မတူပီ-ဟားခါးလမ်းမှာ တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်တပ်က သုံးဦးသေ

Photo- Chinland Defense Force Matupi
ချင်းပြည်နယ် မတူပီမြို့၊မတူပီ-ဟားခါးလမ်း တနေရာမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖြစ်တဲ့ CDFမတူပီတို့ ဒီကနေ့မနက်အစောပိုင်းက တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်က သုံးဦးသေပြီး အများအပြား ဒဏ်ရာရခဲ့ တယ်လို့ CDF မတူပီက ထုတ်ပြန်ပါတယ်။
“သူတို့က နယ်မြေရှင်းလင်းရေး လုပ်လာတာဆိုတော့ ထိုးစစ်ဆင်လာတဲ့သဘောပေါ့၊အခုကတော့ နှစ်ဖက် လုံးပြန်ဆုတ်ပြီးတော့ စောင့်ကြည့်နေတဲ့အခြေအနေပါ” လို့ CDF မတူပီ ပြန်ကြားရေးတာဝန်ခံက DNA ကိုပြောပါတယ်။
မတူပီ အခြေစိုက် ခလရ(၁၄၀)တပ်ရင်းက စစ်ကြောင်းနဲ့ဖြစ်ခဲ့တဲ့ အဲ့ဒီတိုက်ပွဲမှာ ကာကွယ်ရေးတပ်ဘက်က အထိအခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။
စစ်ကောင်စီဘက်က သေဆုံးမှုကိုတော့ မြေပြင်မှာ မျက် မြင်အခြေအနေအရ အတည်ပြုနိုင်ပြီး ဒဏ်ရာရ သူအ ရေအတွက်ကိုတော့ အတည်မပြုနိုင်ဘူးလို့ CDF မတူပီပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
မတူပီ-ဟားခါးလမ်းပိုင်းမှာ တိုက်ပွဲတွေဆက်ဖြစ်နိုင်လို့ ပြည်သူတွေအနေနဲ့ အဲ့ဒီလမ်းပိုင်းကို လတ်တလော အသုံးမပြုဖို့လည်း ထုတ်ပြန်ချက်မှာထည့်သွင်းဖော်ပြထားပါတယ်။
CDF မတူပီ တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မတူပီမြို့နဲ့ နှစ်မိုင်လောက်အကွာက အကြမ်းဖက်စစ် တပ်စခန်း တခုကိုစီးနင်းတိုက်ခိုက်ခဲ့ပါသေးတယ်။စစ်ကောင်စီဘက်က ရှစ်ဦးသေပြီး ခြောက်ဦးဒဏ်ရာရ ခဲ့တဲ့ အဲ့ဒီတိုက်ပွဲ အပြီး လေးရက်အကြာမှာ စစ်ကောင်စီဘက်က စစ်ကြောင်းပြန်ထိုးလာလို့ ဒီကနေ့ တိုက်ပွဲထပ်ဖြစ်ခဲ့တာပါ။