နိုင်ငံရေး

လက်နက်ကြီးအန္တရာယ် သတိပြုရမယ့်အချက်တွေကို NUG အစိုးရ ထုတ်ပြန်

၂၊ စက်တင်ဘာလ၊ ၂၀၂၁။ လက်နက်ကြီးပစ်ခတ်ခံရနိုင်တဲ့ ဒေသတွေက ပြည်သူတွေ သတိပြုရမယ့်အချက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ ရေး ဝန်ကြီးဌာနက မနေ့က စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဝန်ကြီးဌာနအနေနဲ့ ပဋိပက္ခတွေအတွင်း ပြည်သူတွေ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လူမျိုးစုတစ်စုအပေါ် မတရားကျူးလွန်မှုဟာ အခြားလူမျိုးအပေါ်ကိုလည်း ကျူးလွန်ရာ ရောက်တယ်လို့ ရိုဟင်ဂျာအရေးနဲ့ ပတ်သတ်ပြီး NUG ဒုဝန်ကြီးပြော

၂၅၊ ဩဂုတ်လ၊ ၂၀၂၁။ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်ခံရခြင်း ပြန်လည်အမှတ်ရခြင်း လေးနှစ်ပြည့် နှစ်ပတ်လည်နေ့နဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ် ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်က ဩဂုတ်လ ၂၄ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့ ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

NUG က အခွန်ကောက်တော့မယ်

၂၄ ၊ သြဂုတ်လ ၊ ၂၀၂၁ ။ တော်လှန်ရေးကို သက်ဝင်ယုံကြည်တဲ့ လုပ်ငန်းရှင်တွေအတွက် လမ်းဖွင့်ပေးတဲ့ အခွန်စနစ်တခု မကြာခင်မှာ မိတ်ဆက်ပေးသွားမယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရအဖွဲ့ စီမံကိန်း ဘဏ္ဍာရေး နှင့်ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အောင်ဘာလေထီကို မရောင်းဖို့ ထီလုပ်ငန်းရှင်ကြီးတွေကို NUG သတိပေး 

၂၁၊ ဩဂုတ်လ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုက ရောင်းချနေတဲ့ အောင်ဘာလေထီဟာ ဥပဒေတွေအရ ဖျက်သိမ်းပြီးဖြစ်တာကြောင့် တရားမဝင်လောင်းကစားလုပ်ငန်းတစ်ခုသာဖြစ်ပြီး ဝယ်ယူရောင်းချဖြန့်ဖြူးခြင်း လုပ်ဆောင်ပါက တည်ဆဲဥပဒေတွေအရ အရေးယူဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက ဩဂုတ်လ ၂၁ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

Radio NUG ထုတ်လွှင့်မှုကို ယာယီရပ်နားထားမယ်

၂၁ ၊ ဩဂုတ်လ ၊ ၂၀၂၁ ။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ Radio NUG ကို ယာယီရပ်နားပြီးမှ ပြန်လည်ထုတ်လွှင့်မယ်လို့ ဒီနေ့ ဩဂုတ်လ ၂၁ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ ဆက်သွယ်ရေး ၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာနက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

နိုင်ငံတကာရာဇဝတ်ခုံရုံးရဲ့ တရားစီရင်ပိုင်ခွင့်ကို လက်ခံတယ်လို့ NUG ထုတ်ပြန်

၂၀၊ ဩဂုတ်လ၊ ၂၀၂၁။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေနဲ့ မြန်မာနိုင်ငံမှာ စစ်တပ်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအားလုံးအတွက် တရားမျှတမှုကို ဖော်ဆောင်ဖို့ ကြိုးပမ်းနေသလို နိုင်ငံတကာ ရာဇဝတ်ခုံရုံးရဲ့ တရားစီရင်ခွင့်ကိုလည်း လက်ခံတယ်လို့ ဩဂုတ် ၂၀ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတ [ဆက်လက်ဖတ်ရှုရန်]

စီးပွားရေးကဏ္ဍ

စျေးကွက်အတွင်း ရေဒီယိုရောင်းအား စံချိန်တင်မြင့်တက်

၂၀၊ ဩဂုတ်လ၊ ၂၀၂၁။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရဲ့ ပြန်ကြားရေးမီဒီယာတစ်ခုဖြစ်တဲ့ NUGရေဒီယိုချန်နယ်ကို ဒီကနေ့ ဩဂုတ်လ ၂၀ရက်နေ့ မနက်ပိုင်းမှာ စတင်စမ်းသပ်ထုတ်လွှင့်ခဲ့ပြီးနောက် စျေးကွက်အတွင်းမှာ ရေဒီယိုရောင်းအား စံချိန်တင်မြင့်တက်ခဲ့ပြီး လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တွေမှာ ရေဒီယိုတွေ ပြတ်လပ်သွားတဲ့အထိ ဖြစ်ခဲ့ပါတယ်။ “10 Band [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နွေဦးထီရောင်းချမှုကို ယာယီရပ်နားမယ်

၁၈၊ ဩဂုတ်လ၊ ၂၀၂၁။ အမျိုးသားညီညွတ်ရေးအစိုးရ ၊ စီမံကိန်း ၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက စီစဉ်တဲ့ အောင်လံလွှင့်ချီ နွေဦးထီရောင်းချမှုကို ဩဂုတ်လ ၂၀ရက်နေ့ကစပြီး ခေတ္တရပ်နားထားမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ စမ်းသပ်ကာလ ပထမအဆင့်အနေနဲ့ ဩဂုတ်လ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တိုင်းရင်းသားအများစုပါဝင်တဲ့ အမျိုးသားကျန်းမာရေးကော်မတီ

၁၇၊ ဩဂုတ်လ၊ ၂၀၂၁။ တိုင်းသားအများစုပါဝင်တဲ့ အမျိုးသားကျန်းမာရေးကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ဩဂုတ်လ ၁၆ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ အမျိုးသားကျန်းမာရေးကော်မတီမှာ ဒေါက်တာစင်သီယာမောင်ပါဝင်တဲ့ အတိုင်ပင်ခံအဖွဲ့နဲ့အတူ ပဒိုမန်းမန်းက ဥက္ကဌအဖြစ်တာဝန်ယူပြီး တိုင်းရင်းသားလူမျိုးအများစုနဲ့ ဖွဲ့စည်းလိုက်တာပဲဖြစ်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စု ကျန်းမာရေးမူဝါဒ [ဆက်လက်ဖတ်ရှုရန်]

နွေဦးထီ
စီးပွားရေးကဏ္ဍ

နာရီပိုင်းအတွင်း ရောင်းကုန်သွားတဲ့ နွေဦးထီ

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ဒီကနေ့ ဩဂုတ်လ ၁၅ရက်နေ့ ညနေ ၄နာရီမှာ စတင်ရောင်းချခဲ့တဲ့ အောင်လံလွှင်ချီနွေဦးထီဟာ ရောင်းချပြီး တစ်နာရီကျော်ကြာမှာပဲ ရောင်းချဖို့သတ်မှတ်ထားတဲ့ ပမာဏပြည့်သွားခဲ့တယ်လို့ ထီရောင်းချတဲ့ websiteမှာ ဖော်ပြထားပါတယ်။ ဒီကနေ့ရောင်းချဖို့ သတ်မှတ်ထားတဲ့ အစောင်ရေဟာ ငါးသောင်းဖြစ်ပြီးတော့ နာရီပိုင်းအတွင်းမှာပဲ [ဆက်လက်ဖတ်ရှုရန်]