ကိုဗစ်စည်းကမ်း​ဖောက်လို့ဆိုပြီး ဘရာဇီး – အာဂျင်တီနား ကမ္ဘာ့ဖလား​ခြေစစ်ပွဲပျက်

၆၊ စက်တင်ဘာလ၊ ၂၀၂၁။

ဒီကနေ့ မနက် ၁နာရီခွဲ အချိန်မှာ ကစားခဲ့တဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲ ဘရာဇီး-အာဂျင်တီနား ပွဲစဉ်ဟာ အာဂျင်တီးနား ကစားသမား ၄ ဦး ကိုဗစ် ကျန်းမာရေး စည်းကမ်းဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပွဲပျက်ခဲ့ပါတယ်။

ပွဲအစ ၄ မိနစ်မှာပဲ ဘရာဇီးအာဏာပိုင်တွေက အာဂျင်တီးနားကစားသမား ၄ ဦးကို ကွင်းအပြင်ကို ဆွဲထုတ်ဖို့ ကြိုးပမ်းခဲ့တာကြောင့် ပွဲစဉ်ဟာ ရှုပ်ထွေးခဲ့ပြီး နောက်ဆုံးမှာ ပွဲကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။

အာဂျင်တီးနား ကစားသမား ၄ ဦးဖြစ်တဲ့ ရိုမဲရိုး၊ ဘွမ်ဒီယာ၊ ဆယ်လ်ဆိုနဲ့ ဂိုးသမားမာတီနက်ဇ်တို့ဟာ ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာခြင်းမရှိဘဲ

ဘရာဇီးလ်နိုင်ငံအတွင်းကို လိမ်လည်ဝင်ရောက်လာခဲ့တယ်ဆိုတာကို ပွဲမစခင် နာရီပိုင်းအလိုမှာ ဘရာဇီးအာဏာပိုင်တွေက သိရှိခဲ့တယ် မာကာသတင်းဌာနကဖော်ပြပါတယ်။

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက “ကျွန်တော်တို့ ဘရာဇီးကို ရောက်တာ လွန်ခဲ့တဲ့ ၃ ရက်ကတည်းကပါ။ အဲ့ဒီ ကတည်းက ဖယ်ရှားလိုက်လို့ရပါတယ်။ အခုတော့ အားလုံး ပွဲကို ဖျက်ဆီးလိုက်တာပဲ”လို့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကို ပြောပါတယ်။

လက်ရှိမှာတော့ နှစ်သင်း ပြန်လည် ကစားရမယ့် အချိန်ကို အသိပေးထားတာတွေမရှိသေးပါဘူး။