၅၊ စက်တင်ဘာလ၊ ၂၀၂၁။
အမေရိကန်နိုင်ငံ ဝါရှင်တန် ဒီစီမြို့အခြေစိုက် အာဏာသိမ်းစစ်အုပ်စုရဲ့ လက်အောက်ခံ
မြန်မာကောင်စစ်ဝင်ရုံးကို အဝေးရောက် မြန်မာလူငယ်တွေက သွေးနီကမ်ပိန်း (Red Blood Campaign) ပြုလုပ် ဆန္ဒပြခဲ့ကြပါတယ်။
စက်တင်ဘာ ၃ရက်နေ့ ညပိုင်းက မြန်မာကောင်စစ်ဝန်ရုံးရှေ့မှာ ဆေးအနီတွေနဲ့ ပက်ဖျန်းခဲ့ကြတာပါ။
မြန်မာပြည်တွင်းက အပြစ်မဲ့ပြည်သူတွေကို နေ့စဥ် မတရား ရိုက်နှက် ဖမ်းဆီး သတ်ဖြတ်နေတဲ့ စစ်အုပ်စုကို မြန်မာပြည်သူတွေအတူ အဆုံးတိုင် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြတာလို့ သိရပါတယ်။