မိုးဗြဲတိုက်ပွဲမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးထပ်မံကျဆုံး၊စစ်တပ်ကလည်း အကျအဆုံးရှိ

PHOTO -Mobye pdf

စစ်တပ်က မြို့ကိုစီးနင်းထားပြီးအင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်နေတဲ့ မိုးဗြဲမြို့မှာ ဒီကနေ့ မနက်အစောပိုင်း ကတည်းက တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ပြီး ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့တယ်လို့ မိုးဗြဲPDF ကထုတ်ပြန်ပါတယ်။

ဒီကနေ့တိုက်ပွဲဟာ မနက် သုံးနာရီကတည်းက စတင်ခဲ့ပြီး ညခြောက်နာရီအထိ တနေကုန်ပြင်းထန်ခဲ့တယ်လို့ သိ ရပါတယ်။တိုက်ပွဲအတွင်း စစ်တပ်ဘက်က အမြောက်အမြားသေဆုံးထိခိုက်ဒဏ်ရာရတာတွေရှိတယ်လို့ ထုတ်ပြန် ချက်မှာဖော်ပြထားပေမယ့် အရေအတွက်ကို‌တော့ မသိရပါဘူး။

ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုဘက်ကတော့ နှစ်ဦးကျဆုံးခဲ့သလို အသေးစားဒဏ်ရာရသူ လေးဦးနဲ့ စိုးရိမ်ရဒဏ်ရာရသူ သုံးဦးရှိတယ်လို့ဆိုပါတယ်။

ဒါကြောင့် စက်တင်ဘာ ၈ရက်က စတင်ခဲ့တဲ့ မိုးဗြဲ တိုက်ပွဲတ လျှောက် သတင်းထုတ်ပြန်ချက်တွေအရ မဟ ာမိတ် တပ်ပေါင်းစုဘက်က ကျဆုံးရဲဘော် ခြောက်ဦးအထိရှိ လာပါတယ်။

အကြမ်းဖက်စစ်တပ်ဘက်ကတော့ စက်တင်ဘာ ၈ရက်ကနေ ၁၁ရက်အထိ လေးရက်ကြာတိုက်ပွဲတွေအတွင်း ခြောက်ဆယ်ထက်မနည်းသေဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်တွေကဆိုပြီး ၁၉ရက်နေ့က ဒီကနေ့အထိ တိုက်ပွဲတွေမှာ သေဆုံးတဲ့အရေအတွက်ကိုတော့ မသိရသေးပါဘူး။

အကြမ်းဖက်စစ်တပ်က မိုးဗြဲမြို့တဝိုက်ကို ဆက်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေပေမယ့် မဟာမိတ်ပူးပေါင်းတပ်တွေ အနေနဲ့ တောင့်ခံ တိုက်ခိုက်နေဆဲဖြစ်တယ်လို့ မိုးဗြဲ PDF အဖွဲ့ရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။