ရေဦးက စစ်အုပ်စုခန့် အုပ်ကြီး ဓားခုတ်ခံရပြီး သေ

၆၊ စက်တင်ဘာလ၊ ၂၀၂၁။

ရေဦးမြို့နယ် ချောင်းရှည်ကျေးရွာအုပ်စု အင်တိုင်းကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုက ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသောင်းဦးကို စက်တင်ဘာလ ၅ရက်နေ့ ညနေ ၆နာရီခန့်က အမည်မသိလူတစ်စုက ဓားနဲ့ခုတ်လို့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

“အဲ့လူက ကြံဖွံပါတီက ပါတီဝင် ၊ စစ်တပ်က ခန့်ထားတာ၊ အခုရက်ထဲ အုပ်ကြီးတွေ ဖောင်းဒိုင်းခံရတယ်ကြားမှ နှုတ်ထွက်ချင်ပါတယ်ဆိုပြီး

စာတင်သေးတယ်၊ သူ့အကြောင်းသိတဲ့ သူတွေက ဝိုင်းပြီး ပိုင်းပလိုက်တာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတွေမှာ အပြစ်မဲ့ပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်တာ နေအိမ်တွေကို ဖျက်ဆီးပြီး ပစ္စည်းတွေကို လုယူတာတွေ ဆက်တိုက်လုပ်ဆောင်နေသလို သူတို့ရဲ့ ဒလန်သတင်းပေးတွေကလည်း အပြစ်မဲ့ ချောက်ချဖမ်းဆီးခိုင်းထားတွေ လုပ်ဆောင်နေပါတယ်။