ဒေသအလိုက် သတင်းကဏ္ဍ

ရခိုင်ကတိုက်ပွဲတွေအတွက် စစ်တပ်ကလူစုဆောင်းနေလို့ ကလေးနဲ့ ဂန့်ဂေါနယ်က ပျူစောထီးတွေ ထွက်ပြေး

ရခိုင့်တပ်တော်နဲ့ AA နဲ့ တိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်တပ်က ရခိုင်ပြည်နယ်ကိုပို့ဖို့ တပ်သားသစ်အဖြစ် လူစုဆောင်းနေတာကြောင့် စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ ဂန့်ဂေါနယ်တွေက ပျူစောထီးတွေ ထွက်ပြေး တိမ်းရှောင် နေကြတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ ရခိုင်ပြည်နယ်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖျာပုံ​ထွေအုပ်ဝန်ထမ်းအမျိုးသမီးတဦး အကြမ်းဖက်ဥပဒေနဲ့ ထောင်ဒဏ်ချမှတ်ခံရ

စက်တင်ဘာလ ၂၃ ရက်နေ့က ဧရာဝတီတိုင်း၊ ဖျာပုံ​မြို့ထွေထွေအုပ်ချုပ်ရေးမှူးရုံးဝန်ထမ်း အမျိုးသမီး တဦးကို အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၂(ည)နဲ့ စစ်ကောင်စီလက်အောက်ခံ ဖျာပုံ မြို့နယ် တရားရုံးက ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့တယ်လို့ အကျဥ်းဦးစီးနဲ့ နီးစပ်သူတွေက DNA [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

“ကလေးပါမကျန် သတ်တဲ့ဖက်ဆစ်တပ် ပြည်သူ့အားနဲ့အမြစ်ဖြတ်”ဆိုတဲ့ ကလေးမြို့ပင်မသပိတ်စစ်ကြောင်း

ကလေးမြို့ကပြည်သူတွေနဲ့ ကျောင်းသားလူငယ်တွေပါဝင်တဲ့ ကလေးမြို့ပင်မသပိတ်စစ်ကြောင်းဟာ “ကလေးပါမကျန် သက်တဲ့ဖက်ဆစ်တပ် ပြည်သူ့အားနဲ့အမြစ်ဖြတ် “ဆိုတဲ့ စာတန်းနဲ့အတူဒီကနေ့ စက်တင်ဘာ( ၂၄) ရက်မနက်ပိုင်းမှာ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲမှာပါဝင်တဲ့ ကျောင်းသားလူငယ်တွေက ဒီပဲယင်းမြို့နယ်၊လက်ယက်ကုန်းမှာ သတ်ဖြတ်ခံရတဲ့ ကလေးသူငယ်တွေနဲ့ပတ်သက်ပြီး ကန့်ကွက်ရှုံ့ချတဲ့ ပိုစတာတွေကိုကိုင်ဆောင် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထီးလင်းမြို့နယ် ကံသာရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး၊နေအိမ်ဆယ့်တလုံး ပျက်စီး

မကွေးတိုင်း ထီးလင်းမြို့နယ်က ကံသာကျေးရွာကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးလို့ နေအိမ် (၁၁)လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေနဲ့ ဒေသကာကွယ်ရေးတပ်တွေကပြောပါတယ်။ စစ်ကောင်စီစစ်ကြောင်းက အဲ့ဒီရွာကို စက်တင်ဘာလ (၂၂) ရက်ညပိုင်းမှာ (၂၃)ရက်မနက်ပိုင်းတွေမှာ မီးရှို့ဖျက် ဆီး ခဲ့တာပါ။စစ်တပ်ဟာ ကျေးရွာအတွင်းလူနေအိမ်တွေထဲက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မတူပီ-ဟားခါးလမ်းမှာ တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်တပ်က သုံးဦးသေ

ချင်းပြည်နယ် မတူပီမြို့၊မတူပီ-ဟားခါးလမ်း တနေရာမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖြစ်တဲ့ CDFမတူပီတို့ ဒီကနေ့မနက်အစောပိုင်းက တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်က သုံးဦးသေပြီး အများအပြား ဒဏ်ရာရခဲ့ တယ်လို့ CDF မတူပီက ထုတ်ပြန်ပါတယ်။ “သူတို့က နယ်မြေရှင်းလင်းရေး လုပ်လာတာဆိုတော့ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

