ကန်ကြီးထောင့်က ဒလန် အသတ်ခံရတာနဲ့ပက်သက်ပြီး အပြစ်မဲ့ပြည်သူတွေ အဖမ်းခံထားရတယ်လို့ STF KGD ကြေညာ

၃၁  ၊ သြဂုတ်လ ၊ ၂၀၂၁ ။

ကန်ကြီးထောင့်မြို့မှာ ဒလန်လို့ နာမည်ကြီးနေသူ မောင်မြင့် အသတ်ခံရတာနဲ့ ပက်သက်ပြီး အပြစ်မဲ့ပြည်သူတွေ အဖမ်းဆီးခံထားရတဲ့အတွက် စိတ်မကောင်းဖြစ်မိကြောင်း ကန်ကြီးထောင့်မြို့ပြ ပြောက်ကျားအဖွဲ့ STF KGD က ဩဂုတ်လ ၃၁ရက်နေ့မှာ သူတို့ရဲ့ Facebook စာမျက်နှာကနေတဆင့် ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ကိုမောင်မြင့်ကို သုတ်သင်ခဲ့သူဟာ STF KGD အဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ကန်ကြီးထောင့်မြို့က ဒလန်တွေကို ပထမဆုံးအကြိမ်အဖြစ်နဲ့ သတိပေးလုပ်ဆောင်ခဲ့တာလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အခုဖမ်းဆီးခံထားသူတွေဟာ STF KGD အဖွဲ့က မဟုတ်ဘဲ အပြစ်မဲ့ ပြည်သူတွေကို အကြမ်းဖက်စစ်အုပ်စုက မတရားအမှုဆင်ပြီးတော့ ဖမ်းဆီးထားတာဖြစ်တယ်လို့ STF KGD ပြောပါတယ်။