မြန်မာ ၁၄သန်းခွဲလောက် လူသားချင်းစာနာမှုအကူအညီလိုအပ်

မြန်မာလူဦးရေ ၁၄သန်းခွဲလောက်ဟာ လူသားချင်းစာနာမှုအကူအညီလိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)က ထုတ်ပြန်ပါတယ်။
မြန်မာ့ လူဦးရေ ၅၄ သန်းရှိတဲ့အနက် ၁၄ဒဿမ၄ သန်းဟာ စာနာမှု အကူအညီတွေ လိုအပ်နေပြီး
မြန်မာ့လူဦးရေရဲ့ ထက်ဝက်လောက်ဖြစ်တဲ့ လူ ၂၅ သန်းဟာ ဆင်းရဲတွင်းနက်နေတယ်လို့ လည်း ဆိုပါတယ်။ အကူအညီလိုအပ်နေတဲ့ လူ ၆.၂ သန်းကို ကုလသမဂ္ဂ လူသားချင်းစာနာမှု အစီအစဉ်နဲ့ ကူညီဖို့လျာထားတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာစစ်ဘေးဒုက္ခသည် ကိုးသိန်းခွဲလောက်ရှိပြီး အဲဒီထဲက ၆သိန်းလောက်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် တိုးပွားလာတဲ့ နေရပ်စွန့်ခွာဒုက္ခသည်တွေဖြစ်ပါတယ်။
အာဏာမသိမ်းခင်ကတည်း ကဒုက္ခသည် သုံးသိန်းခွဲလောက်ရှိပါတယ်။
ပုံစာ-မြန်မာဒုက္ခသည်စခန်းတစ်ခု