ဒီကနေ့ ပုသိမ်ကိုဗစ်လူနာ (၁၈)ဦးသေဆုံး 

၉၊ ဩဂုတ်လ၊ ၂၀၂၁။

ပုသိမ်မြို့မှာ သြဂုတ်လ ၉ရက်နေ့က ကိုဗစ်လူနာ (၁၈)ဦး သေဆုံးခဲ့တယ်လို့ မနောဖြူ လူမှုကူညီရေးအဖွဲ့ရဲ့ မီးသင်္ဂြိုဟ်မှု မှတ်တမ်းတွေအရ သိရပါတယ်။

ပုသိမ်ဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူနေရင်း သေဆုံးသူ (၅)ဦး ၊စစ်တပ်မဆရ(၄)ဆေးရုံက(၂)ဦး၊ နေအိမ်တွေမှာ ဆေးဝါးကုသရင်း သေဆုံးခဲ့သူ (၁၁)ဦးရှိခဲ့တယ်လို့ သိရပါတယ်။

 

ကိုဗစ်ကပ်ရောဂါတတိယလှိုင်းအတွင်း ဇူလိုင်လ တလလုံး ပုသိမ်မြို့မှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ (၈၁၀)ဦး ရှိပြီး သြဂုတ်လဒီနေ့ထိသေဆုံးသူ (၁၆၉)ဦးအပါအ၀င် စုစုပေါင်း (၉၇၉)ဦးထိရှိလာပြီ ဖြစ်ပါတယ်။

Delta News Agency

Read Previous

စစ်အုပ်စုက ကိုဗစ်ကပ်ဘေးကို လက်နက်သဖွယ်သုံးနေလို့ အသက်ဆုံးရှုံးမှုတွေ များနေရတယ်လို့ KHRG ထုတ်ပြန်

Read Next

လပွတ္တာမြို့မှာ လင်မယားချင်းရန်ဖြစ်ရာမှ အမျိုးသားဖြစ်သူသေဆုံး