ကန်ကြီးထောင့်မှာ မတရားဖမ်းတာတွေရပ်တန့်ဖို့ မြို့ပြပြောက်ကျားသတိပေး

၆၊ စက်တင်ဘာလ၊ ၂၀၂၁။

ကန်ကြီးထောင့်မြို့မှာ ဒလန် မောင်မြင့် အသတ်ခံရတာနဲ့ ပက်သက်ပြီး အပြစ်မဲ့ပြည်သူတွေဖမ်းဆီးနေတာတွေရပ်တန့်ဖို့ ကန်ကြီးထောင့်မြို့ပြပြောက်ကျားအဖွဲ့က သတိပေးလိုက်ပါတယ်။

မြို့ပြပြောက်ကျားအဖွဲ့က မြို့နယ်အတွင်းမှာနေထိုင်တဲ့ ဒလန်တွေကို သေနတ်တစ်လက် ကျည်ဆံတစ်ထောင့်နဲ့ စက်တင်ဘာလ ၅ ရက်နေ့ညမှာ သူတို့ရဲ့ အွန်လိုင်းစာမျက်နှာကတဆင့် သတိပေးလိုက်တာပါ။


ကန်ကြီးထောင့်မြို့မှာ သြဂုတ်လ ၂၉ ရက်နေ့မနက်ပိုင်း ဒလန်မောင်မြင့်အသတ်ခံရပြီးနောက်ပိုင်း မတရား ဖမ်းဆီးခံရသူတွေများလာတာနဲ့ ရဲသတင်းပေး ဒလန်တွေ ရပ်တန်းကရပ်ဖို့ ခုလိုသတိပေးတာလို့လည်း STF KGD ကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဒလန်မောင်မြင့် အသတ်ခံရပြီးနောက်ပိုင်း မတရား ဖမ်းဆီးခံရသူဆယ်ဦးကျော်ထိ ရှိနေပြီး ဖမ်းဆီးခံထားရသူတွေဟာ STF KGD နဲ့ ပက်သက်ခြင်းမရှိတဲ့ အပြစ်မဲ့ ပြည်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။