ်နဲ့ ဘယ်သူဘယ်ဝါဆိုတာကိုတော့ မသိရသေးဘူးလို့ မုံရွာမြို့ခံတချို့က DNA ကိုပြောပါတယ်။
အာဏာသိမ်းပြီးနောက် မုံရွာမြို့မှာ ခိုး၊ဆိုး၊လုယက်မှု​တွေ၊ မုဒိမ်းကျင့်ပြီး လုယက်သတ်ဖြတ်မှု​တွေ ​နေ့စဥ်လိုလို ဖြစ်ပွား​နေသလို အုပ်စုဖွဲ့ဓါးပြတိုက်မှု​တွေလည်း မကြာခဏ ဖြစ်နေတာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း မုံရွာမြို့​ပေါ်မှာ ခိုးဆိုးလုယက်ပြီး မုဒိမ်းကျင့်လူသတ်​နေတဲ့ ဂိုဏ်းအဖွဲ့တစ်ဖွဲ့ကို ​ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ မုံရွာအ​ခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးအဖွဲ့တွေကလည်းမုံရွာမြို့​ပေါ်နဲ့ မုံရွာမြို့နယ်အတွင်းမှာ ခိုး၊ဆိုး၊ လုယက် လူသတ်တာ​တွေ ​နေ့စဥ်လုပ်​နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Delta News

Read Previous

တန့်ဆည်မြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူ တစ်သောင်းခုနစ်ထောင်အထိ ရှိနေပြီး အကူအညီလိုအပ်နေ

Read Next

မြဝတီမြို့မှာ လျှပ်စစ်မီး ရက်ရှည်ပြတ်တောက်နေလို့ ဆိုလာနဲ့ မီးစက်သုံးသူတွေ ပိုများလာပြီး ဈေးနှုန်းမြင့်လာ