မြန်မာကို စစ်ဘက်သုံးပစ္စည်းတွေ ထောက်ပံ့မယ်လို့ ရုရှားလက်နက်ကုန်သည်အကြီးအကဲပြော

၂၂ ၊ ဇူလိုင်လ ၊ ၂၀၂၁ ။

ရုရှားက မြန်မာကို လေယာဉ်အပါအဝင် စစ်ဘက်သုံးပစ္စည်းကိရိယာတွေ ထောက်ပံ့ဖို့ နှစ်နိုင်ငံပူးပေါင်းလုပ်ဆောင်နေတယ်လို့ ရုရှားမီဒီယာတွေက ရေးသားဖော်ပြကြပါတယ်။

ရုရှားအစိုးရလက်အောက်မှာရှိတဲ့ လက်နက်ကုမ္ပဏီ Rosoboronexport ရဲ့ အကြီးအကဲ Alexander Mikheev က ရုရှားမီဒီယာ Interfax ကို ဇူလိုင်လ ၂၁ရက်နေ့က ပြောခဲ့တာပါ။ မြန်မာစစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ရဲ့

ပြီးခဲ့တဲ့လက ရုရှားခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာဆက်ဆံရေး အားကောင်းဖို့ ကတိပြုခဲ့ကြတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu က ဆိုပါတယ်။

မြန်မာဟာ အရှေ့တောင်အာရှမှာ Rosoboronexport ကုမ္ပဏီရဲ့ အဓိကဖောက်သည်တစ်ဦး ဖြစ်တယ်လို့

Mikheev က ဇူလိုင်လ ၂၀ရက်နေ့မှာ ပြုလုပ်တဲ့ ရုရှားနှစ်ပတ်လည် လေကြောင်းပြပွဲ MAKS ကို တက်ရောက်လာရင်း ပြောခဲ့ပါတယ်။

ဒါဟာ ကုလသမဂ္ဂအထွေထွေညီလာခံက နောက်ဆုံးအတည်ပြုထားတဲ့ မြန်မာနိုင်ငံကို လက်နက်စီးဆင်းမှု‌ ကန့်သတ်ရေးဆိုတဲ့ အချက်ကို ဆန့်ကျင်နေတာ ဖြစ်ပါတယ်။