ထိုင်းနဲ့မြန်မာလုပ်သား ၄၅၀​ကျော်မှာ ကိုဗစ်​ရောဂါ​တွေ့

ထိုင်းနိုင်ငံ ၊ မဲ​ဆောက်မြို့က လုပ်သား ၈၄၀အနက် ၄၅၂ဦးမှာ ကိုဗစ်​ရောဂါ စစ်​ဆေး​တွေ့ရှိခဲ့တယ်လို့ ထိုင်းသတင်းဌာန The Nation က ဒီ​​နေ့ ဇွန်လ ၂၇ရက်​နေ့မှာ ​ဖော်ပြပါတယ်။

ဒါဟာ တစ်ရက်တည်း ကိုဗစ်လူနာအ​ရေအတွက် အများဆုံး ဖြစ်ပါတယ်။

 

ကိုဗစ်လူနာ​တွေထဲမှာ မြန်မာ​ရွေ့​ပြောင်းလုပ်သား​တွေနဲ့ ထိုင်းနိုင်ငံသား​တွေ ပါဝင်တယ်လို့ @doctormaesot ​ဖေ့ဘုတ်စာမျက်နှာက ​ဖော်ပြပါတယ်။

 

ကိုဗစ်လူနာ​တွေကို သက်ဆိုင်ရာအလိုက်ခွဲပြီး ​ဆေးရုံ​တွေကို ပို့​ဆောင်သွားမယ်လို့ သိရပါတယ်။

 

ထိုင်းနိုင်ငံမှာ ကိုဗစ်လူနာ ၂၄၄,၀၀၀ကျော်နဲ့ ​သေဆုံးသူအ​ရေအတွက် ၁၉၀၀ ​ကျော် ရှိလာပြီ ဖြစ်ပါတယ်။

Ref – The Nation Thailand

Delta News

Read Previous

ဗိုလ်ထွန်းတောက်နိုင် တကယ်အဖမ်းခံရတာလား

Read Next

ပြန်လွှတ်ပေးတဲ့ လင်းပိုင်တွေ ကမ်းခြေကို ပြန်ရောက်လာ

Most Popular