မီဇိုရမ်ပြည်နယ်မှာ လာရောက်ခိုလှုံတဲ့ မြန်မာနိုင်ငံသား တစ်သောင်းကျော်ရှိလာ

၂၈ ၊ ဇွန်လ ၊ ၂၀၂၁ ။

အိမ်နီးချင်း အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်ထဲကို ပြီးခဲ့တဲ့သီတင်းပတ် အနည်းငယ်အတွင်းမှာပဲ လာရောက်ခိုလှုံတဲ့ မြန်မာနိုင်ငံသားအရေအတွက် ၇၀၀ကျော် ရှိတယ်လို့ မီဇိုရမ်ပြည်နယ် ရဲအရာရှိ တစ်ဦးက ဇွန်လ ၂၇ရက်နေ့မှာ ပြောပါတယ်။

အများစုကအရပ်သားတွေ ဖြစ်ကြပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး ၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ ပါဝင်တယ်လို့ သူက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ရက်နောက်ပိုင်း မီဇိုရမ်ပြည်နယ်ထဲ ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသားဦးရေစုစုပေါင်း ၁၀,၀၂၅ ဦးရှိလာပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့အရပ်သားအစိုးရလက်ထက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ချင်းပြည်နယ်ဝန်ကြီးချုပ် Salai Lian Luai ဟာလည်း ဇွန်လ ၁၄ရက်နေ့က မီဇိုရမ်ထဲ လာရောက်ခိုလှုံခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ၂၂ဦးထက်မနည်း ရှိတယ်လို့လည်း ရဲအရာရှိက ဆိုပါတယ်။

မီဇိုရမ်ပြည်နယ်ထဲက ခရိုင် ၁၁ခုအနက် ခရိုင်၁၀ခုမှာ မြန်မာနိုင်ငံသားတွေ နေထိုင်နေကြတယ်လို့ သိရပါတယ်။

Ref – DH

Delta News

Read Previous

ပြန်လွှတ်ပေးတဲ့ လင်းပိုင်တွေ ကမ်းခြေကို ပြန်ရောက်လာ

Read Next

ပုသိမ်မှာ တရက်တည်းကိုဗစ်အတည်ပြုလူနာ(၇၀​)တွေ့ရှိ