မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက် အရပ်သားတွေရဲ့အသက်ကို ခြိမ်းခြောက်နေဆဲ

မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက် အရပ်သားတွေရဲ့အသက်ကို ခြိမ်းခြောက်နေဆဲ

မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်အကြွင်းအကျန်တွေဟာ မြန်မာနိုင်ငံရဲ့ ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာရှိတဲ့ အရပ်သားတွေရဲ့ အသက်နဲ့ ဘဝလုံခြုံမှုတွေကို ဆက်လက်ခြိမ်းခြောက်နေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ကထုတ်ပြန်ပါတယ်။ ယူနီဆက်ရဲ့ နောက်ဆုံးအစီရင်ခံစာအရ ၂၀၂၂ ခုနှစ် ပထမသုံးလပတ်ကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်းမြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့စစ်လက်နက်အကြွင်းအကျန်တွေကြောင့် အရပ်သားထိခိုက်ဒဏ်ရာရသူနဲ့သေဆုံးသူ စုစုပေါင်း ၁၀၀ ဦးရှိခဲ့ပြီးရှမ်းပြည်နယ်မှာ ၆၇ ဦးနဲ့အများဆုံးဖြစ်ကာ ကချင်ပြည်နယ်မှာ ၁၂ ဦးနဲ့ ရခိုင်ပြည်နယ်မှာ ၈ ဦးရှိခဲ့ပါတယ်။အဲ ဒီအထဲမှာ ကလေးငယ်ထိခိုက်သေဆုံးမှုဟာ သုံးပုံတစ်ပုံ…

Read More
ရှမ်း/မြောက် လေဘေးသင့်အိမ်ခြေ ၂၀၀ လောက်ကို ကုလထောက်ပံ့

ရှမ်း/မြောက် လေဘေးသင့်အိမ်ခြေ ၂၀၀ လောက်ကို ကုလထောက်ပံ့

ရှမ်းပြည်နယ်မြောက်ပိုင်းက လေဘေးဒဏ်သင့်အိမ်ခြေ ၂၀၀ လောက်ကို ထောက်ပံ့ကူညီခဲ့တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ကထုတ်ပြန်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နောင်ချို၊ သီပေါ၊ လားရှိုး၊ ကွတ်ခိုင်၊ သိန္နီနဲ့ မူဆယ်မြို့နယ်တွေက ကျေးရွာပေါင်း ၂၂ ရွာမှာ အထက်တန်းကျောင်းတစ်ကျောင်းအပါအဝင် အိမ်ခြေ ၂၀၀ နီးပါးဟာ ဧပြီလ ၁၃ ရက်နေ့ကနေ ၁၈ ရက်နေ့အတွင်း လေပြင်းဒဏ်ကြောင့် ပျက်စီးမှုတွေရှိခဲ့ပြီး လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့တွေနဲ့ ဒေသခံတာဝန်ရှိသူတွေဟာ လေဘေးသင့်အိမ်ထောင်စုတွေအတွက် ငွေကြေးနဲ့အိမ်ထောင်စုသုံးပစ္စည်းတွေ ထောက်ပံ့ကူညီထားပြီးဖြစ်…

Read More
မြန်မာအတွက် လူသားချင်းစာနာမှု ရန်ပုံငွေ ရရှိတာ အဆမတန် နည်းနေသေ

မြန်မာအတွက် လူသားချင်းစာနာမှု ရန်ပုံငွေ ရရှိတာ အဆမတန် နည်းနေသေ

မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှု အကူအညီပေးဖို့ ရန်ပုံငွေရရှိမှုဟာ အဆမတန်နည်းနေသေးကြောင်း ကုလသမဂ္ ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ပြောပါတယ်။ ၂၀၂၂ ခုနှစ် လူသားချင်းစာနာမှု တုံ့ပြန်‌ရေးအစီအစဉ် (HRP) အစီအစဉ်အရ အကူအညီလိုအပ်သူ ၆.၂ သန်းကို အကူအညီပေးနိုင်ဖို့အတွက် တောင်းဆိုထားတဲ့ အမေရိကန်ဒေါ်လာ ၈၂၆ သန်းကို ရန်ပုံငွေမဖြစ်မနေထည့်ဝင်ဖို့ အရေးကြီးကြောင်း ၂၀၂၂ ခုနှစ်ရဲ့ ပထမလေးလပိုင်းအကုန်မှာ လိုအပ်တဲ့ရန်ပုံငွေရဲ့ ၅ ရာခိုင်နှုန်း (ဒေါ်လာ ၃၇.၂…

Read More
ရခိုင်နေရပ်စွန့်ခွာ ယာယီစခန်းတွေပြုပြင်ဖို့ ကန်ဒေါ်လာ၅သန်းနီးပါး အရေးပေါ်လိုအပ်နေ

