
လိူင်မြို့နယ်မှာ သြဂုတ် ၃ ရက်ညက လမ်းဘေးရပ်ထားတဲ့ တက္ကစီကားတစီး ဘေးမှန်အခွဲခံရသလို အဲဒီမြို့နယ်မှာပဲ ဇူလိုင်လကုန်ပိုင်းက အိမ်စီးကားတစီး အလားတူ ကြုံခဲ့တာရှိတယ်လို့ သိရပါတယ်
၅ ၊ ဩဂုတ်
အခုနောက်ပိုင်းမှာ ရန်ကုန်မြို့မှာ ကားအစိတ်အပိုင်းခိုးတာအပြင် ကားမှန်ခွဲပြီး အတွင်းထဲက တန်ဖိုးရှိပစ္စည်း မွှေနှောက်ရှာယူတာတွေ ရှိနေပါတယ်။ လမ်းဘေး ရပ်ထားတဲ့ ကားတွေ မှန်ခွဲခံရတာတွေ ဆက်တိုက်ကြုံနေရတယ်လို့ ကားလောက အသိုင်းအဝိုင်းက ပြောပါတယ်။
“ကားဘေးမှန်ပါ ခွဲတဲ့အထိ အတင့်ရဲလာတာ။ ဆက်တိုက်ပဲ ကြားနေ၊ မြင်နေရတာ။ ကားထဲက တန်ဖိုးရှိပစ္စည်း မပါသွားရင်တောင် မှန်ဖိုးက အလကားဆုံးရှုံးရမှာ ” လို့ ကားဝယ်ရောင်းအကျိုးဆောင် လုပ်ငန်းလုပ်နေသူတဦးက ပြောပါတယ်။
အဲဒီလို ကားမှန်ခွဲခံရတာကို လှိုင်မြို့နယ်နဲ့ ဆက်စပ်မြို့နယ်တွေမှာ ဆက်တိုက်ကြုံနေရတာဖြစ်ပြီး ကျူးလွန်တဲ့ သူတွေကို ဖမ်းမိတာ မကြားရသေးဘူးလို့ မြို့ခံတွေက ဆိုပါတယ်။
လိူင်မြို့နယ်မှာ သြဂုတ် ၃ ရက်ညက လမ်းဘေးရပ်ထားတဲ့ တက္ကစီကားတစီး ဘေးမှန်အခွဲခံရသလို အဲဒီမြို့နယ်မှာပဲ ဇူလိုင်လကုန်ပိုင်းက အိမ်စီးကားတစီး အလားတူ ကြုံခဲ့တာရှိတယ်လို့ သိရပါတယ်။
အခုလို ကားမှန်ခွဲခံရတာတွေ ဆက်တိုက်ဖြစ်နေတဲ့အတွက် ဝှီးတက်နဲ့ တန်ဖိုးရှိပစ္စည်းတွေ ကားထဲမထားခဲ့ကြဖို့ ကားလောကသားတွေက အကြံပြုနေကြတာလည်း ရှိပါတယ်။
ရန်ကုန်မြို့မှာ လမ်းဘေးညအိပ် ရပ်ထားတဲ့ကားတွေ လုံခြံမှုမရှိ အခြေအနေ ဆိုးဝါးစွာ ကြုံနေရတာဖြစ်ပြီး တချို့မှာ ကားတစီးနဲ့ အုပ်စုဖွဲ့ လိုက်ခိုးတာလို့ ကိုယ်တိုင်တွေ့မြင်ထားသူ တဦးက ပြောပါတယ်။
Photo – လူမူကွန်ရက်