“ကလေးပါမကျန် သတ်တဲ့ဖက်ဆစ်တပ် ပြည်သူ့အားနဲ့အမြစ်ဖြတ်”ဆိုတဲ့ ကလေးမြို့ပင်မသပိတ်စစ်ကြောင်း

Photo CJ

ကလေးမြို့ကပြည်သူတွေနဲ့ ကျောင်းသားလူငယ်တွေပါဝင်တဲ့ ကလေးမြို့ပင်မသပိတ်စစ်ကြောင်းဟာ “ကလေးပါမကျန် သက်တဲ့ဖက်ဆစ်တပ် ပြည်သူ့အားနဲ့အမြစ်ဖြတ် “ဆိုတဲ့ စာတန်းနဲ့အတူဒီကနေ့ စက်တင်ဘာ( ၂၄) ရက်မနက်ပိုင်းမှာ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲမှာပါဝင်တဲ့ ကျောင်းသားလူငယ်တွေက ဒီပဲယင်းမြို့နယ်၊လက်ယက်ကုန်းမှာ သတ်ဖြတ်ခံရတဲ့ ကလေးသူငယ်တွေနဲ့ပတ်သက်ပြီး ကန့်ကွက်ရှုံ့ချတဲ့ ပိုစတာတွေကိုကိုင်ဆောင် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

 “သူတို့ထက်ငယ်တဲ့ကလေးတွေကိုတောင် အကြမ်းဖက်စစ်ကောင်စီက သတ်နေတယ်ဆိုတာ သူတို့လည်းသိနေပြီလေ” လို့ စစ်အာဏာရှင်ဆန့်ကျင်သပိတ်မှာပါဝင်တဲ့ ကျောင်းသားလူငယ်တွေနဲ့ပတ်သက်ပြီး ဒေသခံတစ်ဦးကပြောပါတယ်။

ကလေးမြို့ပင်မသပိတ်ဟာ စစ်အာဏာရှင်စနစ်ကိုပျက်ရက်မရှိ သပိတ်မှောက် ဆန္ဒပြလာတာရက်ပေါင်း(၅၉၄)ရက်ရှိပြီဖြစ်ပါတယ်။

Delta News

Read Previous

ထီးလင်းမြို့နယ် ကံသာရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး၊နေအိမ်ဆယ့်တလုံး ပျက်စီး

Read Next

ဖျာပုံ​ထွေအုပ်ဝန်ထမ်းအမျိုးသမီးတဦး အကြမ်းဖက်ဥပဒေနဲ့ ထောင်ဒဏ်ချမှတ်ခံရ