ဧရာဝတီဒေါင်းတမာန်အဖွဲ့ရဲ့ စစ်ကျွန်ပညာရေးဆန်ကျင်တဲ့ လှုပ်ရှားမှု

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ် ၊ ရေနံတောင်ကျေးရွာက အထက်တန်းကျောင်းနဲ့ ညောင်းဝိုင်းကျေးရွာက မူလတန်းကျောင်း ရှေ့တွေမှာ နိုင်ငံကို သေဒဏ်ပေးနေသဖြင့် ယနေ့ကျောင်းပိတ်သည် ဆိုတဲ့ စာတမ်းတွေကို ချိတ်ဆွဲတဲ့ လှုပ်ရှားမှုတွေကို ဇွန်လ ၁၃ မနေ့က ညပိုင်းမှာ လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒီလှုပ်ရှားမှုကို ဧရာဝတီတိုင်းဒေါင်းတမာန်အဖွဲ့ လူငယ်တွေက စစ်အာဏာရှင်ဆန့်ကျင်ရေး နဲ့ စစ်ကျွန်ပညာရေးမသင်ကြားစေရေးအတွက် ရည်ရွယ်ပြီး လုပ်ဆောင်တယ်လို့လည်း သိရပါတယ်။