 ၅ ပွဲဆက်တိုက် နိုင်ပွဲပျောက်ပြီး တန်းပါဆင်းခဲ့ရတဲ့ အင်္ဂလန် ဘောလုံးအသင်း 

အင်္ဂလန် လက်ရွေးစင် ဘောလုံးအသင်းဟာ အီတလီကို အရေးနိမ့်ခဲ့တဲ့နောက် နောက်ဆုံး ၅ ပွဲဆက် နိုင်ပွဲပျောက်တဲ့ မှတ်တမ်းဆိုးကို ပိုင်ဆိုင်လာရပြီ ဖြစ်ပါတယ်။ မီလန်မြို့က ဆန်စီရို ကွင်းကြီးထဲမှာ အိမ်ရှင်တွေကို ၁-၀ နဲ့ ရှုံးနိမ့်သွားတဲ့နောက် အင်္ဂလန်ဟာ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

အမှိုက်တွေ ပြန်သိမ်းပေးသွားကြတဲ့ ဝေးလ်စ်ပရိသတ်ကို ဘယ်လ်ဂျီယမ် ရဲတပ်ဖွဲ့ ချီးကျူး 

ဘောလုံးပွဲ အားပေးပြီးတဲ့နောက် အမှိုက်တွေ စနစ်တကျ ပြန်သိမ်းပေးခဲ့တဲ့ ဝေးလ်စ် ပရိသတ်တွေကို ဘယ်လ်ဂျီယမ် ရဲတပ်ဖွဲ့နဲ့ ဘရပ်ဆဲလ် မြို့တော်ဝန်တို့က ချီးကျူးခဲ့ကြပါတယ်။ အခု သီတင်းပတ်အတွင်း ဘယ်လ်ဂျီယမ် နိုင်ငံရဲ့ မြို့တော်မှာ ယှဉ်ပြိုင်တဲ့ ဥရောပ နိုင်ငံများ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

 ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်ပြီး ရုရှားကို မထောက်ခံဖို့ တရုတ်ကို အမေရိကန် သတိပေး 

  ယူကရိန်း စစ်ပွဲမှာ ရုရှားကို အားပေး ရပ်တည်နေတာတွေနဲ့ ပတ်သက်လို့ အမေရိကန် အစိုးရက တရုတ်ကို အတိအလင်း သတိပေးခဲ့ကြောင်း သိရပါတယ်။ အမေရိကန်နဲ့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံချိန်မှာ အန်တိုနီ ဘလင်ကန်က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ယူဂန္ဓာမှာ အီဘိုလာ ကူးစက်မှုတွေကြောင့် အသေအပျောက် ဆက်တိုက်တိုးလာ 

ယူဂန္ဓာ နိုင်ငံမှာ အီဘိုလာ ကာလဝမ်းရောဂါ ကူးစက်မှုတွေ ဖြစ်ပွားနေကြောင်း အတည်ပြုခဲ့တဲ့နောက် အသေအပျောက် ၁၁ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။ အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦး ကွယ်လွန်သွားတဲ့နောက် ယူဂန္ဓာ အစိုးရက ပြည်တွင်းမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ယူကရိန်းက သိမ်းပိုက် နယ်မြေတွေကို ပိုင်နက်ထဲ သွတ်သွင်းဖို့ ခြေလှမ်းစလာတဲ့ ရုရှား

ယူကရိန်းက သိမ်းပိုက်နယ်မြေတွေကို နိုင်ငံပိုင်နက်ထဲ သွတ်သွင်းဖို့ လူထုဆန္ဒမဲ ကောက်ခံမှုတွေကို ရုရှားက စတင် အကောင်အထည် ဖော်နေပြီ ဖြစ်ပါတယ်။ စက်တင်ဘာ ၂၃ ရက်ကစလို့ ယူကရိန်း အရှေ့ပိုင်းနဲ့ တောင်ပိုင်းက ရုရှား အသိမ်းပိုက်ခံ နယ်မြေ [ဆက်လက်ဖတ်ရှုရန်]