ပြန်လွှတ်ပေးတဲ့ လင်းပိုင်တွေ ကမ်းခြေကို ပြန်ရောက်လာ

ဒီနေ့မနက်ပိုင်းက ဧရာဝတီတိုင်း ၊ ရွှေသောင်ယံကမ်းခြေမှာ လာတင်ခဲ့တဲ့ လင်းပိုင်း နှစ်ကောင်ကို ဒေသခံတွေက ပြန်လွှတ်ပေးခဲ့ပေမယ့် မွန်းလွဲပိုင်းမှာ ကမ်းခြေဆီကို ပြန်ရောက်လာတာပါ။

မနက်အစောပိုင်းမှာ သောင်တင်နေတဲ့ ဒေသအခေါ် လင်းရှုး နှစ်ကောင်ကို သဲဖြူကျွန်းအနီး ရေအေးစီးကြောင်းထဲကို ပြန်လွှတ်ပေးခဲ့ပေမယ့် မွန်းလွဲပိုင်းမှာ ရွှေဟင်္သာဟိုတယ်ရှေ့က ကမ်းခြေကို လင်းပိုင်

တစ်ကောင် ထပ်ရောက်လာသလို ညနေ ၃ နာရီခန့်မှာလည်း မနက်က လွှတ်ပေးလိုက်တဲ့ နှစ်ကောင်ထဲက လင်းပိုင်တကောင်က ကမ်းခြေမှာ ထပ်လာတင်ခဲ့တဲ့အတွက် ပင်လယ်ထဲကို ပြန်လွှတ်ပေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီလိုလာတင်တာတော့ ပုံမှန်ပဲဗျ ၊ ဒီအချိန်က ပင်လယ်ရေစီးကြောင်းပြောင်းတဲ့ အချိန်ဆိုတော့ ဖြစ်တတ်တယ် ။ တနှစ်ကဆို ရေနွေးစီးကြောင်းနဲ့ ရေအေးစီးကြောင်းပြောင်းတဲ့ အချိန်မှာ ရေစီးကြောင်းမှားပြီး ပင်လယ်ရေခူတွေ ကမ်းစပ်မှာ အများကြီးလာတင်ဘူးတယ်လို့ ဒေသခံတဦးက မှတ်ချက်ပေးပါတယ် ။

ဧရာဝတီတိုင်းဒေသကြီးထဲက လူသိများတဲ့ ကမ်းခြေတခုဖြစ်တဲ့ ရွှေသောင်ယံကမ်းခြေမှာ ၂၀၂၁ ခုနှစ်အတွင်းမှာ ကမ်းခြေမှာ သောင်တင်ခဲ့တဲ့ လင်းပိုင် လေး​ကာင် ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။