စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအသတ်ခံရမှုနဲ့သံသယနဲ့အဖမ်းခံရတဲ့ NLD ပါတီဝင်တွေ ထောင်ဆယ့်ငါးနှစ်အချခံရ

ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ကြောင်ပန်းကုန်းရွာမှာပြီးခဲ့တဲ့နှစ်အောက်တိုဘာလက စစ်ကောင်စီခန့် ရပ်/ကျေး အုပ်ချုပ်ရေးမှူး တဦး အသတ်ခံရမှုမှာ သံသယ နဲ့ အဖမ်းခံ ထားရတဲ့ NLD ပါတီဝင် ဦး ကို ပုသိမ် ထောင်တွင်း တရားရုံးက ထောင်ဒဏ် ၁၅ နှစ် စီ အမိန့်ချ လိုက်တယ်လို့ အကျဉ်းဦးစီးဌာန နီးစပ်သူတွေထံသိရပါတယ်။

ဖမ်းဆီးထောင်ချခံရသူတွေဟာ ကြောင်ပန်းကုန်း ရွာနဲ့ အနီးပါတ်ဝန်းကျင် ရွာတွေက ရပ်ကျေး NLD ပါတီ ဦးဆောင်သူတွေ ဖြစ်တဲ့ အသက် ၅၀ ဝန်းကျင် ရှိကြတဲ့ ဦးမြဝေ၊ ဦးခင်ဝင်း၊ တင်လင်းအောင်၊ ဦးတင်ဝင်းလေး၊ ဦးဖိုးဝ နဲ့ ဦးသန်းဝင်း တို့ကို စစ်ကောင်စီရဲ့ ထောင်တွင်းတရားရုံးက ဒီဇင်ဘာ ၂၉ ရက်နေ့က အမိန့်ချလိုက်တာဖြစ်တယ်လို့ဆိုကြပါတယ်။

 “သူတို့ကို ဖမ်းသွားတာ တနှစ် ခွဲကျော် နေပြီ တွေ့ခွင့်လည်း မရခဲ့ဘူး။ အိမ်မှာနေနေတာကို မေးစရာရှိ လို့ ဆိုပြီး စစ်တပ်နဲ့ ရဲက လာခေါ်သွားကြတာ ။ခုတော့ အကြမ်းဖက်မှု နဲ့ လူသတ်မှု အားပေးတယ်ဆိုပြီး ထောင် ၁၅ နှစ် ချတာခံရတယ်လို့ မိသားစု နဲ့ နီးစပ်သူတစ်ဦး က DNAကိုပြောပါတယ်။

ဖမ်းဆီးထောင်ချခံရတဲ့ NLD ရပ်ကျေးအဖွဲ့ဝင်၇ဦးကိုတော့ စစ်ကောင်စီသတင်းပေးတွေရဲ့တိုင်တန်းချက်အရ စစ်တပ်နဲ့ရဲတို့ပူးပေါင်းပြီး ဖမ်းဆီးခဲ့တာဖြစ်ပြီး မည်သည်သက်သေခံလက်နက်မှ သိမ်းဆည်းရမိတာမရှိဘဲ စွပ်စွဲခဲ့တာဖြစ်တယ်လို့လည်း တရားရေးနဲ့နီးစပ်သူကဆိုပါတယ်။

 “ ဖမ်းတုန်းက သံသယ နဲ့ စစ်မေးမယ် ဆိုပြီး ဖမ်းကြတာ အကြမ်းဖက်တယ်။ သေနတ်နဲ့ ပစ်သတ်တယ် ဆိုပြီး ခိုင်မာတဲ့ သက်သေခံတွေ မတင်ပြနိုင်ဘဲ စွပ်စွဲတယ် စွပ်စွဲခံရသူ က သူ တို့ မသတ်ဘူး ခိုင်ခိုင်လုံလုံ ငြင်းဆိုတယ်။ ဒါပေမယ့်စီရင်ချက်ချလိုက်တယ်လို့ တရား လွှတ်တော် ရှေ့နေတစ်ဦး ကပြောပါတယ်။

ထောင်ဒဏ် ၁၅ နှစ်ချခံတဲ့ သူ ဦး အနက် ဦးတင်ဝင်းလေး၊ ဦးဖိုးဝ နဲ့ ဦးသန်းဝင်း တို့မှာ နောက်ထပ်တိုးအမှု တွေ ကျန်နေသေးတယ် လို့ ပုသိမ်ခရိုင် တရားရုံး နဲ့ နီးစပ်သူတွေ ထံက ဆက် သိရပါတယ်။

ပြီးခဲ့တဲ့နှစ်ကအဲဒီပစ်ခတ်မှုကိုတော့ ဒေသခံတွေ ကို ခြိမ်းခြောက် ငွေတောင်းပြီး အနိုင်ကျင့် တဲ့အတွက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ပစ်ခတ်မှုကို လုပ်ဆောင်ခဲ့တဲ့ ပုသိမ်ခရိုင် မြို့ပြပြောက် ကျား အဖွဲ့ (PSTF )က သတင်းထုတ်ပြန်ခဲ့ပါတယ်။