စစ်အုပ်စုကို စစ်လက်နက်ပစ္စည်းဝယ်ယူရေးအတွက် ကူညီနေတဲ့ အစိုးရ၊အဖွဲ့အစည်းတွေကို NUG ကန့်ကွက်

၅၊ စက်တင်ဘာလ၊ ၂၀၂၁။

အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုဟာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို သာလွန်အင်အားနဲ့ စစ်ရေးဆောင်ရွက်နေပြီး စစ်ရာဇဝတ်မှုတွေကို ဆက်တိုက်ကျူးလွန်နေတာကြောင့် အကြမ်းဖက်စစ်အုပ်စုကို စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူရေးအတွက် ကူညီနေတဲ့ ၊ အစိုးရနဲ့ အဖွဲ့အစည်းတွေကို ပြင်းထန်စွာ ကန့်ကွက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က စက်တင်ဘာလ ၅ရက်နေ့မှာ ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်ပါတယ်။

 

နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့လည်း အကြမ်းဖက်စစ်အုပ်စုရဲ့ ထိုးစစ်တွေ အမြန်ဆုံး ရပ်တန့်ရေး၊ အပြစ်မဲ့ပြည်သူတွေကို ဖိနှိပ်နေတာတွေ အဆုံးသတ်ရေးအတွက် အာဏာသိမ်းမှု အဆုံးသတ်ပြီး ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို တာဝန်ခံလာမှုရှိစေရေးအတွက် ဆောင်ရွက်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ကြေညာချက်မှာ ထည့်သွင်းတောင်းဆိုခဲ့ပါတယ်။

Delta News Agency

Read Previous

စစ်အာဏာရှင်ဆန့်ကျင်သူတွေကို ကူညီမယ်လို့ KNLA စစ်ဦးစီးချုပ်ဆို

Read Next

အ​မေရိကန်က ​မြန်မာ​ကောင်စစ်ဝန်ရုံးကို ​သွေးနီကမ်ပိန်းပြုလုပ်ဆန္ဒပြ