ပုသိမ်မြို့မှာ ကိုဗစ်၁၉ကြောင့် နေ့စဉ်ဆယ်နဲ့ချီ လူသေဆုံးမှု ဆက်တိုက်ဖြစ်ပွါးနေ

ပုသိမ်မြို့မှာ ကိုဗစ် ၁၉ကြောင့် နေ့စဉ် ဆယ်နဲ့ချီ လူသေဆုံးမှုတွေ ဆက်တိုက်ဖြစ်ပွါးနေပြီး အများစုဟာ နေအိမ်တွေမှာ ဆေးဝါးကုသမှု ပြုလုပ်နေစဉ် အောက်ဆီဂျင်ကျကာ သေဆုံးခဲ့တာလို့ သိရပါတယ်။

ဇူလိုင်လ ၂၁ရက်နေ့တစ်ရက်ထဲမှာ သေဆုံးခဲ့သူ ၄၉ဦးရှိပြီး ပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူနေစဉ် သေဆုံးသူ ၁၂ဦး၊ မဆရ-၄ တောင်ပေါ်ဆေးရုံမှာ

ဆေးဝါးကုသမှုခံယူနေစဉ် သေဆုံးသူ ၁ဦးနဲ့ နေအိမ်တွေမှာ ဆေးဝါးကုသမှုခံယူနေစဉ် သေဆုံးသူ ၃၆ဦးထိရှိခဲ့ပါတယ်။

ပုသိမ်မြို့မှာ ကိုဗစ်၁၉ တတိယလှိုင်းအတွင်း ဇူလိုင်လ ၁ရက်နေ့ကနေ ဇူလိုင်လ ၂၁ရက်နေ့အထိ သေဆုံးခဲ့သူ ၄၈၉ဦးထိ ရှိခဲ့ပြီဖြစ်ပါတယ်။

Delta News

Read Previous

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီဝင်တွေနဲ့ မိသားစုတွေကို အမေရိကန် အရေးယူဒဏ်ခတ်

Read Next

မြန်မာကို စစ်ဘက်သုံးပစ္စည်းတွေ ထောက်ပံ့မယ်လို့ ရုရှားလက်နက်ကုန်သည်အကြီးအကဲပြော