မြန်မာဟာ လူသားချင်းစာနာမှုကပ်ဘေးဆိုက်နေပြီလို့ UNOCHAထုတ်ပြန်

၃၊ အောက်တိုဘာလ၊ ၂၀၂၁။

မြန်မာနိုင်ငံဟာ လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးဆိုက်နေပြီလို့ ကုလသမဂ္ဂကထုတ်ပြန်ပါတယ်။

ဖေဖေါ်၀ါရီ၁ရက်နေ့၊အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းပြီးနောက် လူပေါင်းနှစ်သိန်းလေးသောင်းနီးပါး နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ UNOCHA(ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး)က အခုရက်ပိုင်းအတွင်းထုတ်ပြန်ခဲ့တာပါ။

မကွေး၊တိုင်း၊စစ်ကိုင်းတိုင်း၊ချင်းပြည်နယ်၊ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာလူတွေထွက်ပြေးနေရတဲ့အ တွက်အကူအညီတွေပိုလိုလာနေပြီလို့ထုတ်ပြန်ထားပါတယ်။ အကူအညီပေးရေးအဖွဲ့တွေဟာ သွားခွင့်မရ တာ ကြောင့် ထွက်ပြေးနေရတဲ့လူ ဘယ်လောက်ရှိတယ်ဆို တာကို အတိအကျပြောနိုင်ဖို့ခက်တယ်လို့ဆိုပါတယ်။

အကြမ်းဖက်မှုတွေ ပိုဆိုးဝါးလာတဲ့ မကွေးတိုင်းကမြို့နယ်တွေမှာ ခန့်မှန်းလူပေါင်း ၆၃,၀၀၀နဲ့ စစ်ကိုင်းတိုင်း မှာ ၁၂,၀၀၀ ထွက်ပြေးနေရတယ်လို့သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်က ပြည့်သူ့ကာကွယ်ရေးတပ်တွေကို စက်တင်ဘာလ အတွင်းက လေကြောင်းတိုက်ခိုက်မှုအကြီးအကျယ်လုပ်ခဲ့တဲ့အတွက် အရပ်သားတော်တော်များများလည်း သေခဲ့ရ ကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်ကိုင်းတိုင်း၁၈မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကနီ၊မြောင်၊ဒီပဲယင်း၊ရွှေဘိုနဲ့ ယင်းမာပင်တို့မှာ ဆိုးဝါးခဲ့ပါတယ်။မကွေးတိုင်းထဲက ဂန့်ဂေါ၊မြိုင်၊ပေါက်နဲ့ ဆောမြို့နယ်တို့မှာလည်း အဆိုးဆုံးတိုက်ပွဲတွေဖြစ်ခဲ့ တယ်လို့လည်းဆိုပါတယ်။

မြန်မာ့လူ့အခွင့်အရေးဆိုင်ရာကုလအထူးကိုယ်စားလှယ်တွမ်အန်ဒရူးက မြန်မာစစ်တပ်ဟာ ကိုယ့် ပြည် ကိုယ့်ရွာကို ပြန်လည်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့လို့ စက်တင်ဘာနောက်ဆုံးပတ်အ တွင်း ဆွတ်ဇာလန်နိုင်ငံ၊ဂျီနီဗာမြို့မှာကျင်းပပြီးတဲ့ လူ့အခွင့်အရေးကောင်စီညီလာခံမှာ မှတ်ချက်ပြုခဲ့ပါတယ်။

ချင်းပြည်နယ်က မြို့တွေမှာလည်း အကြမ်းဖက်စစ်အုပ်ုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြား တိုက်ပွဲတွေ စိပ် လာနေပြီး စက်တင်ဘာ၁၃ရက်နေ့အထိ လူပေါင်း၁၂၀၀၀လောက် ထွက်ပြေးနေရတယ်လို့ ဖော်ပြပါတယ်။

ကယားပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမြို့တွေမှာလည်း တိုက်ပွဲတွေဖြစ်နေပြီး လူပေါင်း ၁၄၂၀၀၀ကျော် ထွက်ပြေးနေရဆဲပါပဲ။