ရခိုင်နေရပ်စွန့်ခွာ ယာယီစခန်းတွေပြုပြင်ဖို့ ကန်ဒေါ်လာ၅သန်းနီးပါး အရေးပေါ်လိုအပ်နေ

ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာတွေနေထိုင်တဲ့ ယာယီစခန်းတွေကို ပြုပြင်ဖို့ အမေရိကန်ဒေါ်လာ ၅သန်းနီးပါး အရေးပေါ်လိုအပ်နေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ကထုတ်ပြန်ပါတယ်။ ရခိုင်ပြည်နယ်က ယာယီစခန်းတွေမှာ နေရပ်စွန့်ခွာသူဦးရေ ၂၈,၀၀၀ ကျော်နေထိုင်နေတဲ့ တန်းလျားရှည်အလုံး ၅၅၀ ဟာ မိုးရာသီမတိုင်ခင် အရေးပေါ်ပြုပြင်ဖို့ လိုအပ်နေပြီး အမေရိကန်ဒေါ်လာ ၄ဒဿမ၇ သန်း အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။ မိုးတွင်းကာလမ‌ရောက်ခင် ဘေးအန္တရာယ်ကျရောက်နိုင်ဖွယ်ရှိရာဒေသတွေမှာ အရေးပေါ်အခြေအနေတွေကြုံလာရင် အချိန်နဲ့တစ်ပြေးညီ ထိထိရောက်ရောက်တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ ကြိုတင်ပြင်ဆင်ရေးအစီအစဉ်တွေကို ပြင်ဆင်နေတယ်လို့လည်းဆိုပါတယ်။

Read More
ရှမ်းတောင်နဲ့မြောက်မှာ အိုးအိမ်စွန့်ထွက်ပြေးရသူ ခြောက်သောင်းကျော်ရှိ

ရှမ်းတောင်နဲ့မြောက်မှာ အိုးအိမ်စွန့်ထွက်ပြေးရသူ ခြောက်သောင်းကျော်ရှိ

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းတို့မှာ အိုးအိမ်စွန့်ထွက်ပြေးရသူပေါင်း ခြောက်သောင်းကျော်ရှိပြီလို့ သိရပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့ကနေ ၂၀၂၂ ခုနှစ် ဧပြီ (၁၁) ရက်နေ့အထိ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ တိုက်ပွဲရှောင်နဲ့ အခြားလုံခြုံရေး အခြေအနေတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူပေါင်း ၆၂,၈၀၀ လောက် ရှိနေဆဲပဲလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဒီကနေ့ ထုတ်ပြန်ပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်း မူဆယ်နဲ့နမ္မတူမြို့နယ်တွေမှာ…

Read More
အိုးအိမ်စွန့်ခွာ တိမ်းရှောင်ရသူ ၅ သိန်းခွဲကျော်ပြီ

အိုးအိမ်စွန့်ခွာ တိမ်းရှောင်ရသူ ၅ သိန်းခွဲကျော်ပြီ

အာဏာသိမ်းပြီးနောက်ပိုင်း အိုးအိမ်စွန့်ခွာ တိမ်းရှောင်ရသူဦးရေ ၅ သိန်းခွဲကျော်ရှိပြီလို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။ ဧပြီလ ၁၁ ရက်နေ့အထိရရှိတဲ့ ကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာ တိမ်းရှောင်ရသူဦးရေ ၉၁၂,၇၀၀ ရှိပြီး အဲဒီအထဲမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် အိုးအိမ်စွန့်ခွာရသူဦးရေ ၅၆၆,၁၀၀ ပါဝင်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဆိုပါတယ်။ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဒေသကြီးတွေမှာနေရပ်စွန့်ခွာရသူဦးရေဟာ ပထမဆုံးအကြိမ်အဖြစ်…

Read More
ချင်း၊ မကွေးနဲ့ စစ်ကိုင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးရသူ သိသာစွာမြင့်တက်

ချင်း၊ မကွေးနဲ့ စစ်ကိုင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးရသူ သိသာစွာမြင့်တက်

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ချင်း၊ မကွေးနဲ့ စစ်ကိုင်းဒေသက ပြည်တွင်းနေရပ်စွန့်ခွာရသူဦးရေ သိသိသာသာ မြင့်တက်လာခဲ့ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာကြောင့် အဲ့ဒီဒေသတွေက လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေဟာ တိုးတက်ကောင်းမွန်လာခြင်းမရှိဘဲ ဆိုးဝါးနေဆဲဖြစ်ပြီး မြန်မာနိုင်ငံအနောက်မြောက်ဒေသ တစ်ခုတည်းမှာတင် နေရပ်စွန့်ခွာတိမ်းရှောင်ရသူဦးရေဟာ ပထမဆုံးအကြိမ် အဖြစ် လူ ၃၀၀,၀၀၀ ကျော်သွားခဲ့ပြီလို့ UNHCR က ဆိုပါတယ်။ စစ်ကိုင်းတိုင်းအတွင်း…

