ပုသိမ်မှာ တရက်တည်းကိုဗစ်အတည်ပြုလူနာ(၇၀​)တွေ့ရှိ

ဧရာဝတီတိုင်း ၊ ပုသိမ်မြို့မှာ မ​နေ့က ဇွန်လ ၂၈ရက်​နေ့ တရက်တည်း ကိုဗစ်အတည်ပြုလူနာ ၇၀ဦး စစ်ဆေး​တွေ့ရှိခဲ့တယ်လို့ ပုသိမ်မြို့နယ် ကျန်းမာ​ရေးဦးစီးမှူး ​ဒေါက်တာတင်ဝင်း​အောင်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ​ဖော်ပြထားပါတယ်။

ကိုဗစ်လူနာအရေအတွက်တိုးလာနေတာကြောင့် လူနာတွေထားရှိဖို့ ကုသရေးနေရာအခက်အခဲတွေရှိနေတာပါ။
ကိုဗစ်လူနာတွေထားရှိဖို့အတွက် ပုသိမ်မြို့က သာသနာ့ဗိမ္ဗာန်၊မြို့တော်ခန်းမနဲ့ သမဝါယမသင်တန်းကျောင်းတွေကိုယာယီဆေးရုံအဖြစ်ပြင်ဆင်နေတယ်လို့

ကျန်းမာရေးဌာနတာ၀န်ရှိသူတစ်ဦးက ​ပြောပါတယ်။
ကိုဗစ်လူနာတွေကို ပုသိမ်ဆေးရုံကြီး ၊ ICUနဲ့ ရေကြည်ဦးတိုင်းရင်းဆေးရုံမှာ ကုသနေပေမယ့် ပိုးတွေ့ဦးရေမြင့်တက်လာတာကြောင့်ခုလို နေရာတွေ ထပ်တိုး စိီစဥ်နေရတာလို့ သိရပါတယ်။