Read More
ချင်း၊ စစ်ကိုင်းနဲ့ မကွေးတို့မှာ အိုးအိမ်စွန့်ခွာနဲ့အရပ်သားပိုင်ပစ္စည်း ဖျက်ဆီးခံရမှုတွေ ဖြစ်ပွားနေ

ချင်း၊ စစ်ကိုင်းနဲ့ မကွေးတို့မှာ အိုးအိမ်စွန့်ခွာနဲ့အရပ်သားပိုင်ပစ္စည်း ဖျက်ဆီးခံရမှုတွေ ဖြစ်ပွားနေ

တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုနဲ့အရပ်သားပိုင်ပစ္စည်း ဖျက်ဆီးခံရမှုတွေ ဖြစ်ပွားနေတယ်လို့ UNOCHA က သတင်းထုတ်ပြန်ပါတယ်။ လတ်တလောအချိန်အတွင်း မြန်မာနိုင်ငံအနောက်မြောက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ ချင်းပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး ကုလသမဂ္ဂရဲ့မတ်လ ၁၄ ရက်က ရရှိတဲ့ ကိန်းဂဏန်းတွေအရ အာဏာသိမ်းပြီးကတည်းက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ ၂၇၂,၉၀၀ ရှိနေကာ အဲဒီပြည်နယ်နဲ့ တိုင်းတို့မှာ အများဆုံးရှိနေပါတယ်။ အိန္ဒိယနိုင်ငံထဲကို ဝင်ရောက်တိမ်းရှောင်နေရသူဦးရေမှာလည်း ၃၁,၀၀၀ကျော်…

Read More
အာဏာသိမ်းပြီးနောက် နေရပ်စွန့် ထွက်ပြေးရသူပေါင်း ၅ သိန်း ကျော်ပြီ

အာဏာသိမ်းပြီးနောက် နေရပ်စွန့် ထွက်ပြေးရသူပေါင်း ၅ သိန်း ကျော်ပြီ

အာဏာသိမ်းပြီးနောက်ပိုင်း နေရပ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ၅ သိန်းကျော်ပြီလို့ ကုလသမဂ္ ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း‌ရေးရုံး (UNOCHA) က ဒီကနေ့ ထုတ်ပြန်ပါတယ်။ ၂၀၂၂ ခုနှစ် မတ်လ ၁၄ ရက် ရရှိတဲ့ ကိန်းဂဏန်းတွေအရ အာဏာသိမ်းပြီးချိန်ကတည်းက ထပ်မံအိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၅၁၉,၅၀၀ ဦးနဲ့ အရင်ပဋိပက္ခအကျပ်အတည်းတွေကြောင့် ယာယီစခန်းတွေမှာ ဆက်လက်နေထိုင်နေကြရသူ ၃၇၀,၄၀၀ ဦး စုစုပေါင်း မြန်မာနိုင်ငံတွင်း နေရပ်စွန့်ထွက်ပြေးနေရသူပေါင်း ၈၈၉,၉၀၀ ဦး ရှိပြီဖြစ်ပါတယ်။ လတ်တလောမှာ…

Read More
မြန်မာတစ်ဝန်း နေရပ်စွန့် ထွက်ပြေးရသူပေါင်း ရှစ်သိန်းခွဲကျော်ပြီ

မြန်မာတစ်ဝန်း နေရပ်စွန့် ထွက်ပြေးရသူပေါင်း ရှစ်သိန်းခွဲကျော်ပြီ

မြန်မာနိုင်ငံအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ရှစ်သိန်းခွဲကျော်ရှိနေပြီဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (UNOCHA) က ဒီကနေ့ထုတ်ပြန်ပါတယ်။ မြန်မာတနိုင်ငံလုံးမှာ အာဏာမသိမ်းခင်ကာလက နေရပ်စွန့်ခွာဦးရေ ၃၇၀,၀၀၀ လောက်ရှိပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာ ၄၉၅,၃၀၀ အပါအဝင် စုစုပေါင်း ၈၆၅,၇၀၀ ဦးနေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ မြန်မာနိုင်ငံရဲ့အရှေ့တောင်ပိုင်းမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်နေပြီး အရပ်သားပြည်သူတွေ နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ UNOCHA က ထုတ်ပြန်ပါတယ်။ မတ်လ ၇ ရက်နေ့ ကိန်းဂဏန်းတွေအရ ၂၀၂၁ ခုနှစ်…

Read More